သခင်ဝတင်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရံပုံငွေ +ရန်ပုံငွေ)
စာကြောင်း ၅၂ -
၁၉၄၆-ခုနှစ်၊ ဇန်နဝါရီလ (၂၁)ရက်နေ့တွင် ကျင်းပသော ဖဆပလ၏ ပထမအကြိမ် ညီလာခံတွင် အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီလတွင် ဆိုရှယ်လစ် ပါတီ၏ နှစ်ပတ်လည် ညီလာခံ ကျင်းပသောအခါတွင်လည်း အမှုဆောင် တစ်ဦးအဖြစ် ဆောင်ရွက်ခဲ့သည်။ ထို့နောက် ၁၉၄၆-ခုနှစ်၊ ပုလိပ်သပိတ် ဖြစ်မြောက်ရန် ခေါင်းဆောင်အဖြစ် ဆောင်ရွက်စည်းရုံးခဲ့ပြီး ၁၉၄၆-ခုနှစ်၊ စက်တင်ဘာလ (၅)ရက်နေ့တွင် ရွှေတိဂုံကုန်းတော်ပေါ်တွင် ပုလိပ်သပိတ် မှောက်ခဲ့သည်။ ၎င်းနေ့မှ စ၍ လူထုပုလိပ်၊ လူထုရဲဟု စတင်ခေါ်တွင်လာကြသည်။
==ပင်လုံညီလာခံ==
သခင်ဝတင်သည် ၁၉၄၇-ခုနှစ်၊ ဖေဖော်ဝါရီလတွင် ပင်လုံညီလာခံသို့ တက်ခဲ့သည်။ ဖဆပလအဖွဲ့ လက်အောက်ရှိ အလုပ်သမား၊ လယ်သမား၊ စီးပွားကုန်သွယ်ရေး၊ လူငယ်အဖွဲ့ အားလုံးကို ခေါင်းဆောင်၍ တက်ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုနှစ် ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် [[ချင်းပြည်နယ်]]သို့ ချင်းဗမာ စည်းရုံးရေး၊ ချစ်ကြည်ရေးအတွက် ချင်းပြည်နယ် တောင်ပိုင်း ညီလာခံ ([[ထီးလင်းမြို့]]တွင် ကျင်းပပြုလုပ်သည်။ )သို့ [[ဒီးဒုတ်ဦးဘချို]]နှင့်အတူ တက်ရောက်ခဲ့သည်။ သခင်ဝတင်သည် ဖဆပလ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲအတွက် ပြင်ဆင်ရေးအဖွဲ့တွင် ပါဝင်ခဲ့သူ ဖြစ်သည်။ ဖဆပလအစိုးရ အခြေခံဥပဒေ ရေးဆွဲရေး ၁၀၁-ဦး ကော်မတီတွင်လည်း အဖွဲ့ဝင်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသောအခါ ဗိုလ်ချုပ်ရံပုံငွေဗိုလ်ချုပ်ရန်ပုံငွေ အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သူလည်း ဖြစ်သည်။
 
==လွတ်လပ်ရေးရပြီး==