မြစ်ဝါမြစ်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၁၂ -
မြစ်ကြမ်းပြင် မြင့်တက်လာသော အခါ၌ ရေကြီးမှုများ ကို၍ အဖြစ်များလာသည်။ မြစ်ဝါမြစ်၏ အခြေအနေသည် ''' တရုတ်ပြည်၏ ကြေကွဲစရာ''' အဖြစ် ဆက်လက်ဖြစ်ပွားနေဆဲပင် ရှိသည်။ သမိုင်းတစ်လျှောက်မှာ ရာစုနှစ်များစွာ ဖြစ်ပွားလေ့ရှိသော မြစ်ဝါမြစ်၏ မြစ်ကြောင်းပြောင်းလဲမှုသည် မကြာသေးမီ ရာစုနှစ်များတွင် ခပ်စိပ်စိပ်ဖြစ်လာခဲ့သည်။ ၁၉၉၀ပြည့်လွန် နှောင်းပိုင်းနှစ်များတွင် မြစ်ဝါမြစ်ရေသည် ခမ်းစပြုလာခဲ့သည်။ စက်ရုံအလုပ်ရုံသုံး နှင့် လူသုံးအတွက် မြစ်ရေကို နှစ်ဆင့်ထား၍ စုပ်တင်ရသည်။ ဆိုးရွားသောအခြေအနေမှ ပိုကောင်းလာအောင် ကြိုးစားအားထုတ်မှုများ လုပ်ခဲ့သော်လည်း ပို၍ ဆိုးမြဲဆိုးလျက်ပင် ရှိနေသည်။
 
၁၉၉၀ ပြည့်လွန်နှစ်များအတွင်းက မြစ်ဝါမြစ်၏ ၄၀%ကို သောက်သုံး၍ ရခဲ့သော်လည်း ၂၀၀၇-ခုနှစ် အရောက်တွင် သုံးပုံတစ်ပုံသာ သောက်သုံး၍ ရတော့သည်။ ရေကြီးလာလျှင် ပြေး၍ မလွတ်နိုင်သလို၊ မြစ်ရေကလည်း ခမ်းခြောက်လာတော့မည့် သဘော ရှိနေသည်။ နေရာဒေသအချို့မှာ ရေကြီးမှုများ ပို၍ အဖြစ်များလာသလို အခြားနေရာဒေသများမှာ သဲကန္တာရအဖြစ်သို့ ပြောင်းလဲမှုများ ပို၍ အဖြစ်များလာလျက် ရှိသည်။
၁၉၉၀
 
မြစ်ဝါမြစ်အတွင်းသို့ အဓိကမြစ်ကြီး ၁၇-စင်း စီးဝင်လျက် ရှိပြီး မြစ်ပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်ရန် ထင်ရှားသော ဆည်ကြီး ၁၃-ခု တည်ဆောက်ထားကာ မြစ်ကိုကား ရထားများ ဖြတ်ကူးနိုင်ရန် အဓိက တံတားကြီး ၂၈-စင်းကို တည်ဆောက်ထားသည်။ မြစ်ကြောင်းတစ်လျှောက်၌ ငါးမွေးမြူရေးလုပ်ငန်းနှင့် ငါးသားဖောက် လုပ်ငန်းများအား အကြီးအကျယ် လုပ်ကိုင်ကြပြီး နာမည်ကြီးသည့် မြစ်ဝါမြစ် လိပ်မွေးမြူရေး စခန်းများလည်း မြောက်များစွာ ရှိသည်။ <ref>မန္တလေး နေ့စဉ်၊ ၁၇.၈.၂၀၁၈၊ စာ-၅</ref>
 
== ကိုးကား ==