ပုပ္ပါးတောင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၆၄ -
ပုပ္ပားသည် နတ်တောင်ဖြစ်လာသကဲ့သို့ ပုဂံမင်းဆက်တွင် ပုပ္ပားစောရဟန်းမင်းဟူ၍လည်း မင်းတပါးရှိခဲ့ဖူးရာ ထိုမင်းသည် ပုပ္ပားသားဖြစ်ပြီး ထိုနယ်၏ ကျောထောက်နောက်ခံဖြင့် မင်းဖြစ်လာခဲ့ဟန် တူပါသည်။ ရာဇဝင်တော်ကြီး တွင် ယင်းမင်းဖြစ်ပုံကို အသေအချာဖော်ပြမထားပေ။ သို့သော် ဥမျိုးမင်းမျိုးမှ ဆင်းသက်လာသူ မဟုတ်သောကြောင့် မဟာဂီရိနတ်က စကားမပြောဟုဆိုသဖြင့် ယင်းဒဏ္ဍာရီ၏နောက်တွင် တွေးတောစရာများ များစွာ တွေ့ရှိရသည်။ ရာဇဝင်ဆရာကြီး တွင်းသင်းတိုက်ဝန် မဟာစည်သူ (ဦးထွန်းညို) ကမူ ယင်း၏ရာဇဝင်သစ်၌ ဤသို့ဖော်ပြခဲ့ပေသည်။
 
ဥမျိုးမဟုတ်ဖြစ်၍ မဟာဂီရိနတ်မထွက်၊ စကားမဆို၊ ပူဇော်ပသဖိုု့ပူဇော်ပသဖို့ ချက်သော ကျွဲသား၊ နွားသား၊ ဝက်သား၊ ဆိတ်သား တို့လည်း မကျက်ရှိလေ၍ ပညာရှိတို့ကို မေးတော်မူသောအခါ “မင်းရိုးမဟုတ်သောကြောင့် နတ်မင်း စကားမဆိုသည်၊ အမဲသား ငါးလည်း ကျက်မြဲမကျက်သည်” ဟုလျှောက်သဖြင့် မင်းရိုးမင်းစဉ် မပျက်ကောင်း ပလေဟု မင်းသားရွှေအုံးသီးကို သမီးတော်နှင့် ဆောင်နှင်း၍ အိမ်ရှေ့ပေးတော်မူ၏။ (ရာဇဝင်သစ်၊ပ၊ ၁၉၆၈၊ ၆၅)
 
ဤတွင် ပုပ္ပားနတ်သည် ထီးနန်းစိုးစံသောမင်းကို တရားဝင်အောင် လုပ်ပေးနိုင်သူဟူ၍ ယူဆရမည်ကဲ့သို့ ဖြစ်လာတော့သည်။ ပုပ္ပားနတ် စကားမပြောသော မင်းသည် တရားမဝင် သို့မဟုတ် မင်းရိုးမဟုတ်ဟု ယူဆရမည် ဖြစ်လာသောကြောင့် နတ်နှင့် မင်းတို့သည် အပြန်အလှန် အားဖြင့် အပေးအယူလုပ်ရန် လိုအပ်လာတော့သည်။ ရာဇဝင်ဆရာ တို့က မင်းရိုးကို နန်းပြန်ရစေလို၍ ဤဇာတ်လမ်းကို ထွင်ခဲ့လေသလောဟုလည်း တွေးဆဖွယ် ဖြစ်သည်။ မင်းရိုးမဟုတ်ဟု ခေတ်သစ်သမိုင်းပညာရှင်တို့ ယူဆယုံကြည်ထား သော ထိလိုင်မင်း ခေါ် ကျန်စစ်သားမင်းသည် မဟာဂီရိနတ်မင်းနှင့် အကြိမ်ကြိမ် စကားပြောခဲ့ကြောင်း တွေ့ရှိရပြန်သဖြင့် ထိုမင်းကား မင်းရိုးဟု ဆိုလိုပြန်လေတော့သည် (ကုလား၊ပ၊၂၁၄) ။ ယင်းအသိ ကြောင့်ပင် ပုဂံမင်းတို့ နှစ်စဉ် ပုပ္ပားတောင်တက်ပွဲ ကျင်းပနေကြရ ခြင်း ဖြစ်သည်ဟု ဆိုလိုရာရောက်တော့သည်။ ကျွဲဲ၊ နွား၊ ဝက်၊ ဆိတ် စသည်တို့ကို သတ်၍ ပူဇော်ရသောကြောင့်လည်း ဤအလေ့အထ သည် ထေရဝါဒဗုဒ္ဓသာသနာနှင့် မည်သို့မျှ ဆက်စပ်၍ မရနိုုင်မရနိုင် လောက်အောင် ကွဲပြားလျက်ရှိနေပြန်ပါသည်။
 
ပုဂံခေတ်တွင် ပုပ္ပားကို ပုဂံ၏ နိုင်ငံရေး ကျောထောက်နောက်ခံနယ်ဟူ၍လည်း ယူဆထားခဲ့ကြဟန် ရှိသည်။ အနိရုဒ္ဓမင်းမဖြစ်မီ နောင်တော် စုက္ကတေးနှင့် အာဏာယှဉ်ပြိုင်ကြရမည် ရှိသောအခါ ယင်းသည် ပုပ္ပားသို့ထွက်ခဲ့၍ လူသူအလုံးအရင်း စုခဲ့ရလေသည် (ကုလား၊ပ၊ ၁၆၅) ။ ထို့အပြင် ပုပ္ပားသည် သူရဲကောင်းတို့ထွက်ရာအရပ် ဟူ၍လည်း ဆိုုနိုင်ကောင်းအံ့ထင်ပါသည်။ဆိုနိုင်ကောင်းအံ့ထင်ပါသည်။
 
အနိရုဒ္ဓ၏ သူရဲကောင်းလေးဦးထဲမှ ငလုံးလက်ဖယ်သည် ပုပ္ပားသား ဖြစ်ကြောင်းနှင့် တွေ့ရှိရသည်။ ယင်းသည် ထွန်အရှဉ်း သုံးဆယ်ဖြင့် ထွန်ရေးမှန်အောင် ငင်နိုင်သောကြောင့် လူစွမ်းကောင်း ဖြစ်လာခဲ့ရသည် (ဦးကုလား၊ ပ၊ ၁၇၁) ။ စိုက်ပျိုးရေး အရေးပါသောခေတ်တွင် ဤမျှစွမ်းအားကြီး သောသူတဦး သူရဲကောင်းဖြစ်သည် ဆိုသည်မှာ ဖြစ်ထိုက်ပါပေသည်။ အကြောင်းမှာ တနေရာ တမျိုးမျိုးတွင် ခွန်အားပြနိုင်သူမှန်သမျှ သူရဲကောင်း ဖြစ်သောခေတ် ဖြစ်သောကြောင့်တည်း။ ငလုံးလက်ဖယ်သည် တကောင်းမှ ပန်းပဲမောင်တင့်တယ်၏ စွမ်းအားထက် လူမှုရေးအားဖြင့် အရေးပါအရာရောက်ပေသည်။ ကျောက်ခေတ်ကစ၍ ကာယဗလကို အခြေခံသော လူစွမ်းကောင်းခေတ် မကုန်ဆုံးသေးကြောင်း၊ အရေးပါဆဲ ဖြစ်ကြောင်း သာဓကပင် ဖြစ်တော့သည်။