ဖရီးဒရစ် ရှီးလား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဓါး +ဓား)
စာကြောင်း ၂ -
'''ယိုဟန်းဖရီးဒရစ် ဖွန်ရှီးလား'''(ခရစ် ၁၇၅၉-၁၈ဝ၅)သည် ပြဇာတ်နှင့် ကဗျာ ရေးသားရာတွင် ထင်ရှားကျော်ကြားသော ဂျာမန်စာဆိုပညာရှင် တစ်ဦး ဖြစ်ပေသည်။ သူ့ခေတ် သူ့အခါက စာဆိုကြီး ဂါထာမှ လွဲလျှင် ပြဇာတ်အရေးအသား၌ အတော်ဆုံးဟူ၍ နာမည်ကျော်ကြားခဲ့သည်။ ရှီးလား၏ ပြဇာတ်များသည် ဇာတ်ကြောင်းဖွဲ့ပုံ၊ ဇာတ်ကောင်များကို သရုပ်ဖော်ပုံတို့၌ သူမတူအောင် ကောင်း မွန်လေသဖြင့် ရုံတင်ပြသရာတွင် ပထမတန်းပြဇာတ်များလည်း ဖြစ်ကြသည်။ ရှီးလားသည် ငယ်စဉ်ကပင် ဖိနှိပ်ချုပ် ချယ်မှုကို ရွံရှာမုန်းတီးသည့်အလျှောက် သူ၏ပြဇာတ်များသည် မတရား ချုပ်ချယ်မှုများကို ပြင်းထန်စွာ ရှုတ်ချ၍ ဂျာမန်လူထုအား မတရားမှုများကို တော်လှန်ရေးစိတ်ဓာတ်များ သွင်းပေးခဲ့သည်။ရှီးလားသည် ဗပ်တင်ဗတ်နယ်ရှိ မားဗတ်မြို့ကလေး၌ ၁၇၅၉ ခုနှစ် နိုဝင်ဘာလ ၁ဝ ရက်နေ့တွင် မွေးဖွားသည်။ ဖခင်သည် ဗပ်တင်ဗတ်နယ်စားကြီး၏ စစ်တပ်မှ ဆေးဘက် ဆိုင်ရာ အရာထမ်း အမှုထမ်းများ၏ သားသမီးများအား ပညာ သင်ကြားပေးပြီးလျှင် မိမိစိတ်ကြိုက်အတိုင်း ပုံသွင်းနိုင်ရန် စစ်ကျောင်းတစ်ကျောင်း ဖွင့်သည်။ စစ်ကျောင်းဆိုသော်လည်း စစ်ပညာသာမက ဥပဒေပညာ စသည်တို့ကိုလည်း သင်ကြား ပေးသည်။ ကျောင်း၏ စည်းကမ်းစံနစ်တို့မှာ စစ်တပ်စည်းကမ်း စံနစ်အတိုင်း ဖြစ်သည်။ ရှီးလားသည် ထိုကျောင်း၌ မနေလို သော်လည်း ဖခင်က မင်းမှုထမ်းဖြစ်နေ၍ အာဏာမဖီဆန်ဝံ့ သဖြင့် ထိုကျောင်း၌ ပညာဆည်းပူးရ သည်။ သို့သော် လူ့ အခွင့်အရေးနှင့် လွတ်လပ်မှု ချုပ်ချယ်ခြင်းများကို ထိုစဉ်ကပင် မနှစ်သက်ဘဲ တော်လှန် ရေး စိတ်ဓာတ်များ တစ်စတစ်စ မွေးမြူခဲ့လေသည်။
 
