သုဇာတာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး +photo
စာကြောင်း ၁ -
[[File:036 Sujata Offers Milk-Rice (9014432852).jpg|thumb|မြတ်စွာဘုရားအား သုဇာတာ ဃနာနို့ဆိမ်းကပ်လှူနေပုံ]]
'''သုဇာတာ''' သည် ဂေါတမမြတ်စွာဘုရားရှင်လက်ထက်အခါတွင် ပထမဆုံးသရဏဂုံတည်သည့်အရာတွင် ဧတဒဂ်ရခဲ့သည်။ သုဇာတာသည် ဥရုဝေလတောအနီး သေနာနိဂုံးမှ သူဌေးကြီးသေနိယ၏ သမီးဖြစ်သည်။ သူဌေးကြီး၏ သမီးတွင် ယသဆိုသည့် သားတစ်ယောက် ရှိလေသည်။ သူဌေးသမီး သုဇာတာသည် ပထမကိုယ်ဝန်တွင် သားယောက်ျားလေးကို မွေးဖွားပါက ညောင်ပင်စောင့် နတ်မင်းအား ဗလိနတ်စာဖြင့် ပူဇော်မည်ဟု ကတိပေးခဲ့သည်။ သားလေး မွေးလာသည့်အခါတွင်လည်း ဗလိနတ်စာ ကျွေးသည့်အမှုကို ယခုသားဖြစ်သူ အသက်နှစ်ဆယ်ကျော်လာသည့်တိုင် တစ်ကြိမ်မျှ မပျက်မကွက် ပြုခဲ့ပေသည်။ ထိုနေ့ကား ထူးခြား၏။ သုဇာတာသည် ရွှေခွက်ထဲသို့ နို့ဃနာတို့ကို ထည့်ကာ ညောင်ပင်သို့လာခဲ့သည်။ ညောင်ပင်သို့ ရောက်သောအခါ ဘုရားရှင်သည် မလှုပ်မယှက် ငြိမ်သက်ကာနေသည်ကို မြင်လေသော် ညောင်ပင်စောင့်နတ်မင်း အမှတ်ဖြင့် "အရှင် ဤရွှေခွက်နှင့်တကွ နို့ဃနာတို့ကို လှူဒါန်းပါတယ်၊ ရွှေခွက်ကိုပါယူပြီး အလိုရှိရာ ကြွနိုင်ပါတယ်" ဟု ပြောဆိုလျှောက်ထား၏။ ထို့နောက်တွင် ဦးချကာ ပြန်လာခဲ့လေသည်။