"သိန်းစိန်" ၏ တည်းဖြတ်မှု မူကွဲများ

၄၅၄၁၂ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၂ နှစ်
အရေးမကြီး
Naming System
(စာမျက်နှာကို သိန်းစိန်၊ ဦး သို့ ပြန်ညွှန်းလိုက်သည်)
အရေးမကြီး (Naming System)
စာတွဲ: ပြန်ညွှန်းကို ဖယ်ရှားခဲ့သည်
{{Infobox နိုင်ငံ့ဝန်ထမ်း
#REDIRECT [[သိန်းစိန်၊ ဦး]]
| အခေါ်အဝေါ် အသုံးအနှုံး = ဦး
| အမည်(မြန်မာအက္ခရာ) = သိန်းစိန်၊ ဗိုလ်ချုပ်ကြီး(ငြိမ်း)
| အမည်(အင်္ဂလိပ်အက္ခရာ) = Thein Sein
| အမည်(အခြားဘာသာအက္ခရာ) =
| အမည်ရင်း = သိန်းစိန်
| ပုံ = IRRI Thein Sein IMG 9692-1 (11228861745).jpg
| တာဝန် ထမ်းဆောင်ရာဌာန ၁ = နိုင်ငံတော် သမ္မတရုံး
| ရာထူး ၁ = အဌမမြောက် [[မြန်မာနိုင်ငံ၏ သမ္မတ|သမ္မတ]]
| ရာထူး ၁ စတင်သည့် နေ့ရက် = ၃၀ မတ်လ ၂၀၁၁ - ၃၀ မတ်လ ၂၀၁၆
| ဒုတိယ သမ္မတ အဖြစ်(ရှိက) = [[တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)|ဦးတင်​အောင်မြင့်ဦး]][[မောက်ခမ်း၊ စိုင်း (ဒေါက်တာ)|ဒေါက်တာ စိုင်းမောက်ခမ်း]] <br /> [[ဉာဏ်ထွန်း၊ ဦး|ဦးဉာဏ်ထွန်း]]
| ယခင်တာဝန်ထမ်းဆောင်သူ ၁ = [[သန်းရွှေ၊ (ဗိုလ်ချုပ်မှူးကြီး)|ဗိုလ်ချုပ်မှူးကြီးသန်းရွှေ]]([[နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ|နအဖ]]ဥက္ကဋ္ဌ)
| တာဝန် ထမ်းဆောင်ရာဌာန ၂ = ပြည်ထောင်စု မြန်မာနိုင်ငံတော်
| ရာထူး ၂ = [[မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်များ|နိုင်ငံတော်ဝန်ကြီးချုပ်]]
| ရာထူး ၂ စတင်သည့် နေ့ရက် =၂၄ အောက်တိုဘာ ၂၀၀၇
| ရာထူး ၂ ကုန်ဆုံးသည့် နေ့ရက် = ၃၀ မတ် ၂၀၁၁
| ယခင်တာဝန်ထမ်းဆောင်သူ ၂ = [[စိုးဝင်း၊ ဗိုလ်ချုပ်ကြီး|ဗိုလ်ချုပ်ကြီးစိုးဝင်း]]
| ဆက်လက်တာဝန်ထမ်းဆောင်သူ ၂ = [[အောင်ဆန်းစုကြည်]] [[နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်]]အဖြစ်
| တာဝန် ထမ်းဆောင်ရာဌာန ၃ = နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ
| ရာထူး ၃ = အတွင်းရေးမှူး(၁)
| ရာထူး ၃ စတင်သည့် နေ့ရက် = ၂၀၀၄
| ရာထူး ၃ ကုန်ဆုံးသည့် နေ့ရက် = ၂၄ အောက်တိုဘာ ၂၀၀၇
| ယခင်တာဝန်ထမ်းဆောင်သူ ၃ = [[ခင်ညွန့်]]
| ဆက်လက်တာဝန်ထမ်းဆောင်သူ ၃ = [[တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)|ဦးတင်အောင်မြင့်ဦး]]
| တာဝန် ထမ်းဆောင်ရာဌာန ၄ = ပြည်သူ့လွှတ်တော်
| ရာထူး ၄ = အဖွဲ့ဝင်
| ရာထူး ၄ စတင်သည့် နေ့ရက် = ၇ နိုဝင်ဘာ ၂၀၁၀
| ရာထူး ၄ ကုန်ဆုံးသည့် နေ့ရက် = ၃၀ မတ် ၂၀၁၁
| ယခင်တာဝန်ထမ်းဆောင်သူ ၄ =
| ဆက်လက်တာဝန်ထမ်းဆောင်သူ ၄ = [[စန္ဒာမင်း]]
| မဲဆန္ဒနယ်၄= ဇမ္ဗူသီရိမြို့နယ်
| မဲအရေအတွက်၄= ၆၅.၆၂၀ (၉၁.၂%)
| မွေးရက် = {{Birth date and age|df=yes|1945|4|20}}
| မွေးနေ့ = သောကြာနေ့
| မိဘများ(ရှိ/မရှိ)- ရှိလျင် (ရှိ)ဟုရေး၍ မရှိလျင် ကွက်လပ်ချန်ရန် = ရှိ
| ဖခင်အမည် =ဦးမောင်ဖြိုး
| မိခင်အမည် =ဒေါ်ခင်ညွန့်
| မောင်ရင်းနှမ၁ =
| မောင်ရင်းနှမ =
| မွေးရပ်ဇာတိ = [[ဧရာဝတီတိုင်း]] ငပုတောမြို့နယ် ကျုံကူးကျေးရွာ
| လူမျိုး= ဗမာ
| နိုင်ငံသား= [[File:Flag of Myanmar.svg|25px]] မြန်မာနိုင်ငံ
| ဘာသာ = [[ထေရဝါဒ|ဗုဒ္ဓဘာသာ]]
| ပညာရေး = စစ်တက္ကသိုလ်ဆင်း (ကိုယ်ပိုင်နံပါတ် ကြည်း-၁၁၂၅၂)
| အလုပ်အကိုင် =
| တည်ထောင်ခဲ့သည့် အဖွဲ့အစည်း =[[ဦးသိန်းစိန် အစိုးရ]]
| နိုင်ငံရေး ပါတီ = [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]] <small> (၂၀၁၀ - လက်ရှိ)</small>
| လူသိများခြင်း= [[မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်များ|နိုင်ငံတော် ဝန်ကြီးချုပ်]]
| ကြင်ဖော်၁ = [[ခင်ခင်ဝင်း၊ ဒေါ်|ဒေါ်ခင်ခင်ဝင်း]]
| သားသမီး = ၃ ဦး
| ကွယ်လွန်ရက် =
| ရရှိခဲ့သော အထူးဆုများ =
| လက်မှတ် = Prez TheinSein Sign.jpg
| ဝဘ်ဆိုတ် =
| စစ်မှုထမ်းရာ ဌာန = တပ်မတော် (ကြည်း)
| စစ်မှုထမ်း စတင်သည့် နေ့ရက် = ၁၉၆၈
| စစ်မှုထမ်း ကုန်ဆုံးသည့် နေ့ရက် = ၂၀၁၀
| စစ်မှုထမ်း ရာထူး = ဗိုလ်ချုပ်ကြီး
|ဆက်လက်တာဝန်ထမ်းဆောင်သူ ၁=[[ဦးထင်ကျော်]]}}
'''ဦးသိန်းစိန်'''သည် လွတ်လပ်ရေးရပြီးနောက် မြန်မာနိုင်ငံ၏ အဋ္ဌမမြောက်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အသက်ဝင်ပြီးနောက် ပထမဆုံးသော [[ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ|နိုင်ငံတော် သမ္မတ]]ဖြစ်သည်။ ဦးသိန်းစိန်သည် ၂ဝ၁၁-ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် သမ္မတအဖြစ် ရွေးချယ် ခံရပြီးနောက် ဧပြီလ (၁)ရက်နေ့မှ ၂၀၁၆ ခုနှစ် မတ်လ ၃၀ ရက်နေ့အထိ သမ္မတတာဝန် ထမ်းဆောင်ခဲ့သည်။ ဦးသိန်းစိန်ကို ၁၉၄၅ ခုနှစ်၊ ဧပြီလ ၂၀ ရက် သောကြာနေ့တွင် [[ပုသိမ်ခရိုင်]]၊ [[ငပုတောမြို့နယ်]] ကျုံကူးရွာတွင် ဖွားမြင်ခဲ့သည်။
၂ဝဝ၇-ခုနှစ် မေလတွင် ယခင်ဝန်ကြီးချုပ် [[ဗိုလ်ချုပ်ကြီးစိုးဝင်း|စိုးဝင်း]] ကျန်းမာရေး အခြေအနေ ကျဆင်းလာပြီးနောက် ဝန်ကြီးချုပ်တာဝန်များကို စတင်ထမ်းဆောင်ရပြီး အောက်တိုဘာလတွင် တရားဝင် ခန့်အပ်ခြင်းခံရသည်။<ref name="Burmese junta">[http://news.bbc.co.uk/2/hi/asia-pacific/6669035.stm Burmese junta choose stand-in PM], BBC.co.uk; retrieved 20 May 2007.</ref><ref name="Burmese junta 2">[http://www.irrawaddy.org/aviewer.asp?a=7115&z=163 Burmese Junta Tips New Prime Minister]; retrieved 20 May 2007.</ref> မြန်မာနိုင်ငံ၏ အမျိုးသားညီလာခံကျင်းပရေးကော်မရှင် ဥက္ကဋ္ဌဖြစ်သည်။ ၂၀၀၈-ခု၊ မေလ ဆိုင်ကလုံး[[နာဂစ်]] ဖြစ်ပွားပြီးသည့်နောက် အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး ဗဟိုကော်မီတီ၏ ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။<ref name="altsean"/>
 
