တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၈၉ -
ကာနယ်ဆင်ဗဆင်သည် သူ့တပ်သားများအား စုရုံးကာ မင်းလှခံတပ်သို့ အတင်းချီ၍ ခံတပ်၏ အပေါ်ထပ်သို့ ခက်ခဲစွာ တက်ကြသည်။ အင်္ဂလိပ် ရေတပ်မှလည်း မင်းလှခံတပ်သို့ အမြောက်များဖြင့် လှမ်း၍ပစ်ပေးနေသည်။ မြန်မာတပ်သားများ၊ အင်္ဂလိပ်တပ်သားတို့ ဘတပြန်-ကျားတပြန် လုံးထွေးတိုက်ခိုက်ကြသည်။ မြန်မာ့တပ်မတော်မှလည်း အင်္ဂလိပ် သင်္ဘောများကို အမြောက်များနှင့် ပြန်လည်ပစ်ခတ်သည်။
ထိုစဉ် ဘင်္ဂေါခြေလျင်တပ်ရင်း ၁၂ သည် ခံတပ်၏ တောင်ဘက်မှကွေ့၍မြစ်ကမ်းပါးဘက်တွင် နေရာယူပြီး၊ ခံတပ်၏ အရှေ့ဘက် တံခါးမကြီးကို ဝင်ရောက်တိုက်ခိုက်သည်။ မြန်မာတို့ဘက်မှ ရှိသမျှအင်အား၊ လက်နက်ခဲယမ်းများဖြင့် အစွမ်းကုန် ကြိုးစားခုခံကြသော်လည်း လက်နက်ချင်းမမျှ ကျွမ်းကျင်မှုတွင်လည်း ကွာခြားလေသောကြောင့် ၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၁၇ ရက်နေ့၊ ညနေ ၃ နာရီ ၁၅ မိနစ် အချိန်တွင် မင်းလှခံတပ်မှာ အင်္ဂလိပ်တို့ လက်အောက်သို့ ကျဆုံးခြင်း ခံလိုက်ရလေသည်။ထိုတိုက်ပွဲတွင် မြန်မာတို့ဘက်မှ တပ်သား ၁၇၀ ခန့် ကျဆုံးပြီး ၂၇၆ ယောက်ခန့် အဖမ်းခံရလေသည်။<ref>http://en.wikipedia.org/wiki/Third_Anglo-Burmese_War</ref>
နောက်နေ့တွင် အင်္ဂလိပ်တို့ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ချီတက်လာကြသည်။ မကွေးမြို့၌ ဧရာဝတီမြစ်ကြောင်းကို ပိတ်ဆို့ရန် တာဝန်ပေးခြင်း ခံရသော အီတလီလူမျိုး ကိုမိုကိုမိုတိုနှင့် မိုလီနာရီတို့ လက်နက်ချရလေသည်။
ညောင်ဦး၊ ပခုက္ကူ၊ မကွေးမြို့များကို သိမ်းယူလေသည်။
 
==မြန်မာတို့ လက်နက်ချရခြင်း==
နောက်ပိုင်း၌ တိုက်ပွဲများမှာ ပြင်းထန်မှု မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကင်းဝန်မင်းကြီး ဦးကောင်းသည် အင်္ဂလိပ်တို့နှင့် ပြေလည်စေရန် လိုလားပြီး အင်္ဂလိပ်တပ်များအား ဆက်လက်တိုက်ခိုက်ခြင်း မပြုရန် အမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးကောင်း၏ အမိန့်တော်ကို မြန်မာ့တပ်မတော် အချို့သာ လိုက်နာပြီး အချို့မှာ ။။။။။။။။။။။။။။။။။။''''''''