ကရင်သတင်းဌာန (ကေအိုင်စီ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၁ -
'''ကရင်သတင်းဌာန (ကေအိုင်စီ)'''သည် လွတ်လပ်သော သတင်းဌာနတစ်ခုဖြစ်ပြီး ၁၉၉၇ခုနှစ်က စတင် ဖွဲ့စည်းတည်ထောင်လာခဲ့သည်။
 
ကရင်လူမှုအဖွဲ့အစည်းအတွင်း သတင်းဆိုင်ရာ အသိပညာ၊ ဗဟုသုတများ ပိုမိုသိရှိနားလည်စေရန် ရည် ရွယ်ချက် ဖြင့် လူ့အခွင့်အရေး၊ တိုင်းရင်းသားများ အခွင့်အရေး၊ ဒီမိုကရေစီရေး တို့အပေါ်တွင် ရပ်တည်၍ စကောကရင်၊ ဗမာ နှစ်ဘာသာပါဝင်သည့် “ကရင်အမျိုးသားသတင်းစာစောင်”ကို ထုတ်ဝေလာခဲ့ပြီး ၂၀၀၄ခုနှစ် မှစ၍ “ကညော တာကစော်၊ ကရင်သတင်းစဉ်”အမည်ဖြင့် ယနေ့ထက်တိုင် ထုတ်ဝေဖြန့်ချိလာခဲ့သည်။<ref>{{cite web|url=http://kicnews.org/|title=kicnews|accessdate=၁၀ စက်တင်ဘာ ၂၀၁၈}}</ref>
 
==ရည်မှန်းချက်၊ မျှော်မှန်းချက်==
 
ကရင်ပြည်သူလူထု၏ အမြင်သဘောထားနှင့် အခွင့်အရေးများကို အပြန်အလှန် ယှဉ်တွဲလေးစားမှုရှိသည့် ငြိမ်းချမ်းသာယာ စည် ပင်ဝပြောကာ ပညာဗဟုသုတနှင့် ပြည့်စုံသော လူ့အဖွဲ့အစည်းကို တည်ဆောက်သွားမည်။
 
==ရပ်တည်ချက်==
 
ကရင်ပြည်သူလူထု၏ အသံများနှင့် အမြင်များကို ယုံကြည် စိတ်ချရသည့် သတင်းအချက်အလက်များဖြင့် ထင်ဟပ်ပေါ်လွင် အောင် ဦးဆောင်ပေးနေသော လွတ်လပ်သည့် သတင်းဌာနဖြစ်ရန်။
 
ကေအိုင်စီသည် လူ့အခွင့်အရေး၊ တိုင်းရင်းသားများ အခွင့်အရေးနှင့် ဒီမိုကရေစီရေးတို့ကို အခြေခံ၍ မြန်မာနိုင်ငံအတွင်း ကရင်တိုင်းရင်းသားများ နေထိုင်သည့်ဒေသများကို အထူးပြု၍ နေ့စဉ် ဖြစ်ပျက်မှုများကို ပြည်တွင်းနှင့် နိုင်ငံတကာမှ ပိုမို သိရှိနား လည်နိုင်ရန် အရည်အသွေး ပြည့်မှီသည့် သတင်းမီဒီယာလုပ်ငန်းများကို ဦးတည်ဆောင်ရွက်သွားရန်
 
==သတင်းထောက်များ၏ ကျင့်ဝတ်များ==
 
(၁) သတင်းသည် အခြေအမြစ်ရှိသော အချက်အလက်များအပေါ် အခြေခံ၍၊ တိကျမှန်ကန်မှုကို တာဝန်ခံနိုင်ရမည်။ သတင်းရ ယူရာ၌ မိမိ၏ သတင်းဌာနအမည်ကို တရားဝင် ထုတ်ဖေါ်ပြောပြရမည်။
 
(၂) တတ်နိုင်သမျှ ဘက်မတူညီသည့် သတင်းရင်းမြစ်ကို နှစ်ခုမှ သုံးခုအထိ မေးမြန်းဖော်ပြပေးရမည်။
-
 
(၃) သတင်းရင်းမြစ် သို့မဟုတ် သတင်းပေးသူ၏ သဘောတူညီမှု၊ ခွင့်ပြုချက် မရရှိဘဲ၊ အမည်၊ လိပ်စာစသည်တို့ကို ဖေါ်ပြခြင်း မပြုလုပ်ရ။ အမည်မဖေါ်လိုသူ (Anonymous) ပေးသည့် သတင်းအချက်အလက်ကို သုံးစွဲမည်ဆိုပါက သတင်းအရင်းအမြစ် အမှန်ကို အယ်ဒီတာအား အသိပေးထားရမည်။
 
(၄) မိမိအား ယုံကြည်၍ ထုတ်ဖော်ပြောကြားသတင်းပေးသည့် သတင်းရင်းမြစ်ကို ၎င်း၏ အန္တရာယ်ရှိမှုအတွက် လျှို့ဝှက်ထိန်း သိမ်းထားရမည်။
 