စစ်အစိုးရ၏ လမ်းစဉ် (၇)ရပ်မှ တစ်ရပ်ဖြစ်သည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အသင်း]]ကို အမည်ပြောင်းလဲ ထားသည့် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]] ကိုခေါင်းဆောင်ရန် တာဝန်ပေးအပ်ခြင်း ခံရပြီး ၂၀၁၀ ဧပြီလ မကုန်မီတွင် အခြားသော စစ်အရာရှိ ဝန်ကြီး ဒုဝန်ကြီး (၂၇) ဦးနှင့်အတူ အရပ်ဝတ် လဲလှယ်ပြီး ပါတီကို ထူထောင်ခွင့် လျှောက်ထားခဲ့သည်။ ၂၀၁၀-ပြည့်နှစ် နိုဝင်ဘာလ (၇) ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုရွေးကောက်ပွဲတွင် [[ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ]] ကို ကိုယ်စားပြုလျက် [[နေပြည်တော်]]၊ [[ဇမ္ဗူသီရိမြို့နယ်]] မဲဆန္ဒနယ်တွင် ပါဝင်အရွေးချယ်ခံခဲ့သည်။ ၂၀၁၁ ဖေဖေါ်ဝါရီလ ၄ ရက်နေ့တွင် ပြည်ထောင်စု လွှတ်တော်က သမ္မတအဖြစ် ရွေးချယ် တင်မြှောက်ခြင်းခံခဲ့ရသည်။
 
