အမေဇုံမြစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
စာကြောင်း ၁၁ -
အမေဇုံမြစ်သည် မာရာနွန်မြစ်နှင့် အူးကာယားလီမြစ် တို့ ပေါင်းဆုံရာမှ စတင်ဖြစ်ပေါ်လာသည်။ မာရာနွန်မြစ်သည် [[ပီရူးနိုင်ငံ]] လီမာမြို့အနီး [[ပစိဖိတ်သမုဒ္ဒရာ]]ကမ်းခြေမှ မိုင် ၆ဝ ခန့်
သာကွာဝေးသော [[အန်းဒီးတောင်တန်း]]၌ မြစ်ဖျားခံ၍ ပီးရူးနိုင်ငံအတွင်းရှိ အီကီးတိုးမြို့၏ အထက်နားတွင် အူးကာယားလီမြစ် နှင့်ပေါင်းဆုံပြီးလျှင် အမေဇုံမြစ်အဖြစ်စီးဆင်းသည်။ ယင်းသို့
စီးဆင်းရာ၌ [[ဘရာဇီးနိုင်ငံ]]မြောက်ပိုင်း [[အပူပိုင်းသစ်တော]]များကို ဖြတ်၍ အရှေ့ဘက်သို့ ဆက်လက်စီးဆင်းရာ အမေဇုံမြစ်ဝကျွန်းပေါ် ကျွန်းတစ်ကျွန်းဖြစ်သော မားရဇိုးကျွန်း၏ မြောက်ဘက်မှနေ၍ [[အတ္တလန္တိတ်သမုဒ္ဒရာ]]အတွင်းသို့ စီးဝင်သည်။ မြစ်ရိုးတစ်လျှောက်၌ မြစ်ကြီးမြစ်ငယ် စုစုပေါင်း ၂ဝဝ ကျော်ခန့်သည် အမေဇုံမြစ်မကြီးထဲသို့ စီးဝင်ပေါင်းဆုံကြသည်။ ထိုမြစ်ကြီး၏ မြစ်လက်တက်အချိုု့သည်မြစ်လက်တက်အချို့သည် မိုင် ၁ယဝဝဝ ခန့်ပင် ရှည်လျားကြသည်။ အမေဇုံ၏မြစ်လက်တက်များအနက် ထင်ရှားသောမြစ်ကြီးများမှာ ဇူးရူးယာမြစ်၊ ဇပူးရမြစ်၊ နေးဂရိုးမြစ်၊ မဒီးရမြစ်၊ တပတော့မြစ်၊ ပူးရူးမြစ်၊ ရှင်းဂူးမြစ် စသည်တို့ဖြစ်ကြသည်။
 
အမေဇုံမြစ်သည် မြေနိမ့်မြေပြန့်တစ်လျှောက် စီးဆင်းသဖြင့် ရေစီးနှေးသည်။ ရေစီးနှေးလှသဖြင့် အချို့နေရာတွင် မြစ်ကြီးတစ်မြစ် စီးဆင်းနေသည်ဟုမထင်ရဘဲ ကြီးမားကျယ်ပြန့်သော ရေအိုင်ကြီးတစ်ခုသဖွယ် ထင်မြင်ရလောက်အောင်ပင် ရေငြိမ်နေသကဲ့သို့ရှိသည်။ ယင်းသည် ခြောက်သွေ့သောရာသီတွင် တစ်နာရီလျှင် တစ်မိုင်ခွဲနှုန်းစီး၍ မိုးကာလရေများချိန်တွင်ပင် သုံးမိုင်နှုန်းမျှသာစီးလေသည်။ ပီရူးနိုင်ငံမှ စီးလာ၍ ဘရာဇီးနိုင်ငံတွင်းသို့ဝင်သည့်နေရာ၌ မြေပြင်သည် ပင်လယ်ရေပြင်ထက် ပေ ၃ဝဝ ခန့်သာ မြင့်သည်။ အတ္တလန္တိတ်ကမ်းခြေမှ မိုင် ၁ဝဝဝ ဝေး၍ ဘရာဇီးနိုင်ငံအတွင်းရှိ မနော့မြို့တွင် မြေပြင်သည် ၁၃၅ ပေမျှသာ မြင့်တော့သည်။