ဘာသာဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး merge articles
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီစစ် +စိစစ်)
စာကြောင်း ၁၃ -
သို့သော် စကားဇာစ်မြစ်ပညာရပ်၌လည်းကောင်း၊ ဘာသာအချင်းချင်း ဆက်သွယ်ပုံ၌လည်းကောင်း လမ်းမှားလိုက်ခဲ့သည်။ ဘာသာခြားစကားတို့သည် လူရိုင်းတို့၏ စကားဖြစ်သည်ဟူ၍ အယူရှိသဖြင့် မိမိတို့၏ ဒေသန္တရ ဘာသာစကားများမှလွဲ၍ အခြားဘာသာစကားများကို လေ့လာဆန်းစစ်ခြင်း မပြုခဲ့ကြပေ။ စကားလုံး၏ အရင်းအမြစ်ကို ရှာဖွေရာ၌ မည်သည်က ဓာတု၊ မည်သည်က ဝိဘတ်ဟူ၍ သက္ကတကျမ်းပြု ဆရာတို့သိကြ သကဲ့သို့ဂရိဆရာတို့ခွဲခြားမသိကြချေ။ ခရစ်ယာန်အယူဝါဒ ပျံ့နှံ့လာသောအခါ ဘာသာစကား လေ့လာမှုသည် တိုးတက်လာသည်။ ခရစ်ယာန်ဝါဒပျံ့နှံ့ရေးအတွက် ဂရိ၊ ရောမတို့ကဲ့သို့လူယဉ်ကျေးများနှင့် လူရိုင်းများ၏ အကြားရှိ အတန်းစားခွဲခြားမှုကဲ့သို့ အတားအဆီးများကို ဖြိုဖျက်ကြသည်။ ထိုအခါ မိမိတို့ဘာသာစကားမှအပ အခြားဘာသာစကားများကို သိရှိနားလည်လာကြသော်လည်း ဘာသာစကား အချင်းချင်း ဆက်သွယ်ပုံကို သိပ္ပံနည်းကျကျ မလေ့လာ မစူးစမ်းခဲ့ကြသေးပေ။ ပုံနှိပ်အတတ်ပေါ်လာပြီးသည့်နောက်တွင် ဘာသာစကား တစ်ခုနှင့် တစ်ခု နှိုင်းယှဉ်လေ့လာရန် လွယ်ကူလာခဲ့ပေသည်။ သို့သော် ဘာသာစကား တစ်ခုနှင့်တစ်ခု နှိုင်းယှဉ်၍ လေ့လာ ဆန်းစစ်ခြင်းကို ၁၈ ရာစုခေတ်တွင်မှ စံနစ်တကျ ပြုလုပ်ခဲ့ကြလေသည်။
 
ယခုအခါ နိုင်ငံများစွာမှ ပညာရှင်တို့သည် ထိုပညာရပ်ကို လေ့လာဆောင်ရွက်လျက် ရှိကြလေသည်။ ယင်းသို့စနစ်တကျ နှိုင်းယှဉ်ဆန်းစစ်ရာ၌ ကမ္ဘာတစ်ဝန်း၌ ပြောဆိုရေးသားလျက် ရှိကြသော ဘာသာစကားတို့သည် အရေအတွက်အားဖြင့် အလွန်များပြား လှပေရာ ယင်းတို့ကို လေ့လာစီစစ်ရန်လေ့လာစိစစ်ရန် မလွယ်ကူလှပေ။ သို့ဖြစ်စေကာမူ ဝါကျဖွဲ့ပုံဖွဲ့နည်းကို အမှီပြု၍ အောက်ပါအတိုင်း ၄ မျိုး ၄ စား ခွဲခြားထားကြသည်။
 
===(က) နေရာမရွေး၊ သို့မဟုတ် တသီးပုဂ္ဂလ၊သို့မဟုတ် ဧကဝဏ္ဏဘာသာစကား===