==ငယ်ဘဝ==
ဦးသိန်းစိန်ကို ၁၉၄၅-ခုနှစ်၊ ဧပြီလ (၂ဝ)ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၊ ကျုံကူးရွာတွင် အဖ ဦးမောင်ဖြိုး (ကွယ်လွန်)၊ အမိ ဒေါ်ခင်ညွန့် (ကွယ်လွန်)တို့မှ မွေးဖွားခဲ့သည်။<ref name="keller">{{cite news|url=http://keller.blogs.nytimes.com/2012/09/30/a-conversation-with-president-u-thein-sein-of-myanmar/|title=A Conversation with President U Thein Sein of Myanmar|last=Keller|first=Bill|date=30 September 2012|work=The New York Times|accessdate=1 October 2012}}</ref> ငယ်နာမည်မှာ မောင်သိန်းစိန် ပင်ဖြစ်သည်။မွေးချင်း(၃)ယောက်တွင် အငယ်ဆုံးသားဖြစ်သည်။ အစ်မကြီးဖြစ်သူမှာ ဒေါ်ရင်လှိုင် ဖြစ်ပြီး အကိုကြီးဖြစ်သူမှာ ဦးမြင့်ထွန်း ဖြစ်လေ၏။
 
==ပညာသင်ဘဝ==
ငယ်စဉ်က အခြေခံပညာကို ပုသိမ်ခရိုင် ငပုတောမြို့ နယ် ကျုံကူးရွာ မူလတန်းကျောင်း၊ ချောင်း၀ရွာ အလယ်တန်းကျောင်း နှင့် ပုသိမ်မြို့ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း တို့၌ ပညာသင်ကြားခဲ့သည်။ အစိုးရအထက်တန်း အောင်မြင်ပြီး ပြင်ဦးလွင် စစ် တက္ကသိုလ်သို့ တက်ရောက်ခဲ့သည်။ ၁၉၆၈-ခုနှစ်တွင် စစ်တက္ကသိုလ် အပတ်စဉ်(၉)၌ ဝိဇ္ဇာဘွဲ့ အထူးပြုဖြင့် အောင်မြင်၍ စစ်သင်တန်းဆင်းခဲ့ပြီး တပ်မတော်တွင် စတင် တာဝန် ထမ်းဆောင်ခဲ့သည်။
 
==နိုင်ငံရေးဘဝ==
စစ်တက္ကသိုလ်မှ သင်တန်း ဆင်းပြီး ရှမ်း (၁) တွင် တာဝန်ထမ်းဆောင်နေစဉ် ၁၉၇၀ ခုနှစ်တွင် ဗိုလ်ကြီး အဆင့်သို့ တိုးမြှင့် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၉၇၀ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ဗိုလ်ကြီး အဆင့်ဖြင့် လည်းကောင်း ၁၉၇၃ ခုနှစ်မှ ၁၉၈၂ ခုနှစ်အထိ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၊ ခမရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့် လည်းကောင်း တာဝန်ထမ်းဆောင် ခဲ့သည်။ ၁၉၈၈ ခုနှစ် တပ်မတော်မှ တိုင်းပြည်အာဏာ ရယူပြီးနောက် တပ်ရင်းမှူး(ဒုတိယဗိုလ်မှူးကြီး) အဆင့်ဖြင့် စစ်ကိုင်းတိုင်း၊ ကလေးမြို့ ခြေလျင်တပ်ရင်း ခလရ (၈၉) တွင် တာဝန် ထမ်းဆောင်ခဲ့သည်။<ref name="mpo">{{cite web|url=http://www.president-office.gov.mm/?q=administration/president|title=ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာ သရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ ဦးသိန်းစိန်၏ ကိုယ်ရေးမှတ်တမ်း အကျဉ်း|publisher=နိုင်ငံတော် သမ္မတရုံး|date=၈ မေ ၂၀၁၄|accessdate=၁၇ မတ် ၂၀၁၆}}</ref>
 
