ပန်းပဲ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၂ -
မြန်မာရိုးရာ လက်မှုပညာ [[ပန်းဆယ်မျိုး]] ထဲမှ တစ်ခု ဖြစ်သည်။
 
သံ၊ သတ္တုတို့ကို မီးအပူရှိန်ဖြင့် ပျော့ပျောင်းစေကာ လိုရာပုံရရန် ပုံသွင်းထုရိုက်ရသော လုပ်ငန်းဖြစ်သည်။ မြန်မာ့သမိုင်းတလျှောက်တွင် ပန်းပဲလုပ်ငန်းသည် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ မြန်မာဘုရင်များ၊ စစ်သူကြီးများ၊ စစ်သားများ ကိုင်ဆောင်ရန် ဓါး၊ဓား၊ လှံ၊ လက်နက်များ ထုတ်လုပ်ပေးသည့် အတတ်ပညာ လုပ်ငန်းဖြစ်သည်။ ပန်းဘဲဆိုသည်မှာ သံကိုမီးအားကောင်းကောင်းဖြင့်ရဲနေအောင်ဖုတ်ပြီးလိုရာပစ္စည်းများကို ထုခတ်ရ
သော လုပ်ငန်းဖြစ်သည်။ ပန်းပဲတို့သည် ဓား၊ လှံ၊ ကတ်ကြေး၊ ပေါက်ပြား၊ ဂေါ်ပြား၊ တူ၊ တံဇဉ်း၊ သံတူရွင်းစသည်တို့ကိုပြုလုပ်သည်။ မြန်မာ့သမိုင်းတွင် တကောင်းခေတ်မှစ၍ ပန်းပဲထွန်းကားခဲ့ကြောင်း [[ပန်းပဲမောင်တင့်တယ်]] ဒဏ္ဍာရီတွင်တွေ့နိုင်သည်။