အမရပူရမြို့: တည်းဖြတ်မှု မူကွဲများ

→‎ပညာရေး: မန္တလာဒီဂရီကောလိပ်
အရေးမကြီးNo edit summary
စာကြောင်း ၄၄ -
 
'''အမရပူရမြို့''' (တောင်မြို့) သည် [[မန္တလေးတိုင်းဒေသကြီး]]၊ [[မန္တလေးခရိုင်]]တွင် ပါဝင်ပြီး [[မန္တလေးမြို့]]နှင့် ၁၁ ကီလိုမီတာဝေးသော မြို့ဖြစ်သည်။ အမရပူရမြို့နယ်သည် ယခင် အမရပူရနယ်၏ တောင်ဘက်မြို့နယ်ဖြစ်၍ မြောက်ဘက်တွင် မန္တလေးမြို့နှင့် ပုသိမ်ကြီးမြို့နယ်တို့ ရှိကြလေသည်။ အမရပူမြို့သည် ၉၁ စတုရန်းမိုင် ကျယ်ဝန်း၍ ၂၀၁၄ခုနှစ် သန်းခေါင်စာရင်းအရ လူဦးရေ ၂၃၇,၆၁၈ ယောက်<ref name="census-2014">{{cite book|title=သန်းခေါင်စာရင်း အစီရင်ခံစာ|publisher=လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန|location=နေပြည်တော်|date=မေ ၂၀၁၅|series=၂၀၁၄ ခုနှစ် မြန်မာနိုင်ငံလူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း|volume=၂|pages=၅၈|url=https://drive.google.com/file/d/0B067GBtstE5TeUlIVjRjSjVzWlk/view}}</ref> ရှိသည်။
[[File:Ahmapura City.jpg|thumb| အမရပူရမြို့အဝင် (မန္တလေး-စစ်ကိုင်းလမ်း)]]
 
== အမည်နှင့် အဓိပ္ပါယ် ==
အမရပူရမြို့သည် [[ကုန်းဘောင်ခေတ်]]က မင်းနေပြည်တော် နှစ်ကြိမ်ဖြစ်ခဲ့ဖူးသည့် မြို့ဖြစ်သည်။ ယနေ့တွင်မူ မန္တလေးမြို့ မြို့နယ်အတွင်းရှိ တောင်မြို့ ဟုခေါ်သော မြို့နယ်အဖြစ် ပါဝင်လျက်ရှိပါသည်။ အမရပူရမြို့၏ အဓိပ္ပါယ်မှာ မရ=သေခြင်း၊ အမရ=မသေခြင်း၊ ပူရ=မြို့ ဖြစ်၍ မသေသောမြို့ ဖြစ်ပေသည်။ ထို့ကြောင့် အသက်ရှည်သော အဖိုးအဖွားများစွာ နေထိုင်ကြသည်ကို တွေ့ရပေသည်။