ဟက်စတင်းစ်တိုက်ပွဲ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါတ် +ဓာတ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၁၇ -
ဟာရိုးတပ်များက တောင်ကြောအပေါ်မှ နေရာယူထားကာ အားသာချက်ရယူထားနိုင်ပြီး မြေပြန့်တွင် တပ်စွဲထားသည့် ဝီလီယံ၏တပ်များမှာ အနေအထားအရ တစ်ပန်းရှုံးသကဲ့သို့ရှိနေသည်။ ထို့ပြင် ဟာရိုးတပ်များ၏ နံဘေးတစ်ဖက်တစ်ချပ်စီတွင် တောအုပ်များဖြင့် ကာရံထားသည့်အတွက် ဝီလီယံအနေဖြင့် ရှေ့တည့်တည့်မှ တိုက်ရုံမှတပါး အခြားနည်းလမ်းမရှိတော့သဖြင့် ရှေ့မှသာ တည့်တည့်တိုက်ခိုက်ရတော့သည်။ ဝီလီယံက သူ့တပ်များအား အုပ်စုသုံးစု ခွဲကာ သူ့ငယ်ကျွန်တပ်ဖြစ်သည့် နော်မန်တပ်အား အလယ်တွင်ထား၍ ပြင်သစ်မဟာမိတ်တပ်များကို ညာတောင်ပံတင်သည်။ ဘယ်တောင်ပံတွင်မူ ဘရစ်တန်မဟာမိတ်တပ်များအား နေရာယူစေသည်။ ဟာရိုးကလည်း သူ၏မြင်းတပ်သားများအား ခြေလျင်တပ်အဖြစ်ပြောင်းစေကာ တိုက်ခိုက်စေသည်။
 
နံနက် ၉နာရီအချိန်တွင် ဝီလီယံ၏ စစ်သည်များက တောင်ကုန်းကို တက်၍ တိုက်ပွဲကို စတင်သည်။ နှစ်ဖက်လုံးမှ လေးသည်တော်များကလည်း အပြန်အလှန် ပစ်ခတ်ကြပြီး ခြေလျင်တပ်များကလည်း သည်းသည်းမည်းမည်း တိုက်ခိုက်ကြသည်။ နော်မန်တို့က လှံတံများ၊ဓါးများဖြင့်လှံတံများ၊ဓားများဖြင့် ထိုးခုတ်ကြကာ ဆက်ဇုံတို့ကလည်း ရဲဒင်းများဖြင့် ခုတ်ဖြတ်ကြသည်။ ထိုသို့တိုက်ပွဲပြင်းထန်နေချိန်တွင် ဘရစ်တန်တပ်များက စစ်မြေပြင်ကို စွန့်ခွာထွက်ပြေးသဖြင့် ဆက်ဇုံတို့ လိုက်လံတိုက်ခိုက်ကြစဉ်တွင် ဝီလီယံကျဆုံးပြီ ဟူသော ကောလာဟလထွက်ပေါ်လာပြီး နော်မန်တပ်များအားလုံး တွေဝေသွားကြရသည်။ ထိုအချိန်တွင် ဝီလီယံက သံခမောက်ကို ချွတ်ကာ ဝှေ့ရမ်းပြပြီး သူအသက်ရှင်လျက် တိုက်ပွဲဝင်နေသေးကြောင်းကို အော်ဟစ်ပြောဆိုရာမှ နော်မန်များ အားတက်လာပြီး ရွတ်ရွတ်ချွံချွံ တိုက်ခိုက်ကြသည်။ ဝီလီယံကိုယ်တိုင်ပင် ဓါးလွတ်ကိုကိုင်၍ဓားလွတ်ကိုကိုင်၍ တိုက်ခိုက်လာသဖြင့် တပ်သားများလည်း စိတ်ဓာတ်တက်ကြွလာကြသည်။ ထွက်ပြေးသွားသော ဘရစ်တန်တပ်များနောက်သို့လိုက်သည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက အနိုင်ရလိုက်သည်။
 
ထိုအခြေအနေတွင် ဝီလီယံမှ စစ်မြူသောအနေဖြင့် ပရိယာရ်ပြုကာ နော်မန်တပ်များကို နောက်သို့အနည်းငယ် ဆုတ်စေရာ ဆက်ဇုံတို့က ၎င်းတို့ဘုရင် ဟာရိုးအားကာကွယ်နေရာမှ ရှေ့ထွက်ကာ နော်မန်တပ်များအား လိုက်လံတိုက်ခိုက်သည်။ ထိုအချိန်တွင်ပင် အကာအကွယ်နည်းပါးသွားသည့် ဟာရိုးဘုရင်၏ ညာမျက်လုံးအား နော်မန်လေးသည်တော်တစ်ဦး ပစ်ခတ်လိုက်သည့် မြှားချက်သင့်သည်။ ဟာရိုးဒဏ်ရာရကြောင်း ဆက်ဇုံများ ကြားကာ ဖရိုဖရဲဖြစ်သွားကြစဉ်ခဏအတွင်းတွင်ပင် နော်မန်တပ်များက ဟာရိုးဘုရင်ရှိရာသို့ ထိုးဖောက်တိုက်ခိုက်ကာ ဟာရိုးအားသတ်ဖြတ်လိုက်ကြတော့သည်။ ထွက်ပြေးကြသည့် ဆက်ဇုံများကိုလည်း နော်မန်တပ်များက လိုက်လံထိုးခုတ်သတ်ဖြတ်ကြသည်။