၁၉၉၃ ခုနှစ်တွင် ဗိုလ်မှူးကြီး အဖြစ် ကက(ကြည်း)နှင့် စကခ(၄)၊ ၁၉၉၆ ခုနှစ်တွင် ဗိုလ်မှူးချုပ်အဖြစ် စကခ(၄)နှင့်တသခ၊ ၁၉၉၇ ခုနှစ်တွင် ဗိုလ်ချုပ်အဖြစ် [[တြိဂံဒေသတိုင်းစစ်ဌာနချုပ်|တသခ]]နှင့် ကကရေး၊ ၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် ကက(ကြည်း)တွင်တာဝန်ဆက်လက် ထမ်းဆောင်ခဲ့သည်။
 
၁၉၈၈-ခုနှစ်ဝန်းကျင်က စစ်ကိုင်းတိုင်း၊ ကလေးမြို့ရှိ ခြေလျင် တပ်ရင်းတွင် တပ်ရင်းမှူး တာဝန်ယူပြီးနောက် စစ်ရုံးသို့ပြောင်းရွေ့ကာ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ၏ ကိုယ်ရေးအရာရှိအဖြစ် တာဝန်ယူရသည်။ ထို့ကြောင့် ရုံးလုပ်ငန်းနှင့် အုပ်ချုပ်ရေးဘက်တွင် ကျွမ်းကျင်လာခဲ့သည်။ ၁၉၈၈-ခုနှစ်၊ တပ်မတော်မှ အာဏာသိမ်းပြီးနောက် ကကကြည်းတွင် စစ်ဦးစီး ဗိုလ်မှူးကြီးနှင့် စစ်ဆင်ရေး ကွပ်ကဲရေးမှူးတာဝန်များကို ထမ်းဆောင်ခဲ့ရသည်။ စစ်ဆင်ရေး ကွပ်ကဲမှု စစ်ဌာန ချုပ်များ ဖွင့်လှစ်သည့်အခါ မှော်ဘီမြို့နယ်၊ ဖူးကြီး အခြေစိုက် စကခ(၄)တွင် တပ်မ မှူးဖြစ်လာခဲ့သည်။ ၁၉၉၇-ခုနှစ်တွင် တြိဂံဒေသတိုင်း၊ စစ်ဌာနချုပ် တိုင်းမှူးအဖြစ် တိုးမြှင့်ခန့်ထားခြင်းခံရသည်။ တြိဂံဒေသတိုင်းအား တာဝန်ယူရစဉ် ဘိန်းဘုရင်များနှင့် တစ်ဖက်နိုင်ငံမှ ထိုင်းလူမျိုးများ ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူ ဖြေရှင်းခဲ့ရ သည်။ နယ်စပ်ဒေသရှိ လူမျိုးစုလက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစား ခဲ့ရသည်။ ၁၉၉၈-ခုနှစ်တွင် ဗိုလ်ချုပ်၊ ၂ဝဝ၁-ခုနှစ်တွင် စစ်ရေးချုပ်တာဝန်ကို ယူရသည်။ ထို့နောက် ၂ဝဝ၃- ခုနှစ်တွင် ဒုတိယ ဗိုလ်ချုပ်ကြီးရာထူးအပြင် [[နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ]] အတွင်းရေးမှူး(၂) တာဝန်ယူရလေသည်။ ၂ဝဝ၄- ခုနှစ်တွင် နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အတွင်းရေးမှူး(၁) ဖြစ်လာသည်။
 
၂၀၀၇ ခုနှစ်တွင် ဗိုလ်ချုပ်ကြီးအဖြစ် တိုးမြှင့်ခန့်အပ်ခြင်းခံပြီး<ref name="mpo"/> နိုင်ငံတော်ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း ကျန်းမာရေး ချို့ယွင်းလာသည့်အတွက် ယင်းနှစ် ဧပြီလတွင် ယာယီဝန်ကြီးချုပ် ဖြစ်လာပြီး ထိုနှစ် အောက်တိုဘာလ ၂၄ ရက်တွင် တရားဝင် နိုင်ငံတော် ဝန်ကြီးချုပ် ဖြစ်လာခဲ့သည်။ ၂ဝဝ၈-ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်း ဒဏ်ခံ ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရအရာရှိများထဲတွင် ပထမဆုံးဖြစ်သည်။ နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌ တာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့ပြီး နိုင်ငံတော်အဆင့် အခြား လုပ်ငန်းကိစ္စအဝ၀တွင်လည်း အစိုးရအဖွဲ့ကို ဦးစီးကွပ်ကဲခဲ့ရှိသည်။။ ၂ဝ၁ဝ-ခုနှစ်၊ ဧပြီလ(၂၄) ရက်နေ့တွင် ရွေးကောက်ပွဲဝင်ရန်အတွက် စစ်ဖက်ရာထူး ဗိုလ်ချုပ်ကြီး အဖြစ်မှ နုတ်ထွက်ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့လေသည်။ ထို့နောက် ၂ဝ၁ဝ-ခုနှစ်၊ နိုဝင်ဘာလ၌ ကျင်းပသည့် ရွေးကောက်ပွဲတွင် ဦးသိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက မဲအများစုဖြင့် အနိုင်ရရှိပြီးနောက် သမ္မတဖြစ်လာ သည်။
 
