ရှမ်းလူမျိုး: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရလာဒ် +ရလဒ်, -စီစစ် +စိစစ်)
စာကြောင်း ၈ -
[[File:Shannnnnnn.jpg|thumb|ရှမ်းပြည်နယ် မြေပုံ]]
 
[[တရုတ်ပြည်]]ကို မွန်ဂို (တာတာ) တို့က ၁၁ ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၎င်း ရှမ်း-တိုင် တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ်ရလဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ ရှမ်းလူမျိုးအဖြစ် ပေါ်ထွက်လာကြသည်။ ၁၃ ရာစုတွင် အလုံးအရင်းဖြင့် တောင်ဖက်တလွှားသို့ ဆင်းလာကြရာ အနောက်ဖက် အိန္ဒိယနိုင်ငံ အာသံပြည်နယ်မှသည် မြန်မာနိုင်ငံ မြောက်ဖက်နှင့် အလယ်ပိုင်းဒေသများ အပါဝင်၊ လာအို၊ [[ထိုင်းနိုင်ငံ|ထိုင်း]]နှင့် [[ဗီယက်နမ်နိုင်ငံ]] မြောက်ဖက်ပိုင်း အထိကျယ်ပြန့်စွာ အခြေချကာနေထိုင်ကြသည်။
 
မြန်မာနိုင်ငံတွင် ရှမ်းပြည်နယ်မှ ရှမ်းလူမျိုးများအဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော (မှုန်း) လူမျိုးများအဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်းလူမျိုးများအဖြစ်လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။ သို့သော် ရှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင် ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့်အတွက် လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြသည်။
စာကြောင်း ၃၃ -
တရုတ်ပြည်တွင် Hia (ဟိရ)မင်းဆက်ကို ဖြိုဖျက်ခဲ့သော ကုန်သည်များ ဟူ၍ အဓိပ္ပါယ်ရှိသည့် Shang (ရှံ) လူမျိုးများမှ ရှမ်းလူမျိုးများနှင့် ဆက်သွယ်ကြကြောင်း၊ တရုတ်ပြည်အလယ်ပိုင်းတွင် နေထိုင်ခဲ့သော အရင်းမူလ တစ်မျိုးတည်း ဖြစ်ခဲ့သည့် တိုင်းရင်းသား လူမျိုးစုတို့၏ ဝေါဟာရများတွင် Tchang (ဆန်) Saing (ဆိုင်) Shen(ရှင်) Sien(စီရင်) အစရှိသော အမည်များနှင့် များစွာ တူညီသော အမည်များ တွေ့ရှိရကြောင်း ရေးသားထားသည်ကို တွေ့ရသည်။
 
၎င်း၏ အဆိုကို ကျနစွာစီစစ်ကြည့်လျှင်ကျနစွာစိစစ်ကြည့်လျှင် သျှာမ်း ဟူသော အမည်နာမသည် ကုန်သည်များဟူ၍ အဓိပ္ပါယ်ရသည့် Shang (ရှံ)မှ ဆင်းသက်လာသော အမည်များအနက် နောက်ဆုံးခေါ်တွင် ကျန်ရစ်ခဲ့သော အမည်ဖြစ်သည်ဟု မှတ်ယူဖွယ်ရာ ရှိပေသည်။ <ref>ခေမိန္ဒ(ဦး) မိုးမိတ်ရာဇဝင်တော်ကြီး၊ နှာ-၂၄-၂၅။</ref>
ဘီစီ ၁၁၂၂-ခုနှစ်တွင် တရုတ် (Shang) ဟု အမည်ရလာသည်ဟုလည်း ဆိုသည်။<ref>Hsen(Khur), The Origin of Tais and A Short History of Shan.P.10</ref>