မိုးမောက်မြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၃၉ -
 
== သမိုင်းကြောင်း ==
၁၇၆၅ ခုနှစ်၊ ဆင်ဖြူရှင်မင်း လက်ထက်၌ ဗန်းမော်မြို့ဝန်က တရုတ်ကုန်သည်များအား ဗန်းမော်သို့ တိုက်ရိုက်ဝင်ခွင့်မပြုဘဲ ယခု မိုးမောက်တည်ရာ သစ်အယ်ပင်စခန်း (ရှမ်းဘာသာဖြင့် ''ပန်ကော်စခန်း'' ) တွင် တစ်ထောက်နား၍ သတင်းပို့စေခြင်းကြောင့် သတင်းပို့ရွာဟူ၍ ဖြစ်လာကာ ရှမ်းဘာသာဖြင့် မန့်မောက် ဟု တွင်သည်။ အင်္ဂလိပ်များအား တွန်းလှန်တိုက်ခိုက်ရင်း ရွှေဘိုဒေသမှ ဗမာများ ရောက်လာရာမှ မိုးမောက် ဟု ခေါ်ဝေါ်လာသည်။ <ref name=":0" />
 
ယခင်က ဗန်းမော်မြို့နယ်ဝင် ဖြစ်ခဲ့ပြီး စိန်လုံကျေးရွာကို ၁၉၀၃ ခုနှစ်တွင် မြို့အဖြစ် သတ်မှတ်၍ ၁၉၄၇ ခုနှစ်၊ ဇွန်လ ၂၄ ရက်အထိ တောင်တန်းဝန်ထောက် (၅) ဦးက တာဝန်ထမ်းဆောင်သွားသည်။ ၁၉၆၂ ခုနှစ်၊ မတ်လ ၂ ရက်တွင် တော်လှန်ရေးကောင်စီ ပေါ်ပေါက်လာရာ နယ်မြေမအေးချမ်းခြင်း၊ လူဦးရေ နည်းခြင်း၊ စီးပွားရေး အချက်အချာမကျခြင်းတို့ကြောင့် စိန်လုံ တောင်တန်းဝန်ထောက်ရုံးအား မိုးကောင်းသို့ ၁၉၆၅ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ပြောင်းရွေ့စေသည်။
စာကြောင်း ၄၈ -
[[ပင်လုံညီလာခံ]] ကိုယ်စားလှယ် ဒူဝါဇော်လောန် (ပန်ဟုတ်ရွာ ဇာတိ)၊ ပင်လုံညီလာခံ တက်ရောက်သူ ဆရာကြီး ဦးမရန်လ (စိန်လုံရွာ ဇာတိ)၊ ပင်လုံညီလာခံတွင် လက်မှတ်ထိုးသူ ဒူဝါဇော်လ (လော့ဒန်ရွာ ဇာတိ) တို့က မိုးမောက်မြို့နယ်ကိုယ်စားပြု ပါဝင်ခဲ့သည်။
 
ဗိုလ်မှူးချုပ် လဇွန်တန်ဂျီး၊ [[မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ]] ဗဟိုကော်မတီဝင် ဦးလဇွန်ထန်၊ [[စစ်တက္ကသိုလ် (ပြင်ဦးလွင်)|စစ်တက္ကသိုလ်]] ကျောင်းအုပ်ဟောင်း အငြိမ်းစား ဗိုလ်မှူးကြီး လဖိုင်ခွန်နော်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီဥက္ကဌ ဗိုလ်မှူးချုပ် အယ်လ်ကွန်ဖန်၊ ကချင်ပြည်နယ် ဒေသပါတီကော်မတီ အတွင်းရေးမှူး ဦးလအုန်းယော်၊ ကချင်ပြည်နယ် ဝန်ကြီးဟောင်း ဒူဝါလဝမ်လီ၊ ဗိုလ်ကြီး လဗျလ၊ အငြိမ်းစား သန်းခေါင်စာရင်း မင်းကြီး ဦးရှမ်းလွမ်း၊ ဆရာကြီး ဦးကရိန်တန် တို့မှာ ထင်ရှားသော မိုးမောက်သားများ ဖြစ်ကြသည်။ <ref name=":0">ခင်သိန်း၊ ဒေါ်၊ ပါမောက္ခ။ ''ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်အမည်များလေ့လာချက်။'' ၁၉၈၁ ဇန်နဝါရီ။</ref>
 
== ကိုးကား ==