ချစ်ပို၊ မ၊ သူရ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး spacing
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၉ -
 
ယင်းနောက် မကြာမီမှာပင် ရန်သူနှင့် အဆက်အသွယ်ရှိသော အမျိုးသမီး တစ်ဦး၏ လက်ထောက်ချမှုကြောင့် မချစ်ပို၏ လှုပ်ရှားများကို ရန်သူအဖွဲ့က သိရှိကာ အဖမ်းခံရသည်။ ထို့နောက် အမျိုးမျိုး စစ်ဆေး၍ ရက်စက်စွာ သတ်ဖြတ် လိုက်ကြသည်။ ဤသို့ဖြင့် မချစ်ပိုသည် ၁၉၄၉ ခုနှစ်၊ ဧပြီလ (၈) ရက်နေ့ အသက် ( ၄၂ )နှစ်အရွယ်တွင် ကျဆုံးသွားခဲ့ရရှာသည်။ မချစ်ပို ကျဆုံးသော နေ့ရက်သည် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်များက မန္တလေးမြို့ ကို ပြန်လည်သိမ်းပိုက်ပြီး ဖြစ်၍ [[မြို့သိမ်းအောင်ပွဲ]]အခမ်းအနားပြုလုပ်သောနေ့ နှင့် တိုက်ဆိုင်ခဲ့လေသည်။
[[File: Thuya MaChitPo Cemetery.jpg|temp|သူရမချစ်ပို အုတ်ဂူ၊ အာဇာနည်လမ်း၊ ထုံးဘို၊ ရပ်ကွက်ကြီး(၁) ပြင်ဦးလွင်မြို့။]]
 
မချစ်ပို ၏ [[အလောင်း]]ကို သုံးလေးရက် အကြာတွင် ပြန်ဖော်သောအခါ ပုတ်သိုးနံစော်ခြင်းမရှိဟု ဆိုသည်။ထို့နောက် ၁၉၄၉ ခုနှစ်၊ မေလ (၁၆) ရက်နေ့တွင် မချစ်ပို ၏ ရုပ်အလောင်းကို '''စစ်အခမ်းအနားဖြင့်''' ပြင်ဦးလွင် မြို့ ထုံးဘိုရပ်တွင် ဂူသွင်းသဂြိုဟ်ခဲ့ကြသည်။ အာဇာနည် မချစ်ပို ၏ စွမ်းစွမ်းတမံ ဆောင်ရွက်မှု များကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော်က '''သူရ''' ဘွဲ့ကို ထိုက်တန်စွာ ဂုဏ်ပြု ချီးမြှင့် ခဲ့လေသည်။ သူရ မချစ်ပို သည် မြန်မာနိုင်ငံတွင် တစ်ဦးတည်းသော သူရဘွဲ့ရ အမျိုးသမီး အဖြစ် ယနေ့တိုင် ရပ်တည်ဆဲ ဖြစ်သည်။