ကော်ဖီ: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၆၈ -
 
==ကော်ဖီစိုက်ပျိုးထုတ်လုပ်ခြင်း==
[[File:Dillanos Coffee Roasters Probat roaster.jpg|thumb|ကော်ဖီလုပ်ငန်းဌာနကြီးတစ်ခုရှိ ကာဖီ လှော်ကြိတ်ပေးသည့်စက်]]
[[File:01p16511.jpg|thumb|ကော်ဖီလုပ်ငန်းဌာနကြီးတခုရှိ ကာဖီနမူနာများကို လှော်ကြိတ်ပေးသည့်စက်ငယ်များ။ ဤစက်ငယ်များဖြင့် လှော်ကြိတ်ပေးသော ကော်ဖီနမူနာများကို ကော်ဖီမြည်းသမားက မြည်းစမ်းကြည့်ရသည်]]
 
ကော်ဖီပင်သည် ပူနွေးသော တိုင်းပြည်များ၌ အထူးသဖြင့် ပင်လယ်ပြင်အထက် ပေပေါင်း ၁၂ဝဝ နှင့် ပေ ၂ဝ⁠ဝဝ ကြား ရှိ ရေကောင်းစွာရသော ကုန်းမြင့်ဒေသများတွင် ကောင်းစွာ ဖြစ်ထွန်းလေ့ရှိသည်။ ကော်ဖီပင်သည် အမြဲစိမ်းအပင် ကလေးမျိုး ဖြစ်၍ အလိုအလျောက် ပစ်ထားလျှင် ပေ ၂ဝ ကျော်မြင့်တတ်သည်။ သို့သော် စိုက်ပျိုးထားသော ခြံများတွင် အသီးများကို လွယ်လင့်တကူ ဆွတ်ခူးနိုင်စိမ့်သောငှါ အပင်များကို ချိုင်ပေးလေ့ ရှိကြသည်။ ကော်ဖီပင်တွင် အရွက်နှင့် အကိုင်းများဆုံသည့် အရွက်ညှာခွများတွင် အလွန်မွှေးကြိုင်သည့် ပန်းဖြူများ အစု လိုက်ပွင့်တတ်ကြသည်။ ကော်ဖီပင်များသည် ၃ နှစ်သားအရွယ် ခန့်တွင် စတင်သီးပွင့်လာကြ၍ ၅ နှစ်သားအရွယ်တွင် သီးအား ပြည့်စုံလာသည်။ တစ်ပင်လျှင် အနှစ် ၂ဝမျှကြာအောင် သီးပွင့် လေ့ရှိသည်။ အသီးများသည် ပထမ၌ အစိမ်းရောင်ဖြစ်၏။ ထိုနောက် ဝါလာပြီးလျှင် နောက်ဆုံးတွင် နီသွားသည်။ ရာသီဥတုကောင်းသော ဒေသများတွင် ကော်ဖီပင်သည် တစ်နှစ်လျှင် နှစ်ကြိမ်သုံးကြိမ်တိုင်အောင် ပွင့်နိုင်သီးနိုင်၍ တစ်ပင်တည်း မှာပင် အပွင့်နှင့်အသီးစိမ်း၊ အသီးမှည့်များကို တစ်ပြိုင်နက် တွေ့ရတတ်သည်။
စာကြောင်း ၇၄ -
ကော်ဖီသီးများ မှည့်သောအခါ အသီးများကို ခူး၍ဖြစ်စေ၊ အောက်မှ အဝတ်ခံကာ အပင်ကို လှုပ်ပေး၍ ဖြစ်စေ သိမ်းယူ ရသည်။ ထိုနောက် နည်းအမျိုးမျိုးဖြင့် အခြောက်လှမ်းခြင်း၊ အစေ့ချွတ်ထုတ်ခြင်းများ ပြုလုပ် ကြသည်။ သို့သော် အသီး မှည့်တွင် အစေ့အပြင်ဖက်၌ အသားဖတ် ရှိနေရုံမက အစေ့ ပေါ်တွင်လည်း အမြှေး ခွံများ ၂ထပ်မျှ ကပ်နေသေးသည့် အတွက် အစေ့ချွတ်သည့်အလုပ်မှာ မလွယ်ကူလှပေ။ အစေ့ များမှ အမြှေး စင်သွားအောင် လုပ်ရာတွင် အစေ့များကို တစ်နည်း⁠နည်းနှင့် အခြောက်လှန်းပြီးနောက် ဒလိမ့်များနှင့် လိမ့်ပေးခြင်း၊ ပွတ်ထုတ်ပစ်ခြင်းများ ပြုလုပ်ရသည်။ နောက်ဆုံး ၌ အစေ့များကို ချွတ်ပြီးသောအခါ အရွယ်အလိုက် အစားစားခွဲ ပြီးလျှင် အိတ်ကြီးများတွင်ထည့်၍ နိုင်ငံခြားသို့ တင်ပို့ရောင်းချ ကြသည်။
 