ဦးသိန်းစိန်သည် စီးပွားရေး နာမည်ပျက်ကင်းပြီး နိုင်ငံတကာ အတွေ့အကြုံလည်းရှိသူဖြစ်သည်။ ဦးသိန်းစိန်သည် စာဖတ်အားကောင်းပြီး ဆုံးဖြတ်ချက်ချရာမှာ မှန်ကန်မှု၊ မြန်ဆန်မှု ရှိသည်။ သဘောထား ပျော့ပျောင်းပြီး အားလုံးကို ချစ်ခင် ကြင်နာမှုရှိသည့် ပုဂ္ဂိုလ်ဖြစ်သည်။ ဦးသိန်းစိန်သည် ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
 
== နိုင်ငံရေး ==
ပြည်ထောင်စု ကြံ့ခိုင်းရေးနှင့် ဖွံဖြိုးရေးပါတီဗဟို့အဖွဲ့ ခေါင်းဆောင် အဖြစ် ၂၀၁၀ အထွေထွေ ရွေးကောက်ပွဲတွင် စတင်လှုပ်ရှားကာ ဝင်ရောက်ခဲ့သည်။<ref>{{cite news|url=http://www.irrawaddy.org/article.php?art_id=18388|title=Tight Censorship on Reporting USDP|last=Wai Moe|date=5 May 2010|work=The Irrawaddy|accessdate=22 August 2011}}</ref> ရွေးကောက်ပွဲတွင် [[ပြည်သူ့လွှတ်တော်]]အတွက် နေပြည်တော် ကောင်စီနယ်မြေ ဇဗ္ဗူသီရီ မဲဆန္ဒနယ်ကို ကိုယ်စားပြုကာ [[တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ]] မှ ဦးကျော်အေး နှင့် ယှဉ်ပြိုင်ရွေးကောက်ခံခဲ့ကာ မဲအရေအတွက် ၆၅,၆၂၀ (၉၁.၂%) ဖြင့် အနိုင်ရရှိခဲ့သည်။<ref>{{cite news|url=http://www.burma2010election.com/election/peoples/constituency/673|title=People's parliament candidates in Zabuthiri constituency (Naypyitaw Union Territory)|accessdate=21 August 2011}}</ref>
 
၂၀၁၁ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်နေ့တွင် ဦးသိန်းစိန်သည် [[ပြည်ထောင်စု လွှတ်တော်]]မှ မြန်မာနိုင်ငံအတွက် သမ္မတအဖြစ် ရွေးချယ်ခြင်းခံရသည်။ ၂၀၁၁ ခုနှစ် ဧပြီလ ၁၁ ရက်နေ့မှ စတင်၍ ဒုသမ္မတများ ဖြစ်ကြသော [[တင်အောင်မြင့်ဦး၊ ဦး (သီဟသူရ)|ဦးတင်အောင်မြင့်ဦး]] နှင့် [[ဒေါက်တာစိုင်းမောက်ခမ်း]] တို့နှင့်အတူ မြန်မာနိုင်ငံ သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။<ref>[http://www.bbc.co.uk/news/world-asia-pacific-12362745 Burma ex-Prime Minister Thein Sein named new president], BBC, 4 February 2011.</ref>
 
== စစ်မှုထမ်းဘဝ ==
စစ်တက္ကသိုလ်မှ ဝိဇ္ဇာဘွဲ့ ရပြီးနောက် တပ်မတော်တွင် တာဝန်ထမ်းဆောင်ခဲ့သည်။ ကျောင်းဆင်းပြီး ချိန်တွင် ရှမ်းသေနတ်ကိုင်တပ်ရင်း အမှတ် ၁ မှာ ဒုဗိုလ်အဖြစ် စတင် တာဝန်ထမ်းဆောင်ခဲ့သည်။<ref name="altsean">{{cite web|url=http://www.altsean.org/Research/Regime%20Watch/Executive/President.php|title=President Thein Sein|work=Alternative Asean Network on Burma|accessdate=19 August 2011}}</ref> ၁၉၈၆ ခုနှစ်တွင် ဗိုလ်မှူးကြီးရာထူးသို့ တိုးမြှင့်ခြင်းခံရပြီး တြိဂံ စစ်ဒေသ တိုင်းမှူးအဖြစ် ၁၉၉၇ ခုနှစ်တွင် ခန့်အပ်ခြင်းခံရသည်။ တြိဂံ စစ်တိုင်းတွင် တာဝန်ယူစဉ် ဘိန်းဘုရင်များနှင့် တဖက်နိုင်ငံမှ ထိုင်းလူမျိုးများနှင့် ဆက်စပ်သည့် ကိစ္စအဝဝကို တာဝန်ယူဖြေရှင်းခဲ့ရသည်။
 
နယ်စပ်ဒေသတွင် လှုပ်ရှားလျက်ရှိသော လူမျိုးစု လက်နက်ကိုင်အဖွဲ့ အချို့ကို အပစ်အခတ်ရပ်စဲရန် ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် အမှတ် ၂ ဒေသ မဟာဗျူဟာမှူး (အရှေ့ပိုင်း စစ်ဒေသ) အဖြစ် ခန့်အပ်ခြင်း ခံရပြီး ၁၉၉၂ခုနှစ်တွင် General Staff Colonel အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။ ၁၅-၁၁-၁၉၉၇တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ အစိုးရ ၏ အဖွဲ့ဝင် တစ်ဦးဖြစ်လာခဲ့သည်။
 
