အယ်လဗတ် ရွိုက်ဇာ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
စာကြောင်း ၅၃ -
နီးစပ်လိုလျှင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပေက္ခာတည်း ဟူသော ဗြဟ္မစိုရ်ရတရား လေးပါးကို လက်ကိုင်ပြု၍ လူသား အချင်းချင်း ဆက်ဆံရေးဖြစ်ပေရာ သူ၏စကားနှင့်အညီလည်း ကိုယ်တိုင် လိုက်နာဆောင်ရွက်ခဲ့သည်။
 
ရွှိုင်ဇာ၏ ဆေးရုံသည် လောဘ၊ ဒေါသ၊ မောဟတို့ဖြင့် အရှိန်တငြီးငြီး တောက်လောင်ပူပြင်းနေသော သဲကန္တာရကြီးနှင့် တူသည့် ကမ္ဘာကြီးအလယ်၌ မေတ္တာ၊ ကရုဏာ၊ မုဒိတာတရား တို့ဖြင့် ပြည့်လျှမ်းသော စမ်းရေအိုင်ကလေးသဖွယ် ဖြစ်ပေသည်။ ထိုကြောင့် ကမ္ဘာ့နိုင်ငံကြီးများက ရွှိုင်ဇာ၏ မွန်မြတ် သော လုပ်ငန်းကို အားပေးချီးမြှင့်လျက် ရှိကြ၍ ဘုရင် သမ္မတ စသော နိုင်ငံထိိပ်သီးခေါင်းဆောင်ကြီးများကပင်နိုင်ငံထိပ်သီးခေါင်းဆောင်ကြီးများကပင် ရွှိုင်ဇာအား ကြည်ညိုလေးစားစွာ ဆက်ဆံကြသည်။ အလွန်များပြားလှသော တာဝန်ဝတ္တရားများကို အသက် ရှစ်ဆယ်ကျော်၍ ကိုးဆယ်ပိုင်း
သို့ ချဉ်းကပ်လာသည့်တိုင်အောင် ဖျတ်လတ်သွက်လက်စွာဖြင့် စီမံဆောက်ရွက်နိုင်သော ဒေါက်တာရွှိုင်ဇာ၏ ကိုယ်လက်ကြံ့ ခိုင်မှု၊ စိတ်ဓာတ်ကြံ့ခိုင်မှုတို့သည် ချီးကျူးဖွယ်ရာ ဖြစ်သည်။ ရှစ်ဆယ်ကျော်ပိုင်းသို့ ရောက်လာသည်မှစ၍ ဒေါက်တာရွှိုင်ဇာ သည် ခွဲစိတ်ကုသမှုတို့ကို ကိုယ်တိုင် မဆောင်ရွက်တော့ဘဲ စီမံခန့်ခွဲမှုပိုင်းကို ပို၍ အလေးပေး ဆောင်ရွက်ခဲ့သည်။ တောင့်တင်းကြံ့ခိုင်သော ကိုယ်နေဟန့်ထား သိမ်မွေ့နူးညံ့လှသော်လည်း စူးရှထက်မြက်သော မျက်နှာအမူအရာတို့သည် ဒေါက်တာရွှိုင်ဇာ အား တွေ့မြင်ရသူများအဖို့ ကြည်ညိုလေးစား စိတ်နှင့်အတူ
ချစ်ခင်အားကိုးစိတ်တို့ပါ ပေါ်ပေါက်စေနိုင်သည်။ ဒေါက်တာ ရွှိုင်ဇာသည် မိမိ၏ရည်မှန်းချက်၏ အောင်မြင်သောအသီးအပွင့် များကို ကျေနပ်စွာ ကြည့်ရင်း လမ်ဗာရေးနေးဆေးရုံကို အရှိန် ကောင်းကောင်းဖြင့် ပြုစုပျိုးထောင်လျက်ကပင် အသက် ၉ဝ ပြည့်ပြီးနောက် ကိုးလခန့်အလွန်တွင် ၁၉၆၅ ခုနှစ် စက်တင်ဘာလ လေးရက်နေ့၌ သူ၏စိတ်ဆန္ဒအတိုင်းပင် လမ်ဗာရေးနေး တောတွင်းဆေးရုံဝင်းရှိ နေအိမ်တွင် လူကြီးရောဂါဖြင့် ကွယ်လွန်သည်။ ဇနီးသည် ဟယ်လင်ရွှိုင်ဇာသည် ၁၉၅၇ ခုနှစ်၌ ဥရောပတွင် ကွယ်လွန်ခဲ့၍ ဇနီးသည်၏ အရိုးပြာကို လမ်ဗာရေးနေးနေအိမ်နှင့် မနီးမဝေးတွင် မြှုပ်နှံထားခဲ့ရာ ထိုနေရာနှင့် ယှဉ်လျက် ဒေါက်တာရွှိုင်ဇာကို မြှုပ်နှံခဲ့ကြသည်။ ပြိုင်စံရှားလှသော လူမှုဝန်ထမ်း စေတနာရှင် တောပျော်ဆရာဝန်ကြီးက အပင်ပန်းအဆင်းရဲခံ၍ သူမတူသော ဇွဲလုံ့လတို့ဖြင့် အကောင်အထည်ဖော်ခဲ့သည့် လမ်ဗာရေးနေး ဆေးရုံနှင့် လူမှုဝန်ထမ်း လုပ်ငန်းကိစ္စ အဝဝတို့ ဆက်လက်တည် တံ့ခိုင်မြဲစေရန် ဒေါက်တာရွှိုင်ဇာ၏ တစ်ဦးတည်းသောသမီး မစ္စက်ရီးနားက တာဝန်ယူ ဆောင်ရွက်လျက် ရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၁)</ref>