ခိုတောင်မုန့်တီ: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၅ -
 
စကြာဒေဝီမိဖုရားကြီး နာမကျန်းဖြစ်ကာ အစားအ သောက် ပျက်သည့်ကာလတွင် သမားတော်များက ဓာတ်စာအဖြစ် '''တီနဲ့တူသောမုန့်ကို စားပါမှ အသက်ရှည်မည်'''ဟု ဆိုသည့်အတွက် ခိုတောင်ရွာမှ မင်းမှုထမ်းများ၏ အကူအညီဖြင့် တီနှင့်တူသော မုန့်ကို ပြုလုပ်စေရာမှ မုန့်တီကို စတင်ကြံဆလုပ်ကိုင်ခဲ့သည်။
တောရွာများတွင် အရွက်သုပ်သည့် နည်းစနစ်ကို အခြေခံကာ ခိုတောင်မုန့်တီသုပ် ပြုလုပ်ပြီးဆက်သရာ မိဖုရားကြီး ခံတွင်းလိုက်ကာ ကျန်းမာလာခဲ့သည်။ အခြားအစားအသောက်များပါ စားသောက်ချင်စိတ် ဖြစ်ပေါ်လာသည့်အတွက် လူမမာစာ သာမက အမြဲတမ်းစားသောက်ဖွယ်အဖြစ် ပြုလုပ်ရောင်းချခိုင်းရာမှ ခိုတောင်မုန့်တီ ဖြစ်ပေါ်လာသည်။
 
ရှေးယခင်က ခိုတောင်ရွာရှိ အမျိုးသမီးအများစုသည် ခိုတောင်ရွာမှ လှေကလေးများ၊ မော်တော်များဖြင့် ဧရာဝတီမြစ် ကိုဖြတ်ကာ မန္တလေးမြို့သို့ ကူးလာကာ မုန့်တီရောင်းကြသည်။ ယနေ့ခေတ်တွင်မူ စစ်ကိုင်းဘက်မှ လိုင်းကားများဖြင့် မန္တလေးသို့ လာရောက် ရောင်းချကြသည်။
 
 
ခိုတောင်ရွာရှိ အမျိုးသမီးအများစု မန္တလေးမြို့ပေါ်တက်ကာ မုန့်တီရောင်းရာမှ ခိုတောင်မုန့်တီ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ခိုတောင်မုန့်တီသည် [[မန္တလေးမုန့်တီ]]ကဲ့သို့ မုန့်ဖတ်ကမကြီး၊ အသားဟင်းအနှစ်များ မပါပေ။ ကြက်သွန်ဖြူနီ ဆီချက်၊ အရောင်တင်ဆီချက်၊ နနွင်းဆီချက်၊ ပဲသီး၊ မုန်လာထုပ် (ဂေါ်ဖီထုပ်)တို့ဖြင့် ရိုးရှင်းစွာသုပ်ထားခြင်းဖြစ်သည်။ ဟင်းချိုရည်မှာ ပိတ်ဆွယ်၊ တရုတ်နံနံ၊ ဗမာနံနံ၊ ငါးခေါင်း၊ ချင်း၊ ကြက်သွန်ဖြူတို့ ထည့်ကာ ချက်သည်။
 
ခိုတောင်မုန့်တီသည်များသည် ဆီချက်ထည့်ရာတွင် ဒန်အိုးများကို အသုံးမပြုဘဲ ဒေသထွက် စဉ့်ထည်အိုးသေးလေးများ၊ စဉ့်အင်တုံများဖြင့် ထည့်ထားတတ်ကြသည်။ ဟင်းချိုရည်အိုးကိုလည်း ဒန်အိုးကို အသုံးမပြုဘဲ လက်ဖြစ်မြေအိုးများဖြင့် ထည့်ထားကြပြီး ဟင်းချို တစ်နေကုန်နွေးနေစေရန် အိုးကို ဖျင်ကြမ်းထည်သန့်သန့်ဖြင့် ပတ်ထားတတ်ကြသည်။