ကျောက်မျက် ရတနာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၃၉ -
== စိန်(Diamond) ==
[[File:South Africa-Cullinan Premier Mine02.jpg|thumb|ကမ္ဘာ့အကြီးဆုံးစိန် ထွက်ရှိခဲ့ရာ ပရီမီယာမိုင်းတွင်း (တောင်အာဖရိက)]]
[[စိန်]]ကို ကမ္ဘာ့အကောင်းဆုံး အမာဆုံးတွင်းထွက်အဖြစ် သတ်မှတ်ကြပါသည်။ စိန်ကို အလွယ်တကူ တူးဖော်နိုင်ခြင်းမရှိသလို ဈေးကွက်အတွင်း အဖိုးတန်ကျောက်မျက်အဖြစ် ရောင်းချနိုင်လောက်အောင် သတ်မှတ်အရည်အသွေး (အရောင်၊ သန့်စင်မှု၊ အလေးချိန်၊ ဖြတ်တောက် သွေးခြင်း) တို့ရရန်လည်း အလွန်မှခက်လှပါသည်။ စိန်မှာ ကာဗွန်ဒြပ်စင်ဖြစ်ပြီး မူလရင်းမြစ်အနေနှင့် အလွန်သက်တမ်းရင့်သည့် မီးသင့် ကျောက်များအတွင်းတွင် တွေ့ရှိရပါသည်။ ထိုသို့တွေ့ရှိရန် ပေပေါင်း ရာထောင်ချီသည့် တွင်းနက်ကြီးများတူးဖော်ကာ ရှာဖွေရပြီး အလွန်ကုန်ကျစရိတ် များပါသည်။အဓိကတွေ့ရှိရသည့် အိမ်ခံကျောက်အမျိုးအစားများမှာ အာဖရိကတိုက်တွင် ကမ်ဘာလိုက်(Kimberlite) နှင့် ဩစတြေးလျတွင် လမ်ပိုရိုက်(Lampolite) တို့ဖြစ်ပါသည်။ ဒုတိယရင်းမြစ်အနေနှင့် ပလေစာခေါ် ကြွင်းစုသိုက်များတွင် တွေ့ရှိနိုင်ပါသည်။ သို့သော် စိန်၏အသုံးဝင်ပုံမှာ များပြားလွန်းလှသည့်အတွက် ထုတ်လုပ်သူများ၊ ကုမ္ပဏီကြီးများအနေဖြင့် အကျိုးအမြတ် မနည်းတတ်ကြပေ။ စိန်ကို ကျောက်မျက်ရတနာ တစ်ပါးအဖြစ်သာမက စက်မှုလုပ်ငန်းများ၊ အာကာသသုတေသနများ ၊မျက်စိခွဲသည့် ခွဲစိတ်ဓါးခွဲစိတ်ဓား စသည်ဖြင့် အမျိုးမျိုးသောလုပ်ငန်းများတွင်ပါ အသုံးပြုကြသည်။ ထိုကဲ့သို့ သုံးစွဲရာတွင် ကျောက်မျက်တန်းမဝင်သော စိန်များကိုသာ အသုံးများပါသည်။စိန်သည် အထက်တွင်ဆိုခဲ့သည့်အတိုင်း အလွန်မှ သက်တမ်းရင့် သည့်မီးတောင် ပေါက်ကွဲမှုများ၏ အပူချိန်၊ဖိအား နှင့် အချိန်နှစ်ကာလတို့ကြောင့် စိန်၏မာဆင့်မှာ မိုးလ်စကေးအရကမ္ဘာ့အမာဆုံး အဆင့် (၁၀) တွင်ရှိနေပြီး သွေးယူ ဖြတ်တောက်ခြင်းအတွက်မှု စိန်ကို စိန်ဖြင့်သာပြန်သွေးနိုင်တော့သည်။ ရူပဗေဒ သဘောအရ လားရာ၏ မာကျောမှုပြင်းအား (Directional hardness) ဟူ၍ရှိရာ စိန်မျက်နှာပြင်ကို စိန်၏ အနားစောင်း သို့မဟုတ် စိန်မှုန့်များ ဖြင့်သွေးနိုင်ပါသည်။ စိန်သည် ကာဗွန်ဒြပ်စင်ဆိုသော်လည်း အနည်းငယ်သော နိုက်ထရိုဂျင် ဒြပ်စင် ပါဝင်ခဲ့လျှင် အဝါရောင်သန်းသွားပြီး၊ ဘိုရွန် ဒြပ်စင်ပါဝင်လျှင် အပြာရောင် သန်းနေတတ်သည်။ အဓိက ထွက်ရှိရာဒေသများမှာ ဩစတြေးလျ၊ တောင်အာဖရိက၊ ဘရာဇီး၊ ဆိုက်ဘေးရီးယား(ရုရှား)၊ အိန္ဒိယ၊ အန်ဂိုလာ၊ ဘော့စ်ဝါနာ၊ တရုတ်၊ နီမီးဘီးယား၊ ဆီရီယာလီယွန် နှင့် တန်ဇီးနီးယား တို့ဖြစ်သည်။ အိန္ဒိယသည် စိန်ကို ရှေးအကျဆုံး စတင်တွေ့ရှိသုံးစွဲခဲ့သည့်ဒေသအဖြစ် မှတ်တမ်းဝင်သော်လည်း ယခုအခါ အရည်အသွေးနိမ့်စိန်များကိုသာ ရောင်းဝယ်ခြင်းပြုသည့် အနေအထားတွင်သာ ရှိတော့သည်။
 
== အညံ့ပန်း(Spinel) ==