အထီးကျန်ခြင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
 
စာကြောင်း ၇ -
လူသားတစ်ဦးစီမှာရှိနေကြတဲ့ သူကိုယ်ပိုင် အတ္တ ဟာ သူတစ်ပါးရဲ့ အတ္တ နဲ့ မတူဘဲ သူ့ဘာသာ တစ်မူစီရှိနေကြတဲ့အတွက် မိမိမဟုတ်တဲ့ အခြားသူ တစ်ယောက်ကို အပြည့်အဝနားလည်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ လူတစ်ဦးနဲ့ တစ်ဦး အတ္တ ချင်း ၊ စိတ်ချင်း မတူညီဘဲ ကွဲပြား ခြားနားတဲ့အတွက် လူ တစ်ယောက် နဲ့ တစ်ယောက် ကလည်း မတူညီခြင်း ဖြစ်ပါတယ်။
 
အရှေ့တိုင်း ဘာသာရေးအတွေးအခေါ်ပညာရှင်တွေကတော့ လူသားဟာ အတ္တ တစ်ခုတည်းနဲ့ ဖွဲ့စည်းထားခြင်းမဟုတ်ဘဲ ဝိဉာဉ် (spirit ) လို့ခေါ်တဲ့နောက်အရာတစ်ခုနဲ့ ဖွဲ့စည်းထားသေးတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာ ဝိဉာဉ် ဟာအဆုံးအစမရှိဘဲဘဝအသွင် သဏ္ဌာန်အားလုံးနဲ့ ဆက်နွယ်နေ ပါ တယ်။ ဒီဝိဉာဉ်သဘာဝကနေပြီးတော့မှ အတ္တ ဖြစ်ပေါ်လာပါတယ်။ လူ့ဝိဉာဉ်ကြောင့် အထီးကျန်ခြင်းခံစားရတာမျိုးမဟုတ်ဘဲ လူ့အတ္တ ကြောင့်သာလျှင် အထီးကျန်ခြင်းကို ခံစားရခြင်းဖြစ်တယ် လို့ ဆိုပါတယ်။ ဘဝမှာ အပြောင်း အလဲ နဲ့ ဝမ်းနည်းကြေကွဲမှု တို့ က အထီးကျန်ခြင်း ကိုဖြစ်ပေါ်ခံစားရစေပါတယ်။ မိမိကိုယ်ပိုင်ဆုံးဖြတ် ချက်ကြောင့် အထီးကျန်မှု ဟာဖြစ်ပေါ်လာပါတယ်။ မိသားစုုဝင်များမိသားစုဝင်များ ၊ မိတ်ဆွေများ ရဲ့ ကိုယ်ချင်းစာနာမှု နဲ့ ဂရုဏာတရားတို့ ဘယ်လောက် ပင်ကြီးမားစေဦးတော့ နောက်ဆုံးမှာ မိမိ ကိုယ်ပိုင် ခံစားချက် က သာ လျှင်မိမိကိုပိုင်စိုးသွားပါတယ်။
 
ဘဝမှာအပြောင်းအလဲ နဲ့ စပ်ကူးမတ်ကူးကာမျိုးမှာ အထီးကျန်မှု ကို ခံစား ရပါတယ်။ ထိုအခါမျိုးမှာ အဟောင်းများကိုစွန့်ခွာထားခဲ့ပြီး အသစ်တစ်ဖန် ပြန်လည်စတင်ဖို့ ဦးတည်ရာလမ်းကြောင်းကိုရွေးချယ်ရပါတယ်။ ဒီနေရာမှာ ပြောင်းလဲခြင်းဆိုတာ အလုပ်အကိုင် ပြောင်းလဲခြင်း ၊ စိတ်နေ သဘောထား ပြောင်းလဲခြင်း ၊ နေရာသစ်တစ်ခု သို့ပြောင်းရွှေးခြင်း အားလုံးနဲ့ အကျုံးဝင် ပါ တယ်။