၅၂၉၈၀
တည်းဖြတ်မှုများ
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုိ +ို)) |
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)) |
||
'''ဆတိုင်မွှတ် ဦးကူး'''ဟု အမည်တွင်ရသည့် အကြောင်းအရင်းမှာ ငယ်စဉ်အခါက နေထိုင်ကြီးပြင်းခဲ့ရာ ဟံသာဝတီ စီရင်စုအပိုင်း [[ကွမ်းခြံကုန်းမြို့နယ်]] မုတ်ကျွန်းတိုက် မွန်အခေါ် "စတိုင်မွှတ်"၊ ယခုအခေါ် "ဆတိုင်မွှတ်" ရွာကို အစွဲပြု၍ "ဆတိုင်မွှတ် ဦးကူး" ဟု ထင်ရှားလာရခြင်း ဖြစ်သည်။ ဇာတိအားဖြင့်ကား အထက်အညာသား ဖြစ်၍ နေရပ် အတိအကျကိုကား မသိရပေသည်။ မြန်မာသက္ကရာဇ် ၁၁၈၉ ခုနှစ်၊ တန်ခူးလဆုတ် ၄ ရက်၊ ကြာသပတေးနေ့တွင် ဖွားမြင်ခဲ့ပြီး သက္ကရာဇ် ၁၂၅၇ ခုနှစ်၊ တန်ခူးလဆုတ် ၁၀ ရက်၊ အသက် ၆၈ နှစ်ကျော်တွင် ကွယ်လွန်အနိစ္စ ရောက်ခဲ့သည်။
ဦးကူးသည် ရှေးဦးစွာ ရဟန်းခံနောက် လူထွက်ခဲ့သည်။ ထိုနောက် မိမိ လေ့လာရင်းစွဲဖြစ်သော စာပေဗဟုသုတကို အခြေပြု၍ အထုံဝါသနာအလျောက်
အသက် ၄၃ နှစ်အရွယ်တွင် သဘင်ရုပ်စုံဘက်မှ ထွက်၍ ရန်ကုန်မြို့သို့ ရွှေ့ပြောင်းနေထိုင်ပြီး "မြန်မာသံတော်ဆင့် သတင်းစာတိုက်" နှင့် "ရတနာပုံ သတင်းစာတိုက်" တို့၌ မြန်မာဆရာအဖြစ် လုပ်ကိုင်ခဲ့ပြန်သည်။ ထိုသို့ လုပ်ကိုင်နေစဉ်အတွင်း ဇာတ်လမ်းဇာတ်ကွက်များ ဆင်ကာ တီးကွက်များနှင့် ဇာတ်စာအုပ်များကို ရေးသား စီးကုံးခဲ့သည်။ ထိုအခါတွင်မူ မင်းသားကြီးကိုင်အဖြစ် ကျော်ကြားခဲ့ရာမှ ပြဇာတ်ရေးဆရာကြီးအဖြစ် တိုးတက် ကျော်ကြားလာတော့သည်။ စင်စစ် မြန်မာစာပေလောကတွင် ဇာတ်ကွက်၊ ဇာတ်လမ်း၊ တေးသီချင်း အစုံအလင်ဖြင့် ရေးသားထုတ်ဝေသမျှသော ပြဇာတ်စာအုပ်တို့တွင် ဦးကူး၏ ဇာတ်စာအုပ်မှာ အစောဆုံး ဖြစ်သည်။<ref>ဗိုလ်မှူးဘသောင်း၊ စာဆိုတော်များ အတ္ထုပ္ပတ္တိ၊ ၂၀၀၃ ခု၊ နှာ-၂၄၈</ref>
|