နဂါး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အခန်းအနား +အခမ်းအနား)
စာကြောင်း ၈၆ -
မဟာဗြရတ္တကျမ်းတွင် ညီအစ်ကို ဝမ်းကွဲ တော်စပ်သူ နဂါးနှင့် ဂဠုန်တို့၏ ရန်ညှိး ဖွဲ့တည်ပုံ အားလည်း ဖေါ်ပြထားသည်။ ဖန်ဆင်းရှင်ဗြဟ္မသည် ကမ္ဘာနှင့် သက်ရှိသက်မဲ့ တို့အားဖန်ဆင်းရာတွင် ကူညီရန် ရီရှိ(rishi)ခေါ် ပညာရှိကြီး၁၀ဦးအား ဦးစွာ ဖန်ဆင်း သည်။ ထို၁၀ဦးအနက် ကရှက်ပ(Kashyapa) မှာ တစ်ဦးအပါအဝင် ဖြစ်ပြီး ဗိနတ္တ (vinata) နှင့် ကဒရူ (kadru) ဟူသော ညီအမ တော်စပ်သူ မယားနှစ်ဦး ရှိသည်။ ဗိနတ္တမှာ ခွန်အားကြီးသော သားအနည်းငယ်သာ လိုချင်သူဖြစ်ပြီး၊ ကဒရူမှာ သားပေါင်း မြောက်များစွာကို တောင့်တသူဖြစ်သည်။ အချိန်တန်သော် ဗိနတ္တတွင် ဥနှစ်လုံးရ၍ နေနတ်သား နှင့်ဂဠုန်တို့ ပေါက်ဖွါးလာကြသည်။ ကဒရူတွင် ဥပေါင်းတစ်ထောင်ရ၍ နဂါးများ ပေါက်ဖွားလာကြသည်။
 
ဂဠုန်၏မိခင် ဗိနတ္တသည် ညီမဖြစ်သူ ကဒရူနှင့် မိုက်မဲသော အလောင်းအစားပြုလုပ်ရာမှ ရှုံးနိမ့်ကာ ကျွန်အဖြစ်ရောက်ရှိ သွားသည်။ ထို့ကြောင့် ဂဠုန်မှ နဂါးတို့ထံ ချည်းကပ် ကာကျွန်အဖြစ်မှ မည့်သည့်အရာနှင့် ပြန်လည်ဝယ်ယူ ရမည်နည်းဟု မေးမြန်းရာ နတ်ပြည်ရှိ မသေဆေး ပျားရည်ကို ဆောင်ယူ ရမည်ဟု ဖြေသည်။ ဂဠုန်သည် နတ်ပျား ရည်ကို အခက်အခဲအမျိုးမျိုး ကျော်ဖြတ်၍ ဆောင်ယူအပြီး နဂါးတို့အား ပေးကာ မသောက်သုံးမှီ ပူဇော်မှု အခန်းအနားပြုရန်ပါအခမ်းအနားပြုရန်ပါ လှည့်ဖြားတိုက်တွန်းသည်။ နဂါးတို့ ပူဇော်မှု ဆောင်ရွက်နေချိန် တွင်အိန္ဒြာသိကြားမှာ နတ်ပျားရည် အားပြန်လည် ဆောင်ယူသွားတော့သည်။ သို့သော် ပျားရည်အိုးမှ ဖိတ်စင်ကျ လာသော ပျားရည်စက် အကြွင်း အကျန် များမှာ မြက်ခင်းပြင် ပေါ်တွင် ကျန်ခဲ့ရာ နဂါးတို့ လျှာဖြင့်လျက် ရာမှ ထာ၀ရအသက်ကို ရလာသည် ဟုဆိုသည်။ ထိုသို့မြက်ကို လျက်ခြင်းကြောင့် မြက်ပင်တို့ဖြင့် ထိရှကာ လျှာနှစ်ခွ ဖြစ်ရသည် ဟုလည်း ဆိုထားသည်။
 
== မြန်မာ့နဂါး သမိုင်း ==
"https://my.wikipedia.org/wiki/နဂါး" မှ ရယူရန်