[[File:01p16611.jpg|thumb|ကော်ဖီလုပ်ငန်းဌာနကြီးတခုမှ 'ကော်ဖီမြည်းသမား' တစ်ဦး။ သူ၏တာဝန်မှာ ကော်ဖီအမျိုးမျိုးကို စံမှီမမှီ စမ်းသပ်ရန်ဖြစ်၏။]]
အနံ့အရသာနှင့် ပြည့်စုံသည့် ကော်ဖီကို သောက်သုံးနိုင်ရန် အတွက် ကော်ဖီစေ့ အစိမ်းများကို ညိုဝါရောင် ရအောင် လှော်ပေးရသေးသည်။ ဤသို့ လှော်ပေးရာတွင် ဂရုတစိုက် ပြုလုပ် ရန် လို၏။ သို့မဟုတ်လျှင် လိုသည့်အနံ့အရသာ ထွက်မလာဘဲ နေတတ်သည်။ ရှေးက ကော်ဖီစေ့များကို အိမ်မှာပင် လှော်ယူကြ သော်လည်း ယခုအခါ၌မူ ဤအလုပ်ကို ရုံကြီးများတွင် အကြီးအကျယ် လုပ်ကိုင်လျက်ရှိပေပြီ။ ကော်ဖီစေ့များကို လှော်ပြီးသော အခါ အမှုန့်ကြိတ်ရပြန်၏။ ကော်ဖီအမျိုးမျိုးကို ရောစပ်ရာတွင် အချို့အလုပ်ရုံကြီးများ၌ အရသာ ကောင်းမကောင်းကို စမ်းသပ် ရန်အတွက် ကျွမ်းကျင်သော ပုဂ္ဂိုလ်များကိုပင်လျှင် ငှါးရမ်းထား
ကြရသည်။ ကော်ဖီကို အမှုန့်ကြိတ်ပြီးလျှင်ပြီးခြင်း ဖျော်သောက် နိုင်လျှင် အကောင်းဆုံး ဖြစ်သည်ကို တွေ့ရသည်။
Line ၈၄ ⟶ ၈၃:
 
ကော်ဖီကို ဖျော်သောက်ရာတွင် ရေဆူ⁠ဆူဖြင့် ကောင်းစွာ နှပ်ပေးဖို့ အရေးကြီးသည်။ ကာဖီရည်ကို သူ့ချည်းသက်သက် သောက်သူလည်းရှိ၍၊ နွားနို့သကြားတို့နှင့်ဖြစ်စေ၊ ကြက်ဥ အကာနှင့်ဖြစ်စေ၊ ဖျော်သောက် သူများလည်း ရှိသည်။ အချို့ ပျော်ပွဲစားရုံကို ယခုအခါ ကာဖေးဟုလည်း ခေါ်လေ့ရှိကြရာ ထိုစကားမှာ ကော်ဖီ သို့မဟုတ် ကော်ဖီဆိုင်ဟု အဓိပ္ပါယ်ရသော ပြင်သစ်စကားဖြစ်သည်။
 
 
==ကော်ဖီနှင့် ကျန်းမာရေး==