၂၀၀၁ ခုနှစ်နှောင်းပိုင်းတွင် စစ်ရေးချုပ်အဖြစ်ပါ ခန့်အပ်ခြင်း ခံရသည်။ နောက် တစ်နှစ် အကြာ၌ ဒုတိယ ဗိုလ်ချုပ်ကြီး ရာထူးသို့ တိုးမြှင့်ပေးခြင်းခံခဲ့ရသည်။
 
== ရာထူးအဆင့်ဆင့် မြင့်တက်လာခြင်း ==
* ၁၉၈၆ ဗိုလ်မှူးကြီး
* ၁၉၈၈- အရှေ့ပိုင်းတိုင်း ၏ အမှတ် ၂ စစ်ဒေသမှူး
* ၁၉၉၂- General Staff Colonel
* ၁၉၉၇- တြိဂံစစ်တိုင်းမှူး -ဗိုလ်မှူးချုပ်
* ၂၀၀၁- စစ်ရေးချုပ်
* ၂၀၀၂- ဒုတိယ ဗိုလ်ချုပ်ကြီး
* ၂၀၀၃- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၂<ref name="altsean2">{{cite web|url=http://www.altsean.org/Research/SPDC%20Whos%20Who/SPDC/TheinSein.htm|title=THEIN SEIN profile|work=Alternative Asean Network on Burma|accessdate=22 August 2011}}</ref><ref name="mm">{{cite news|url=http://www.mmtimes.com/no390/n003.htm|title=Lt-Gen Thein Sein is new PM|date=29 October 2007|work=Myanmar Times|accessdate=22 August 2011}}</ref>
* ၂၀၀၄- နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး ၁<ref>{{cite news|url=http://www.mizzima.com/news/election-2010-/4837-profiles-of-vice-president-nominees.html|title=Profiles of vice president nominees|author=Tun Tun|date=3 February 2011|work=Mizzma News|accessdate=22 August 2011}}</ref>
* ၂၀၀၇- နိုင်ငံတော်ဝန်ကြီးချုပ်<ref name="mm"/>
* ၂၀၀၇- ဗိုလ်ချုပ်ကြီး
* ၂၀၁၀- ဧပြီလ ၂၄ ရက်နေ့ တွင် တပ်မတော်မှ အငြိမ်းစားယူပြီး အရပ်သားဖြစ်လာ
* ၂၀၁၀- ဧပြီ လ၂၈ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ခေါင်းဆောင်အဖြစ် ရွေးကောက်ပွဲ ကော်မရှင်ထံ ပါတီထူထောင်ခွင့်လျှောက်ထား
* ၂၀၁၁-‌‌ဖေဖေါ်ဝါရီလ ၄ ရက်တွင် သမ္မတအဖြစ် ရွေးချယ် တင်မြှောက်
 
== နိုင်ငံတကာ ဆက်ဆံရေး ==
[[File:Thein Sein and Abhisit Vejjajiva handshake.jpg|thumb|သိန်းစိန်နှင့်ထိုင်းဝန်ကြီးချုပ်[[အဘီစစ် ဝိဇ္ဇာဇီဝ]]တို့ ၂၀၁၀ ခုနှစ် အောက်တိုဘာလ ၁၁ ရက်က ဇေယျာသီရိဗိမာန်တွင် ဓာတ်ပုံရိုက်ကြစဉ်။]]
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေး ခရီးစဉ်များအဖြစ် [[တရုတ်နိုင်ငံ|တရုတ်]]၊ [[လောနိုင်ငံ|လာအို]]၊ [[ကမ္ဘောဒီးယားနိုင်ငံ|ကမ္ဘောဒီးယား]]၊ [[သီရိလင်္ကာနိုင်ငံ|သီရိလင်္ကာ]]၊ [[ထိုင်းနိုင်ငံ|ထိုင်း]] စသည့် အိမ်နီးချင်း နိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး၊ နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။<ref>[http://www.theage.com.au/news/World/Burmas-PM-visits-Vietnam/2007/11/09/1194329510113.html Burma's PM visits Vietnam], Associated Press via The Age. Retrieved 11 November 2007.</ref><ref>[http://news.xinhuanet.com/english/2007-11/09/content_7040876.htm Laos, Myanmar set to enhance relations], Xinhua; retrieved 11 November 2007.</ref><ref>[http://www.pr-inside.com/myanmar-s-prime-minister-visits-cambodia-r325144.htm Myanmar's prime minister visits Cambodia to garner support against sanctions]</ref> ထိုအပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ် ၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။
 
၂ဝဝ၈ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒဏ်သင့် ပြည်သူများထံ သွားရောက်ခဲ့သည့် အစိုးရ အရာရှိများထဲတွင် ပထမဆုံး ဖြစ်သည်။
 
