နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စီးပွါး +စီးပွား)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၃၀ -
၁၁။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့သည် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပနိုင်ရန် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ကိုပြဋ္ဌာန်းလျက် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကော်မရှင်ကို ဖွဲ့စည်းပေးခဲ့သည်။ ရွေးကောက်ပွဲဝင်လိုသော နိုင်ငံရေးပါတီများမှတ်ပုံတင်နိုင်ရန် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ပြဋ္ဌာန်းခဲ့သည်။ ထို့အပြင် လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရန် ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေကိုလည်း ပြဋ္ဌာန်းပေးခဲ့သည်။
 
၁၂။ ပြည်သူ့လွှတ်တော်ရွေးကောက်ပွဲဥပဒေ ပုဒ်မ (၃) တွင် "လွှတ်တော်ကို မဲဆန္ဒနယ်များမှ ဤဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက်လိုက်သော လွှတ်တော်ကို်ယ်စားလှယ်များဖြင့် ဖွဲ့စည်းရမည်" ဟူ၍ ပြဋ္ဌာန်းပါရှိသည်။ ယင်းပြဋ္ဌာန်းချက်နှင့်အညီ လွှတ်တော်ခေါ်ယူဖွဲ့စည်းခြင်းကို နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့က ဆောင်ရွက်ပေးမည်။ ထို့သို့လွှတ်တော်ခေါ်ယူနိုင်ရေးအတွက် ပါတီစုုံဒီမိုကရေစီပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်က ဆောင်ရွက်ရန်ကိစရပ်များ၊ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်အရွေးခံရသည့် ပါတီများနှင့် ရွေးကောက်ပွဲတွင် အရွေးခံရသည့်ပုဂ္ဂိုလ်များက ဆောင်ရွက်ရန်ကိစ္စရပ်များကို ဥပဒေ၊နည်းဥပဒေများနှင့်အညီဆောင်ရွက်ထားကြရန် အခါအားလျော်စွာ သတင်းထုတ်ပြန်ရေးအဖွဲ့က ရှင်းလင်းခဲ့ပြီးဖြစ်သည်။
 
၁၃။ ယနေ့ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြီးသည့်နောက်ပိုင်းတွင် လွှတ်တော်ခေါ်ယူရေး၊ အာဏာလွဲပြောင်းရေးကိစ္စများနှင့် စပ်လျဉ်း၍ စာစောင်များထုတ်ဝေနေခြင်း၊ ဆွေးနွေးငြင်းခုန်ခြင်း၊ ပြည်ပအသံလွှင့်ဌာနများမှ ရှေ့ဆောင်လမ်းပြလုပ်ခြင်း၊ သွေးထိုးလှုံ့ဆော်ခြင်း၊ တရားမဝင် စာရွက်စာတမ်းများထုတ်ဝေခြင်းများ ပြုလုပ်နေကြသည်။