(၅) သတင်းအမှားကို ဖေါ်ပြမိပါက၊ ပြန်လည်ပြင်ဆင်ချက် (သို့မဟုတ်) ဖြေရှင်းချက် အမြန်ဆုံး ဖေါ်ပြပေးရမည်။
 
(၆) တရားရုံး၏ စီရင်ဆုံးဖြတ်ချက် မကျသေးသည့် စစ်ဆေးဆဲအမှုများနှင့်ပတ်သက်၍ သတင်းရေးရာတွင် တရားစွဲဆိုခံရသူ အား အပြစ်ရှိသူအဖြစ် ဖေါ်ပြရေးသားခြင်း မပြုရ။
 
(၇) သတင်းရေးသားရာ၌ မိမိထင်မြင်ချက်များ မပါရှိစေဘဲ ဘက်လိုက်မှု ကင်းရှင်းစေရန် သတိပြုရေးသားရမည်။ ငွေကြေး၊ အခွင့်အရေး၊ လာဘ်လာဘ၊ တံစိုးလက်ဆောင် တစုံတရာ မျှော်ကိုး၍ဖြစ်စေ၊ ရယူ၍ဖြစ်စေ မည်သူတဦးတယောက်အတွက်မျှ ဘက်လိုက်၍ သတင်းမရေးသားရ။
 
(၈) နိုင်ငံရေးအဖွဲ့အစည်း၊ စီးပွားရေးအဖွဲ့အစည်း၊ အာဏာပိုင်အဖွဲ့အစည်း စသည့် အဖွဲ့အစည်းတစ်ခုခု၏ သြဇာကြောင့် မမှန် သတင်း၊ ဝါဒဖြန့်သတင်း စသဖြင့် ဘက်လိုက်ရေးသားခြင်း မပြုရ။
 
(၉) လူမျိုး၊ ကိုးကွယ်ရာဘာသာ၊ လိင်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးနောက်ခံတို့ကို အကြောင်းပြု၍ နိုင်ငံသားတစ်ဦး၏ အခွင့် အရေးကို ထိပါးစေသော ခွဲခြား၊ ရှုံ့ချ၊ ပြစ်တင်ဝေဖန်သည့်၊ ပဋိပက္ခဖြစ်အောင် လှုံ့ဆော်သည့် သတင်း/သတင်းဆောင်းပါးများ ရေးသားခြင်း မပြုရ။ လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက် (သို့) အဖွဲ့အစည်းတစ်ခု၏ ဂုဏ်သိက္ခာကို ထိခိုက်စေမည့် အသုံးအနှုန်းများ ကို ရှောင်ကြဉ်ရမည်။
 
(၁၀) အခြားသူတဦးတယောက် ထုတ်လုပ်ဖန်တီးထားသည့် သတင်း၊ ဓါတ်ပုံ၊ ဆောင်းပါး၊ ဝေဖန်သုံးသပ်ချက် စသည်တို့ကို မူရင်းဖန်တီးသူ၏ ခွင့်ပြုချက်မရရှိဘဲ ကူးယူဖော်ပြခြင်း မပြုရ။ ခွင့်ပြုချက်ရ၍ ဖော်ပြလျှင်လည်း မူလရင်းမြစ် အမည်နာမကို ဖော်ပြခြင်း ရှိရမည်။
 
(၁၁) အမျိုးသမီးများ၊ ကလေးသူငယ်များ၊ မသန်စွမ်းသူများနှင့် စပ်လျဉ်းသည့် သတင်းများ ရေးသားရာတွင် သက်ဆိုင်ရာ ဥပ ဒေပြဋ္ဌာန်းချက်များအား သတိပြု လိုက်နာရမည်။
 
(၁၂) အင်တာနက် လူမှုကွန်ယက်များ (အထူးသဖြင့် Facebook နှင့် ကိုယ်ပိုင် ဘလောဂ်များ)မှတဆင့် သတင်းများ ရယူရာ တွင် သတင်းခိုင်လုံမှုရှိကြောင်း၊ သက်သေအထောက်အထား ဖေါ်ပြနိုင်ခြင်း မရှိပါက၊ သုံးစွဲခြင်းမပြုရ။ မိမိကိုယ်ပိုင်အဖြစ် ရေးသားတင်ပြခြင်း မပြုလုပ်ရ။
 
(၁၃) ပြည်သူအများ၏ ကိုယ်ကျင့်စာရိတ္တကို ထိခိုက်ပျက်ပြားစေနိုင်သည့် ညစ်ညမ်းသော လိင်မှုကိစ္စဆိုင်ရာ သတင်း၊ ဆောင်း ပါး၊ ဓာတ်ပုံ၊ ရုပ်ပုံ မှန်သမျှ ပုံနှိပ်ထုတ်ဝေခြင်း မပြုရ။<ref>{{cite web|url=http://kicnews.org/|title=kicnews|accessdate=၁၀ စက်တင်ဘာ ၂၀၁၈}}</ref>
 
== ကိုးကား ==