တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၁၀၀ -
နောက် မြန်မာဘုရင် [[သီပေါမင်း]]နှင့် ဘုရင့်မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနောက် တတိယ အင်္ဂလိပ်မြန်မာစစ်ပြီးဆုံးခဲ့သည်။ တဆက်တည်းတွင် အထက်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
==စစ်ရှုံးခြင်း အကြောင်းအရင်းများ==
မြန်မာတို့ အင်္ဂလိပ်တို့အား စစ်ရှုံးရခြင်းသည် ခေါင်းဆောင်တို့၏ ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်သည်။
မြန်မာနိုင်ငံ နန်းတွင်းရေး မငြိမ်သက်မှုများကြောင့် နိုင်ငံရေးနှင့် ပုဂ္ဂိုလ်ရေး အုပ်စုကွဲများ များပြားလာလေသည်။ ထိုသို့ နိုင်ငံရေး၊ ပုဂ္ဂိုလ်ရေး ကွဲ၍ စည်းလုံးညီညွှတ်ခြင်း မရှိသဖြင့် အုပ်ချုပ်ရေး ညံ့ဖျင်းလာခဲ့သည်။ အမိန့်နာခံမှု မရှိ၊ စည်းကမ်းသေဝပ်ခြင်း ကင်းမဲ့လာခဲ့သည်။ စီးပွားရေးဘက်တွင်လည်း တောင့်တင်းမှု မရှိခဲ့ခြေ။ အင်္ဂလိပ်တို့က လက်နက်အင်အား လူအင်အား ၊ ထောက်ပံ့ပို့ဆောင်မှု စွမ်းအင်များသည် မြန်မာတို့ မယှဉ်သာအောင် ကောင်းမွန်လျက်ရှိသည်။
မြန်မာနိုင်ငံရေး အခြေအနေ မငြိမ်မသက် ဖြစ်နေပြီး နန်းတွင်းရေး အရှုပ်အထွေးများကြောင့် အမြဲတမ်း မြန်မာ့တပ်မတော်နှင့် အရေးပေါ် ဆင့်ခေါ်၍ ဖွဲ့စည်းထားသော တပ်များသည် အင်္ဂလိပ်တို့အား တစည်းတလုံးတည်း တိုက်ခိုက်ခြင်း၊ အချိန်နှင့် ကိုက်၍ တိုက်ခိုက်ခြင်း မပြုနိုင်ခဲ့ခြင်းသည်လည်း အကြောင်းအရင်းတစ်ရပ် ဖြစ်ခဲ့သည်။ စည်းလုံးညီညွှတ်သော ဦးဆောင်မှုများလည်း ကင်းမဲ့နေခဲ့သည်။
မြန်မာတို့သည် ခေတ်နှင့် အလိုက်တိုးတက်လျက်ရှိသော စစ်ပညာများကို လျစ်လျူ ရှုခဲ့မိသဖြင့် ပထမ နှင့် ဒုတိယ အင်္ဂလိပ် -အင်္ဂလိပ်မြန်မာစစ်ပွဲများ ရှုံးနိမ့်ခဲ့ရလေသည်။ ထိုသို့ ရှုံးနိုမ့်ခဲ့ရခြင်းကို ပြုပြင်ရန် ကြိုးစားခဲ့သော်လည်း အချိန်နှောင်းခဲ့ရသောကြောင့်ဖြစ်နိုင်သည်။
 
==ဆန်းစစ်သုံးသပ်မှု==