ကဗျာလင်္ကာ: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၉၅ -
 
=ကဗျာ အမျိုးအစား=
 
*ကဗျာ
“ကဝီနံ ဣဒံ ကဗျံ” ဟူသော သီလက္ခန် ဋီကာနှင့်အညီ စိန္တာသုတ၊ အတ္ထပဋိဘာန်၊ အသိသန်တော်မူကြသော၊ ကဝိခံပုဂ္ဂိုလ် ၄-ဦးတို့၏၊ ထူးမြတ်သောဥစ္စာ၊ အဆိုအမိန့်, နှစ်သိမ့်ဖွယ်သော သဒ္ဒပဗန္ဓ အစဉ်အလာကို ကဗျာဟု ခေါ်ဝေါ်ကြောင်း။
 
*ဂန္ဓ
၎င်းကဗျာကို “နာနာဘေဒဘိန္နာ ဂီယန္တိ ဥစ္စာရီယန္တိ ဧတ္ထ ဧတေနာတိ ဝါ ဂေါ၊ နာနာအတ္ထံ ဓာရေတီတိ ဓော၊ ဂေါစ သောဓေါစာတိ ဂန္ဓော” ဟု ဝစနတ် လှစ်ကြူးရကား၊ အထူးထူးအပြားပြားသော သဒ္ဒါတို့ကို ဆိုရာဆိုကြောင်း ဖြစ်၍ အထူးထူးသော အနက်ကို ဆောင်တတ်သောကြောင့် ဂန္ဓခေါ်ဆိုသည်။
 
*ဗန္ဓ
ထိုဂန္ဓ အမည်ရှိသည်ကိုလည်း “ကဝီဟိ ဗန္ဓိတဗ္ဗောတိ ဗန္ဓော” ဟူသော ဝစနတ်နှင့်အညီ လေးရပ်သော ကဝိတို့၊ မဏိမုတ္တာ၊ ရတနာရွဲလုံး၊ ပုလဲပြုံးကို၊ တလုံးစီ ရွှေကြိုးသီသကဲ့သို့၊ ကုံးစီဖွဲ့ဆိုအပ်သော သဘာဝ ဗန္ဓဟု အမည်ရ ပြန်သည်။
ထိုဗန္ဓကား ဂါထာ, စုဏ္ဏိယ, ဝိမိဿ ဟု ၃-ဌာန ပြားချေ၏၊ ထိုသုံးပါးအနက် -
 
*ဂါထာ
အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မှတ်၍ ဖွဲ့အပ်သော ဗန္ဓကို ဂါထာဟု ခေါ်ဆိုသည်။
 
*စုဏ္ဏိယ
အက္ခရာ, ဂိုဏ်း, ဂရု, လဟု တို့ကို မမှတ်မူ၍ ဖွဲ့အပ်သော ဗန္ဓကို စုဏ္ဏိယ ဟု ခေါ်ဆိုသည်။
 
*ဝိမိဿ
ထိုနှစ်ပါးစုံကို ရောနှော၍ ဖွဲ့အပ်သော ဗန္ဓကို ဝိမိဿဟု ခေါ်ဆိုသည်။
 
*ဂီတ
ထို ဂါထာ, စုဏ္ဏိယ, ဝိမိဿတို့ကိုပင် “ဒီဃသရေန ဂါယိတဗ္ဗန္တိ ဂီတံ” ဟူသည်နှင့်အညီ ရှည်သောအသံဖြင့် ရင့်ကြူး သီရသောကြောင့် ဂီတဟု သမုတ်ကြောင်း။
 
*လင်္ကာ
၎င်းပြဆိုခဲ့သမျှ ကဗျာစသည်တို့ကိုပင် လောကဝတ်, ဓမ္မဝတ် ညီညွတ်ပြည့်စုံရန် နားတန်ဆာဆင်တတ်ဟန်ကြောင့် “ကဏ္ဏံ အလင်္ကရော တီတိ လင်္ကာ” ဝစနတ်လာသည့်အတိုင်း လင်္ကာဟု ခေါ်ဝေါ်သမုတ် ကုန်သည်။
 
*ပျို့
ပျို့ ဟူ၍ ခေါ်ဝေါ်ဟန်မှာ “မနံ ပိနေတိ ဝဎေုတီတိ ပျို့” ဟူသော ဝိဂြိုဟ်နှင့်အညီ စိတ်ကို နှစ်သက်ပွါးများစေတတ်သောကြောင့် ပျို့ဟူ၍ အမည်ပေးသည်။
 
*ဧချင်း
ဧချင်းဟု ခေါ်ဝေါ်သမုတ်သည်မှာ “အတ္ထုပ္ပတ္တံ ဣယေတိ ဇနေတီတိ ဧချင်း” ဝစနတ် အကျဉ်းနှင့်အညီ မင်းမိဖုရားတို့ ရင်တော်သွေးများကို ဧယဉ်တော်ဆက် မင်္ဂလာအခါတွင် သမ္ဘာရွှေဘုန်း၊ နေနှုန်းဥက္ကဌ်၊ ဇာတိတော် ထူးမြတ်ကြောင်း မှူးမတ်စာဆိုတော် ပညာရှိတို့က သိသာတော်မူစေခြင်း ရွှေနားတော် သွင်းရသည် ဖြစ်၍ ဧချင်းဟု အမည်ရသည်။
 
*အဲချင်း
အဲချင်းမှာ နေနတ်ကယ်မှ ရာဇာ စသဖြင့် ရွာတော်ရှင်, မြို့တော်ရှင်, နတ်သခင်တို့ကို လျှောက်တင်ခေါ် တိုင်တန်းသော ပုစ္ဆန်းသည်တို့၏ အရှင်ဟော အာလုပ် အယျသဒ္ဒါကို စွဲ၍ အဲချင်းဟု ခေါ်ဝေါ်သည်။
 
*အန်ချင်း
အန်ချင်းမှာ အဏ္ဏဝ-သဒ္ဒါပျက်၊ တက်ရေးလှေချင်း၊ ရေသဘင်ကျင်းရာ၌၊ မင်းခန်းစီမံ၊ သီဆိုသော အရင်းခံဖြစ်၍၊ အန်ချင်းဟု အမည်ကြားသည်။
 
*လူးတား
လူးတား ခေါ်သည်မှာ ပေါ်လွင်ရှည်လံသော အသံဟော ပ္လုတ သဒ္ဒါတွင် ပ-အက္ခရာကို ဖျောက်၍ ထိုနောက် လ-၌ ဥ-ကို ဦပြုကာ တ-မှာ အာသရ ကပ် ယှဉ်လျက် ယင်းတို့တွင် ဝိသဇ္ဇနီနှင့် အသံရှည် ရွတ်ဆိုရသောအားဖြင့် လူးတားဟု ခေါ်ဆိုသည်။