ဗိဿနိုးမြို့ဟောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၄၁ -
တူးဖော် တွေ့ရှိသမျှ ဗိဿနိုးမြို့ဟောင်း အိမ်တွေမှာ ရေချိုးခန်း၊ အိမ်သာနဲ့ မီးဖိုကို အိမ်နဲ့ တပါတည်း ထည့်မထားပါ။ ရေသန့် သွင်းဖို့နဲ့ ရေဟောင်း ရေညစ်ထုတ်ဖို့ ရေပိုက်တွေလည်း မတွေ့ပါ။ အဲဒါကြောင့် အိမ်ရဲ့ ဖွဲ့စည်းပုံ ညံ့တယ်လို့ ဆိုရပါတယ်။ အုတ်တွေကို စီးခင်းတဲ့ အခါမှာလည်း စပ်ကြောင်း လွှဲမထားတဲ့ အတွက် နံရံတွေဟာ ခိုင်သင့်သလောက် မခိုင်ပါ။ အုတ် နံရံစီတဲ့အခါ မြေဝင် တပေလောက်သာရှိလို့ အခြေမခိုင်ဘဲ အုတ်နံရံတွေ ပြိုလဲ လွယ်တယ်။ အဲဒါကို ကာကွယ်ဖို့ နံရံကို အထူကြီး လုပ်ရပါတယ်။ နံရံထုဟာ ၄.၅ လက်မ (၁.၃၇၁၆ မီတာ) ရှိတယ်။ ဒီလို ထူပေမယ့် ပြိုတာပဲ။ ဒါကြောင့် တချို့နေရာမှာ ပြိုလဲ မကျအောင် ခံတုပ်လုပ်ပြီး ကျားကန်ထားတာကို တွေ့ရပါတယ်။
 
မီးလောင်ပြီး ပျက်စီးသွားတဲ့ အုတ်တိုက် အတွင်းမှာ သစ်သားတိုင်တွေ ရှိတယ်။ အဲဒီ သစ်သားတိုင် ထောင်တဲ့ ကျင်းထဲမှာ မီးလောင်ထားတဲ့ တိုင်ငယ်ရဲ့ ငုတ်တို ကျန်နေလို့ ဒီတိုင်ငုတ် မီးသွေးကို ယူပြီး ကာဗွန်ဓာတ်ခွဲကြည့်တဲ့ အခါ အရင်အနှစ် ၁,၆၀၀ က မီးလောင်ခဲ့တယ်လို့ သိရပါတယ်။ တနည်းပြောရရင် ဗိဿနိုးမြို့ဟောင်းကို ရန်သူတွေ မီးတိုုက်မီးတိုက် ဖျက်ဆီးခဲ့တာ ခရစ် ၄ ရာစုက ဖြစ်တယ်လို့ ပြောနိုင်ပါတယ်။ အိုးခြမ်းကွဲ တချို့မှာ တံဆိပ်တုံးနှင့် ခတ်နှိပ်ထားတဲ့ အလှဆင် ရုပ်ပုံတွေကို တွေ့ရလို့ ဒီမြို့ဟာ အနည်းဆုံး ခရစ် တရာစုနှစ်က တည်ဆောက်ခဲ့တယ်လို့ မှန်းဆနိုင်ပါတယ်။
 
ဒီမြို့မှာ ဘယ်လို လူမျိုးတွေ နေခဲ့တယ်လို့ အတိအကျ မသိနိုင်ပါ။ ဒါပေမဲ့ လူသေကို မီးသင်္ဂြိုဟ်ပြီး ့ကင်းကျန်တဲ့ အရိုးနဲ့ ပြာကို အိုးကြီးတွေမှာ ထည့်ပြီး သိမ်းဖို့ တိုက်အိမ် ဆောက်ထားတာလို့ ထင်တယ်။ ဒီလိုအလောင်းကို မီးသင်္ဂြိုဟ်ပြီး ပြာကိုသိမ်းတဲ့ ဓလေ့ကို လိုက်နာလေ့ ရှိတာ ပျူလူမျိုးတွေပဲ ဖြစ်တယ်။ ဒါကြောင့် ဒီမြို့မှာ လူနေ အများစုက ပျူဖြစ်မယ်လို့ ယူဆပါတယ်။ အရိုးအိုးထားတဲ့ သုသာန်ဇရပ်တွေကို မြို့တွင်းမှာ တွေ့သလို မြို့ပြင်မှာလည်း တွေ့ရလို့ သတ်မှတ်ထားတဲ့ သင်္ချိုင်းနေရာ မရှိ၊ အဆင်သင့်သလို လူသေ အလောင်းကို ထားလိုက်တယ်လို့ ယူဆပါမယ်။ ဗိဿနိုးမြို့ဟောင်းမှာ ပျူတွေအပြင်၊ ပျူ မဟုတ်သူတွေလည်း နေမယ်။ မြို့ကြီး ထုံးစံအတိုင်း ထာဝရ နေသူနဲ့ နောက်မှ ပြောင်းရွှေ့ ဝင်လာသူလည်း ရှိမယ်၊ ပျူ မဟုတ်သူတွေလည်း ရှိမယ်လို့ ထင်ပါတယ်။ လူသေကို မြေမှာချပြီး တိုက်ရိုက်မြှုပ်နှံတဲ့ ဓလေ့ကို ကျင့်သုံးသူလည်း ရှိမယ်၊ ဘာပြုလို့လဲ ဆိုတော့ မသာဇရပ် ဝန်းကျင်က မြေမှာ မြှုပ်ထားတဲ့ အလောင်းသုံးလောင်းက အရိုးစု သုံးခုကို တွေ့ရလို့ ဖြစ်ပါတယ်။