ရှီးလားသည် ထိုကျောင်း၌ ဥပဒေပညာကို ဆည်းပူးသည်။ ထိုနောက် ထိုကျောင်းကို တပ်ဂတ်မြို့သို့ ပြောင်းရွေ့ဖွင့်လှစ် သောအခါ ထိုကျောင်း၌ ဆေးအတတ်ပညာ သင်ကြားရေးဌာန ကိုပါ ဖွင့်လှစ်သည်။ ထိုအခါ ရှီးလားသည် ဖခင်နည်းတူ ဆရာဝန်တစ်ဦး ဖြစ်နိုင်ရန် ဆေးအတတ်ပညာကို လေ့လာ ဆည်းပူးသည်။ ထိုစဉ်အတွင်း ငယ်စဉ်ကပင် စာပေဝါသနာထုံခဲ့ သူ ဖြစ်၍ စာပေများကို ရေးသားလေ့ကျင့်နေခဲ့သည်။ သူသည် ''ဓါးပြများဓားပြများ''အမည်ရှိ ပြဇာတ်တစ်ခုကို လျှို့ဝှက်စွာ ရေးသားခဲ့ လေသည်။
 
၁၇၈ဝ ပြည့်နှစ်တွင် ရှီးလားသည် ကျောင်းမှ ထွက်ရ၍ စတပ်ဂတ်ရှိ စစ်တပ်တစ်တပ်တွင် ဆရာဝန်အဖြစ် အမှုထမ်းရ သည်။ အလုပ်ပင်ပန်း၍ လစာရိက္ခာ ကောင်းစွာမရသဖြင့် သုံးစွဲဖို့ ငွေကြေးပို၍ ရလိုရငြား ရှီးလားသည် ငွေချေးပြီးလျှင် သူလျှို့ဝှက်စွာ ရေးသားခဲ့သော ''ဓါးပြများဓားပြများ''ပြဇာတ်ကို ပုံနှိပ် ထုတ်ဝေသည်။ ထိုပြဇာတ်သည် စာပေလောကသို့ ဂယက်မရိုက် သေးသော်လည်း ပြဇာတ်များကို ရုံတင်ပြသသူပြဇာတ် ဒါရိုက် တာကြီး တစ်ဦးသည် ရှီးလား၏ ပြဇာတ်ကို သဘောကျနေခဲ့ သည်။ ထိုကြောင့် ရှီးလားအား ထိုပြဇာတ်ကို ရုံတင်ပြသနိုင် အောင် ပြန်၍ ပြုပြင်ရေးသားစေပြီးသော် မန်းဟိုင်းမြို့ ပြဇာတ် ရုံတွင် ၁၇၈၁ ခုနှစ်၌ ရုံတင်ပြသရာ အထူးအောင်မြင်လေသည်။
 
ထိုအခါ စစ်တပ်မှ ဆရာဝန်ကလေးသည် ပြဇာတ် အရေး ကောင်းသည်ဟု နာမည်ကြီးလာသည်။ ရှီးလားသည်လည်း မိမိ ပြဇာတ်၏ အောင်မြင်မှုအတွက် အားတက်ပြီးသော် နောက်ထပ် ပြဇာတ်တစ်ပုဒ် ရေးသားသည်။ သို့သော် မိမိတို့၏အရှင်သခင် နယ်စားကြီးက မနှစ်သက်သဖြင့် ချုပ်ချယ်မှုများ ပြုလာသည်။ ထိုကြောင့် ရှီးလားသည် ဗပ်တင်ဗတ်နယ်မှ ထွက်ပြေးပြီးလျှင် ပလက်တနိတ်နယ်၌ သွားရောက်ခိုလှုံနေထိုင်၍ ပြဇာတ်ရေးသား နေခဲ့သည်။ ထိုနောက် နယ်စားကြီးက သူ့အပေါ်တွင် နောက် ထပ် အရေးယူ ချုပ်ချယ်မှုများ မပြုတော့ကြောင်း သိရလျှင် ရှီးလားည် မန်းဟိုင်းသို့ ပြန်လာကာ ရုံတင်ပြသရန် ပြဇာတ် များကို ရေးသားနေခဲ့သည်။