တတိယ အင်္ဂလိပ် - မြန်မာစစ်: တည်းဖြတ်မှု မူကွဲများ

စာကြောင်း ၉၄ -
နိုဝင်ဘာလ ၂၂ ရက်နေ့တွင် သောင်ဦးမြို့၌ အင်္ဂလိပ်တို့ ချီတက် တိုက်ခိုက်ခြင်းကို မြန်မာတို့က အမြောက်များဖြင့် ပစ်ခတ်ကာကွယ်ခဲ့ကြသည်။ သို့သော် အင်္ဂလိပ်တို့သည် မြို့ထဲသို့ ရောက်ရှိအောင် ချီတက်တိုက်ခိုက် ပြီး သောင်ဦးမြို့ကိုသိမ်းပိုက်လိုက်သည်။ ၂၄ ရက်နေ့တွင် ပခုက္ကူမြို့ကို ဖြတ်ကျော်ပြီး မြင်းခြံမြို့ကို တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ အင်္ဂလိပ်တပ်များသည် ရန္တပိုရွာကို ၂၆ ရက်နေ့၌ ရောက်ရှိဖြတ်ကျော်ကြသည်။ ၎င်းနေ့တွင် ငဇွန်ရွာအနီးတွင် မြန်မာဘုရင်ထံမှ ကျောက်မြောင်းအတွင်းဝန် နှင့် ဝတ်မစွတ်ဝန်ထောက်တို့ ဦးဆောင်သော အဖွဲ့မှ စစ်ပြေငြိမ်းရေးစကား ကမ်းလှမ်းသည်ကို အင်္ဂလိပ်တို့က လက်မခံဘဲ ငြင်းဆိုလိုက်သည်။ ထိုနောက် ၂၇ ရက်နေ့တွင် အင်းဝမြို့သို့ ချီတက်လေသည်။
 
==မြန်မာတို့ လက်နက်ချရခြင်းလက်နက်ချရခြင်းနှင့် သီပေါမင်း ပါတော်မူရခြင်း==
နောက်ပိုင်း၌ တိုက်ပွဲများမှာ ပြင်းထန်မှု မရှိတော့ချေ။ အဘယ့်ကြောင့်ဆိုသော် ကင်းဝန်မင်းကြီး ဦးကောင်းသည် အင်္ဂလိပ်တို့နှင့် ပြေလည်စေရန် လိုလားပြီး အင်္ဂလိပ်တပ်များအား ဆက်လက်တိုက်ခိုက်ခြင်း မပြုရန် အမိန့် ထုတ်ပြန်ခဲ့သည်။ သို့သော် ဦးကောင်း၏ အမိန့်တော်ကို မြန်မာ့တပ်မတော် အချို့သာ လိုက်နာပြီး အချို့မှာမူ လိုက်နာခြင်း မရှိသဖြင့် တိုက်ပွဲများမှာ ဟိုတစ သည်တစ တိုက်ခိုက်နေခဲ့ကြသည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၇ ရက်နေ့တွင် အင်းဝခံတပ်ရှိ ဗိုလ်မှူးကင်း၊ အတွင်းဝန်ခေါင်ဆောင်သော မြန်မာတပ်များကို အင်္ဂလိပ်တို့ ဝန်းဝိုင်း တိုက်ခိုက်ရန် ပြင်ဆင်နေစဉ် နေပြည်တော်မှ အမိန့်အရ မြန်မာတို့ လက်နက်ချလိုက်ရသည်။ ထို့အပြင် နိုဝင်ဘာ ၂၈ ရက်နေ့၌ မန္တလေးနေပြည်တော် ဆိပ်ကမ်းသို့ အင်္ဂလိပ်တပ်များ ​ရောက်ရှိသည်။ ၎င်းနေ့တွင် အင်္ဂလပ်တပ်များက နန်းတော်သို့ ချီတပ်ဝန်းရံပြီးနောက် သီပေါမင်းနှင့် ကင်းဝန်မင်းကြီး ဦးဆောင်သော မြန်မာမှုးမတ်များနှင့် တွေ့ဆုံ၍ လက်နက်ချရန် စကား ကမ်းလှမ်းခဲ့သည်။
၁၈၈၅ ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့တွင် မြန်မာတို့လက်နက်ချရလေသည်။ဗိုလ်ချုပ် ပရင်ဒါဂတ် ဦးဆောင်သော အင်္ဂလိပ်တပ်များသည် စစ်အခမ်းအနားဖြင့် ချီတက်ကာခဲ့ပြီး
နောက် မြန်မာဘုရင် [[သီပေါမင်း]]နှင့် ဘုရင့်မိဖုရား စုဖုရားလတ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထိုနောက် တတိယ အင်္ဂလိပ်မြန်မာစစ်ပြီးဆုံးခဲ့သည်။ တဆက်တည်းတွင် အထက်မြန်မာနိုင်ငံသည်လည်း ဗြိတိသျှကိုလိုနီ လက်အောက်သို့ ကျရောက်ခဲ့ရသည်။
[[Image:British forces arrival mandalay1885.jpg|thumb|left|150px|သီပေါမင်း ပါတော်မူ၍ မြန်မာတို့ ဝမ်းနည်းစွာ နှုတ်ဆက်နေရပုံ]]
 
==စစ်ရှုံးခြင်း အကြောင်းအရင်းများ==
မြန်မာတို့ အင်္ဂလိပ်တို့အား စစ်ရှုံးရခြင်းသည် ခေါင်းဆောင်တို့၏ ညီညွတ်မှု မရှိခြင်းကြောင့် ဖြစ်သည်။