ရှမ်းပြည်တပ်မတော်-တောင်ပိုင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး စာလုံးပေါင်း ပြင်ဆင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၇၃ -
သျှမ်းပြည်သားများ ဘာ့ကြောင့် ဗမာပြည်နဲ့ ပူးပေါင်းပြီး လွတ်လပ်ရေးယူခဲ့သလဲ ဆိုတာကို စဝ်ခင်းဆိုင်က အခုလို ပြောပြပါတယ်။
 
“လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်းတို့ကြိုးပမ်းနေချိန်မှာ စော်ဘွားတွေကလဲ အင်္ဂလိပ်လက်အောက်က လွတ်မြောက်ဖို့ နည်းလမ်းရှာခဲ့ကြတာပဲ၊ ၁၉၂၂ မှာ ထူထောင်ခဲ့တဲ့ ပြည်ထောင်စု သျှမ်းပြည်များ (Federated Shan States) ကောင်စီမှာ အင်္ဂလိပ်ဘုရင်ခံက ထိပ်ဆုံးအကြီးအကဲဖြစ်နေတာနဲ့ စော်ဘွားသားတော်သမီးတော်တွေ အဆင့်မြင့် အင်္ဂလိပ် ကျောင်းတက်တာလောက်ကိုဘဲကြည့်ပြီး ဗမာနဲ့ပူးပေါင်းဖို့ သျှမ်းခေါင်းဆောင်တွေကို စည်းရုံးရခက်ခဲလိမ့်မယ် လို့ ဗမာခေါင်းဆောင်တွေ စိတ်ပူခဲ့ကြပါတယ်။ ဒါပေမဲ့ ဖေဖေါ်ဝါရီ ၇ ရက် ၁၉၄၇ မှာ အင်္ဂလိပ်ကိုဆန့်ကျင် ပြီးအင်္ဂလိပ် ဘုရင်ခံတွေ အရာရှိတွေ မပါဝင်တော့ဘဲ စော်ဘွားကိုယ်စားလှယ် ၇ ပါး၊ ပြည်သူ့ကိုုယ်စားလှယ်ပြည်သူ့ကိုယ်စားလှယ် ၇ ယောက်စီ ပါဝင်တဲ့ သျှမ်းပြည်ကောင်စီကိုဖွဲ့စည်းလိုက်တယ်။ မြန်မာ့အသံက အဲဒီသတင်းကို ညနေပိုင်းမှာလွှင့်တော့ ဗိုလ်ချုပ်အောင်ဆန်း တော်တော်ပျော်သွားတယ်ပြောတယ်။ နောက်နေ့ မနက် ရှမ်းပြည်ကို ချက်ချင်းတက်ပြီး ညှိနှိုင်း ဆွေးနွေးသဘောတူ ကြတာနဲ့ ၁၂ ရက်နေ့မှာ ထင်ရှားတဲ့ ပင်လုံစာချုပ် လက်မှတ်ရေးထိုးနိုင်ခဲ့ကြတယ်၊ အဲဒါပြည်ထောင်စုရဲ့မူလရေသောက် မြစ်ပေါ့”
 
ရှမ်းပြည်ခေါင်းဆောင်များ ဗမာနဲ့ ပူးပေါင်းလာအောင် ဗိုလ်ချုပ် ဘယ်လိုချည်းကပ်ဆွဲဆောင် ခဲ့ပါသလဲ။ အဲဒီခေတ်အခြေ အနေက ဘယ်လိုလဲဆိုတာကိုလဲ စ၀်ခင်းဆိုင်က အခုလိုဆက်ပြောပါတယ်။