ဂျင်ဂစ်ခန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ုု +ု)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၃၇ -
=== မိခင်၏ သင်ကြားမှု ===
 
ထိုအချိန်တွင် မွန်ဂို လူမျိုးစုများမှာ တခါတရံ ကြိုတင် စေ့စပ်သည့် လက်ထပ် ပွဲများကြောင့် ခဏတာ မဟာမိတ် ဖြစ်သည်များမှ လွဲ၍ ဘယ်သောအခါမှ စုစုစည်းစည်း မရှိကြပေ။ တီမူးဂျင်သည် မွန်ဂိုးလီးယား၏ နိုင်ငံရေးဥတုကို လေ့လာရင်း၊ လူမျိုးစုများကြား စစ်ပွဲများ၊ လူမျိုးစုချင်း ခိုးဝှက် ဓါးပြဓားပြ တိုက်ခိုက်မှုများ၊ မသမာမှုများနှင့် အဆက်မပြတ် အပြန်အလှန် ဖြစ်ပွားနေကြသော လက်စားချေ မှုများအကြားတွင် ကြီးပြင်းလာရသည်။
 
ထိုကဲ့သို့ ဖြစ်ချင်တိုင်း ဖြစ်နေကြသော မွန်ဂိုးလီးယား မြက်ခင်း လွင်ပြင် ဒေသကြီးမှာ တောင်ပိုင်းမှ [[တရုတ်]]မင်းဆက်များ၏ ဩဇာ လွှမ်းမိုး၍ ဝင်ရောက် စွက်ဖက်ရန် ကြိုးစားနေမှု များလည်း ရှိနေသည်။ တီမူးဂျင်၏ အမေ ဟိုလန်က မွန်ဂိုးလီးယားနိုင်ငံရေး အခြေအနေများနှင့်စပ်လျင်း၍ များစွာ သင်ကြား ပေးခဲ့ရာ အဓိအားဖြင့် မဟာမိတ် ဖွဲ့ခြင်း၏ အရေးပါမှုကို နားလည်အောင် သင်ကြားပေးခဲ့သည်။
စာကြောင်း ၅၂ -
== မဟာမိတ်များကို စည်းရုံးခြင်း ==
[[File:Mongol Empire map.gif|thumb|300px|ဂျင်ဂစ်ခန် အဆင့်ဆင့်သိမ်းပိုက်၍ မွန်ဂို အင်ပိုင်ယာကို တည်ဆောက်ခဲ့ပုံ]]
အလယ်အာရှ ကုန်းပြင်မြင့်သည် တီမူးဂျန် ငယ်စဉ် ကာလ ၁၂၀၀ ခုနှစ်လောက်တွင် လူမျိုးစုများ၊ မဟာမိတ်အဖွဲ့များနှင့် များစွာ အစိတ်စိတ် ကွဲ၍ တည်ရှိခဲ့သည်။ ထို လူမျိုးစုများ၊ မဟာမိတ် အစုများ အထဲတွင် [[နိုင်မန်း]]၊ [[မားကစ်]]၊ [[ယူဂါ့]]၊ [[တာတာ]]၊ [[မွန်ဂို]]နှင့် [[ကာရစ်]] တို့မှာ အချင်းချင်း မသင့်မမြတ် ဖြစ်လေ့ရှိကြပြီး လူမျိုးစု အချင်းချင်း ဓါးပြတိုက်မှုများ၊ဓားပြတိုက်မှုများ၊ အပြန်အလှန် ကလဲ့စား ချေမှုများနှင့် ဖုံးလွှမ်းနေခဲ့သည်။
 
ထိုစဉ် သူ၏ မိသားစုလေး၏ ခေါင်းဆောင် ဖြစ်နေသော တီမူးဂျန်သည် သူ့ ဖခင်၏ သွေးသောက် ညီအစ်ကို ဖြစ်ခဲ့သော ကာရစ် လူမျိုးစု၏ ခေါင်းဆောင် တော့ဂ်ဟရူ အား မဟာမိတ်ပြုရန် တောင်းဆိုခဲ့သည်။ ဘုတ်အူဂျင်ကို မားကစ်လူမျိုးစုမှ ဖမ်းဆီး ခေါ်ဆောင်သွားသော အခါတွင် ထို ကာရစ် လူမျိုးစု၏ မဟာမိတ်မှ အကူအညီပေးခဲ့သည်။ ကူညီရန်အတွက် တော့ဂ်ဟရူက သူ၏ ကာရစ် လူမျိုးစုမှ တိုက်ပွဲဝင် လူအင်အား ၂၀၀၀၀ နှင့်အတူ သူ၏ ငယ်ဘဝ သူငယ်ချင်း ဂျမူကာ ကို စေလွှတ်ခဲ့သည်။ ဂျမူကာသည် နောင်အခါတွင် ဂျဒါရန် လူမျိုးစု၏ ခေါင်းဆောင် ဖြစ်လာခဲ့သည်။ တိုက်ပွဲမှာ အောင်မြင်ခဲ့ပြီး တီမူးဂျန်၏ ဇနီးကို ကယ်တင်လိုက်နိုင်ကာ မားကစ် လူမျိုးစုကို တိုက်ခိုက် အနိုင်ယူလိုက် နိုင်သည်။ ထိုတိုက်ပွဲ နောက်ပိုင်းတွင် တီမူးဂျန်နှင့် ဂျမူကာတို့မှာ သွေးသောက် ညီအစ်ကိုများ ဖြစ်လာကြသည်။