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အမျိုးသား သဘာဝဘေး ကာကွယ်တားဆီးရေး ဗဟိုကော်မတီ၏ ဥက္ကဋ္ဌတာဝန်ကိုလည်း ပူးတွဲထမ်းဆောင်ခဲ့သည်။<ref name="Burmese junta">[http://news.bbc.co.uk/2/hi/asia-pacific/6669035.stm Burmese junta choose stand-in PM], BBC.co.uk; retrieved 20 May 2007.</ref><ref name="Burmese junta 2">[http://www.irrawaddy.org/aviewer.asp?a=7115&z=163 Burmese Junta Tips New Prime Minister]; retrieved 20 May 2007.</ref>
 
၂၀၀၉ ခုနှစ် မတ်လအတွင်း သွားရောက်ခဲ့သော [[စင်ကာပူနိုင်ငံ]] ခရီးစဉ်တွင် စင်ကာပူနိုင်ငံက သစ်ခွတစ်မျိုးကို "ဒမ်ဒရိုဗီယမ်သိန်းစိန်" ဟု အမည်ပေး ဂုဏ်ပြုခြင်းခံရသည်။<ref name=th>{{cite news|first=|last=|title=Daw Khin Khin Win, wife of Myanmar's President Thein Sein, looks at an orchid hybrid, the Dendrobium U Thein Sein - Daw Khin Khin Win, named after her during a ceremony at the Singapore Botanical |url=http://townhall.com/photos/2012/01/30/daw_khin_khin_win,_wife_of_myanmars_president_thein_sein,_looks_at_an_orchid_hybrid,_the_dendrobium_u_thein_sein_-_daw_khin_khin_win,_named_after_her_during_a_ceremony_at_the_singapore_botanical |work=Townhall.com (Reuters) |date=2012-01-30 |accessdate=2016-03-13}}</ref><ref name=inq>{{cite news|first=Pam|last=Lim|title=Singapore says it with flowers |url=http://newsinfo.inquirer.net/144281/singapore-says-it-with-flowers |work=Philippine Daily Inquirer |date=2012-02-12 |accessdate=2016-03-13}}</ref>
 
၂ဝ၁ဝ ခုနှစ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌအနေဖြင့် ဦးဆောင်ကာ ပါတီအသွင်ပြောင်းပြီး ရွေးကောက်ပွဲ ဝင်ခဲ့သည်။ ကိုယ်တိုင်လည်း ဇဗ္ဗူသီရိမြို့နယ်မှနေ၍ ပြည်သူ့လွှတ်တော်အတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ အနိုင်ရရှိခဲ့သည်။
 
ရွေးကောက်ပွဲတွင် ဦးသိန်းစိန်ခေါင်းဆောင်သည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှာ အမျိုးသား လွှတ်တော်တွင် ၅၇ ရာခိုင်နှုန်းနှင့် ပြည်သူ့လွှတ်တော်တွင် ၅၉ ရာခိုင်နှုန်း အနိုင်ရရှိခဲ့သည်။
 
၁၉၈၈- ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ် ရရှိခဲ့သည်။
၂၀၁၁- ခုနှစ်၊ အောက်တိုဘာလ(၁၂) ရက်တွင် နိုင်ငံတော်သမ္မတနှင့်ဇနီးဒေါ်ခင်ခင်ဝင်းသည် အိန္ဒိယသမ္မတ၏ ဖိတ်ကြားချက်အရ အိန္ဒိယနိုင်ငံသို့ ချစ်ကြည်ရေးခရီးထွက်ခွာခဲ့သည်။
 
==ဂုဏ်ပြုချီးကျူးခံရခြင်း==
*၁၉၈၈ ခုနှစ်တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်းလက်မှတ်ကို ရရှိခဲ့သည်။
*၂ဝဝ၉-ခုနှစ်၊ မတ်လအတွင်း သွားရောက်ခဲ့သော စင်္ကာပူနိုင်ငံ ခရီးစဉ်တွင် စင်္ကာပူနိုင်ငံမှ သစ်ခွတစ်မျိုးကို "ဒမ်ဒရိုဗီယမ်သိန်းစိန်"ဟု အမည်ပေး ဂုဏ်ပြုခြင်း ခံရသည်။
*၂၀၁၁-ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်တွင် '''အဂ္ဂမဟာသရေစည်သူ၊ အဂ္ဂမဟာ သီရိသုဓမ္မ''' ဘွဲ့ရရှိသည်။
*၂၀၁၂ခုနှစ်၊စက်တင်ဘာလ (၁၉)ရက်တွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယန်လင်းစိုက်ပျိုးရေးနှင့်သစ်တောတက္ကသိုလ် (Northwest Agriculture & Forest University)မှ မြန်မာနိုင်ငံအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှတဆင့် ဆင်းရဲနွမ်းပါးမှုပပျောက်ရေးကြိုးပမ်းမှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်။<ref>[http://myanmar.com/newspaper/kyaymon/Sep18.pdf ၂၃.၀၉.၁၂ ကြေးမုံသတင်းစာ]</ref>
 
