မန်ရှူးကျမ်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၀န် +ဝန်)
စာကြောင်း ၄၀ -
===သုံးသပ်ချက် ၁===
====နန်စောနှင့် ပျူတို့၏နေရပ်====
မန်ရှူးကျမ်းမှာ “မန်” MAN ဟူသော ဝေါဟာရကို ကျမ်းတစ်စောင်လုံးမှာ တွေ့ရ၏ ။ မျိုးနွယ်စုအမည်ကိုတပ်၍ တွဲရေးသော “မန်"ကလွဲလျှင် “မန်”ဟူသောဝေါဟာရသည် ယေဘုယျအားဖြင့် “နန်စောသား”တို့ကို ရည်ညွှန်းသည်။ ဤအပိုဒ်မှာရှိသော “မန်”လည်းဤသို့ ဖြစ်၏။ တိုက်ရိုက်ပြန်ဆိုလျှင် “အရိုင်း”ဟု အနက်ထွက်သည်။ ထိုခေတ် ထိုအခါတွင် ယုန်ချန်း(င်)မြို့သည် နန်စောတို့၏ နယ်မြေတွင် ရှိသဖြင့် “အရိုင်းတို့၏ ယုန်ချန်း(င်)မြို့”ဟု ဆိုလိုက်ဖြစ်၏။ မြန်မာတို့သိသော ဝန်စင်/ ၀န်ဆင်ဝန်ဆင်/ ရုံဆင်/ ရုံရှံ ဖြစ်၍ တိုင်း TAI တို့သိသော WAN-CANG/ WAN-CH'ANG/ WAN-SANG ပင်တည်း။ ၁၉ ရာစုတွင် တိုင်းတို့က MONG CHIANG ဟု ခေါ်တွင်သည်။ ယနေ့ ပေါင်ရှန်း ဖြစ်၏။ “ယုန်ချန်း(င်) တောင်ဘက်"ကို “ယုန်ချန်း(င်) အနောက်တောင်ဘက်”ဟူ၍ ပြင်ဆင် ဖတ်ရှုရမည်ဖြစ်သည်။ ထန်မင်းဆက် အုပ်ချုပ်ပုံစာတမ်းမှာ “အနောက်တောင်ဘက်”ဟု ပြ၏။ တရုတ်မှတ်တမ်းများတွင် ပျူမြို့တော်အမည်ကို ထင်ရှားစွာ ဖေါ်ပြထားခြင်း မရှိချေ။ ဤအပိုဒ်တွင် ပျူမြို့တော်၏ တည်နေရာကို ညွှန်ပြသော အချက်တစ်ချက်ရှိသည်။ ဤကား “(မြို့တော်)အနောက်ဘက်သို့လားသော်၊ ရှဲ့လီမြို့သို့ ခရီးထောက် နှစ်ဆယ်ရက်ဖြစ်၏” ဟူသောစကားရပ်ပင်တည်း။ “အနောက်” ဟူသော စကားကို “အနောက်မြောက်” ဟု ပြင်ဆင် ဖတ်ရှုရမည် ဖြစ်သည်။ “မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လိမြို့”သို့ ရက်ပေါင်း နှစ်ဆယ်သွားရကြောင်း ဆိုလိုသည်။ မြို့တော် အနောက်မြောက်ဘက်ရှိ ရှဲ့လီမြို့သည် ယခု ရခိုင်ပြည်နယ် ဝေသာလီပင် ဖြစ်၏။
 
====ဝေသာလီ (ရှဲ့လီ)====