သိမ်းမောင် (တရားဝန်ကြီးချုပ်ဟောင်း): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြန့်ချီ +ဖြန့်ချိ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၁၄ -
၁၉၁၃ ခုနှစ်တွင် ကာလကတ္တား တက္ကသိုလ်တွင် ဆက်လက် ပညာ သင်ကြားခဲ့ပြီး အမ်အေဘွဲ့ကို လန်ဒန်မြို ့ကိန်းဘရစ် တက္ကသိုလ်မှ ဆွတ်ခူးခဲ့သည်။ ဝတ်လုံ စာမေးပွဲကိုလည်း လန်ဒန်မြို့ ဝတ်လုံတော်ရ ရှေ့နေ ကျောင်းမှ ဂုဏ်ထူးနှင့် အောင်ပန်း ဆွတ်ခူးခဲ့၍ ရွှေဒင်္ဂါးပြား ၅ဝ ဆုကိုပင် ရရှိခဲ့သည်။
 
ဦးသိမ်းမောင်သည် မြန်မာပြည်သိုု့မြန်မာပြည်သို့ ပြန်ရောက်ရှိသော အခါ ပထမဆုံး ပြည်ထဲရေး ဝန်ကြီး ဖြစ်သူ ဦးခင် (ဆာ မောင်ခင်) နှင့် အတူ ဦးစွာ ပူးတွဲ၍ ဝတ်လုံ အလုပ်ကို လုပ်ရှာသည်။ ရန်ကုန်တွင် ဝတ်လုံပေါက်စ ဖြစ်၍ မတိုးနိုင်ရှာဘဲ ပြည်မြို့သိုု့ပြည်မြို့သို့ ပြောင်းရွှေ့ကာ အလုပ် ရှာဖွေ ရသည်။ ရိုးရိုးနှင့် မြင့်မြင့်ကြံလာသူ ဦးသိမ်းမောင်သည် တစနှင်တစ လူချစ်လူခင် ပေါများလာပြီး လူသိ များလာခဲ့သည်။ ဝင်ငွေလည်း အတော်အသင့် ဖြောင့်လာခဲ့သည်။ လူသိများသော လူကုံထံ ဝတ်လုံတဦး ဖြစ်လာခဲ့၏။
 
ထိုအချိန်အခါက ဗုဒ္ဓဘာသာ ဘုရားကျောင်းများ၌ ‘ဥရောပနှင့် အမေရိကန် လူမျိုးမှအပ ဖိနပ်စီးခွင့်မပြု’ ဟူသော စာတန်းများ ချိတ်ဆွဲ ထားကြ၏။ ပြည်မြို ့ရွှေဆံတော် စေတီတော်ကြီးမှာလည်း အများနည်းတူ ယင်းစာတန်း ချိတ်ဆွဲထားခြင်း ခံနေရရှာ၏။ အုပ်ချုပ်သူ အင်္ဂလိပ် နယ်ချဲ့သမားတို့၏ အလိုတော်ကျ မတရား တဖက်စောင်းနင်း ပြုမှုချက်ကို မရှုစိမ့်နိုင်သော ဝတ်လုံ ဦးသိန်မောင်သည် ရွှေဆံတော် ဘုရား ဂေါပကလူကြီးများနှင့် တိုင်ပင်ကာ ‘မည်သူမျှ ဖိနပ်မစီးရ’ ဟူသော စာတန်းကို ယခင်က ချွင်ချက်နှင့် ရေးထားသော စာတန်း နေရာတွင် အစားထိုး ချိတ်ဆွဲ ထားလိုက်၏။