ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး replace photo |
အရေးမကြီး →ယနေ့ခေတ် ဆင်ဖြူတော် |
||
စာကြောင်း ၆၇ -
ရှေးဦးစွာ ဆင်ဖြူအထီး တစ်ကောင်ကို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် စေတီပြင်ကျေးရွာအနီးမှ ၂၀၀ဝ ပြည့်နှစ် ဇန်နဝါရီလ ၂ဝ ရက်နေ့တွင် လည်းကောင်း၊ ဆင်မကြီး တစ်ကောင်ကို မောင်းတောမြို့နယ်အတွင်းမှ ၂၀၀၂ ခုနှစ် ဧပြီလ ၅ ရက် နေ့တွင်လည်းကောင်း၊ ဆင်မ အငယ် တစ်ကောင်ကို မောင်းတောမြို့နယ် ကိုင်းကြီးကျေးရွာဟောင်း အနီး၌ ၂၀၀၂ ခုနှစ် ဒီဇင်ဘာလတွင်လည်းကောင်း ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
မောင်းတောမြို့နယ်အတွင်း တောဆင် ငါးကောင်အုပ်ထဲမှ ဆင်ဖြူ အမ တစ်ကောင်ကို ဒေသခံတို့၏ သတင်းပေးပို့ချက်ဖြင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တောဦးစီးဌာနနှင့် မြန်မာ့သစ်လုပ်ငန်းမှ ဆင် ဖမ်းအဖွဲ့များက ရှာဖွေဖမ်းဆီးခဲ့ရာ ၂၀၁၀-ခု၊ ဇွန်လ ၂၆ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်း ဆင် မှာ အသက် ၃၈ နှစ်ခန့် ဖြစ်ပြီး အရပ် ၇ပေ ၄ လက်မခန့်ရှိကာ လုံးပတ် ၁ဝ ပေ ၁၁ လက်မရှိသည်။ အဆိုပါ ဆင်ဖြူမကို ဖမ်းဆီး ရန် အတွက် အချိန် ခြောက်လခန့်ကြာခဲ့ကြောင်း သိရသည်။ စစ်အာဏာပိုင်များက ရခိုင်ရိုးမတောင်တန်း တစ်လျှောက်တွင် ဆင်ဖြူတော် ရှာဖွေရေး စီမံကိန်း လုပ်နေခဲ့ကြခြင်းဖြစ်သည်။ ထိုဆင်ဖြူမ၏ ဘွဲ့တော်မှာ ဘဒ္ဒဝတီ ဖြစ်ပြီး နေပြည်တော်ရှိ ဆင်ဖြူတော် ရတနာဆောင်တွင် ထားရှိသည်။ <ref>မြန်မာ့အလင်း သတင်းစာ</ref>
|