==ပြည်ပခရီးများ==
ဝန်ကြီးချုပ်ဖြစ်ပြီးနောက် နိုင်ငံတကာ ချစ်ကြည်ရေးခရီးစဉ်များ အဖြစ် တရုတ်၊ လာအို၊ ကမ္ဘောဒီးယား၊ သီရိလင်္ကာ၊ ထိုင်းစသည့် အိမ်နီးချင်းနိုင်ငံများသို့ သွားရောက်လည်ပတ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ဆောင်ရွက်ခဲ့သည်။ ထို့အပြင် အာဆီယံ အစည်းအဝေးများ၊ တောင်အာရှ နိုင်ငံများ၊ တရုတ်၊ ဂျပန်နှင့် အမေရိကန် နိုင်ငံများသို့ သွားရောက်ခဲ့သည်။ နိုင်ငံတကာ အစည်းအဝေးများသို့ မြန်မာအစိုးရ ကိုယ်စားပြုအဖြစ် တက်ရောက်ခဲ့သည်။
 
==မိသားစု==
ဦးသိန်းစိန်၏ ဇနီးသည်မှာ [[ခင်ခင်ဝင်း၊ ဒေါ်|ဒေါ်ခင်ခင်ဝင်း]]ဖြစ်ပြီး သမီး သုံးဦး ထွန်းကားခဲ့သည်။<ref name="keller">{{cite news|url=http://keller.blogs.nytimes.com/2012/09/30/a-conversation-with-president-u-thein-sein-of-myanmar/|title=A Conversation with President U Thein Sein of Myanmar|last=Keller|first=Bill|date=30 September 2012|work=The New York Times|accessdate=1 October 2012}}</ref> ဦးသိန်းစိန်သည်၂၀၁၂-ခု၊ ဇန်နဝါရီလ၊ ၃၁-နေ့တွင် စင်္ကာပူနိုင်ငံ Mt. Elizabeth ဆေးရုံ၌ ကျန်းမာရေး စစ်ဆေးမှု ခံယူခဲ့သည်။ ဦးသိန်းစိန်မှာ နှလုံးရောဂါရှိပြီး ၂၀၀၄ ခုနှစ်ကစ၍ နှလုံးခုန်စက် တပ်ဆင်ထားရသည်ဟု ဆိုပါသည်။<ref>{{cite news|url=http://www.bbc.co.uk/news/world-asia-pacific-12358204|title=Profile: Burmese leader Thein Sein|date=4 February 2011|publisher=BBC News|accessdate=22 August 2011}}</ref><ref>{{cite news|url=http://www.atimes.com/atimes/Southeast_Asia/ME04Ae01.html|title=Man in the mirror in Myanmar|last=McCoy|first=Clifford|date=4 May 2011|work=Asia Times|accessdate=22 August 2011}}</ref>
 
==ဓာတ်ပုံများ==
<gallery>
File:President Thein Sein (1).jpg|နိုင်ငံတော်သမ္မတဦးသိန်းစိန် (ယာ) ငယ်စဉ်က ဧရာဝတီသင်္ဘောပေါ်တွင် ရိုက်ကူးထားသောပုံ
File:President Thein Sein (2).jpg|နိုင်ငံတော်သမ္မတဦးသိန်းစိန် ဇနီးဖြစ်သူ ဒေါ်ခင်ခင်ဝင်း မင်္ဂလာပွဲတွင် ရိုက်ကူးထားသောပုံ
File:President Thein Sein (3).JPG|နိုင်ငံတော်သမ္မတဦးသိန်းစိန် (ဝဲမှယာ တတိယ) ဗိုလ်လောင်းသင်တန်းဆင်းပွဲတွင်တွေ့ရစဉ်
File:President Thein Sein (4).jpg|နိုင်ငံတော်သမ္မတဦးသိန်းစိန် စစ်မှူထမ်းဘဝ
</gallery>
 
== ကိုးကား ==
{{Commons category|Thein Sein}}
{{Reflist|2}}
 
{{s-start}}
{{s-off}}
{{s-bef|before=[[စိုးဝင်း၊ ဗိုလ်ချုပ်ကြီး|ဦးစိုးဝင်း]]}}
{{s-ttl|title=[[မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်]]|years=၂၀၀၇–၂၀၁၁}}
{{s-aft|after=[[အောင်ဆန်းစုကြည်၊ ဒေါ်|​ဒေါ်​အောင်ဆန်းစုကြည်]]<br>{{small|([[နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်]]ရာထူးဖြင့်)}}}}
 
|-
{{s-bef|before=[[သန်းရွှေ]]<br>{{nowrap|''{{small|နိုင်ငံတော်ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးကောင်စီ၏ ဥက္ကဋ္ဌအဖြစ်}}''}}}}
{{s-ttl|title=[[မြန်မာနိုင်ငံ၏ သမ္မတ]]|years=၂၀၁၁–၂၀၁၆}}
{{s-aft|after=[[ဦးထင်ကျော်]]<br>{{small|ရွေးချယ်}}}}
{{s-end}}
 
 
{{ပြည်ထောင်စုမြန်မာနိုင်ငံတော်၏ သမ္မတများ}}
{{မြန်မာနိုင်ငံတော်၏ ဝန်ကြီးချုပ်များ}}
 
[[Category:မြန်မာနိုင်ငံ၏ သမ္မတများ]]
[[Category:မြန်မာနိုင်ငံ၏ ဝန်ကြီးချုပ်များ]]
{{lifetime|၁၉၄၅| | }}
၈၄၅၅

တည်းဖြတ်မှုများ