ပင့်ကူလူသား အိမ်ပြန်လာခြင်း (၂၀၁၇ ရုပ်ရှင်): တည်းဖြတ်မှု မူကွဲများ

→‎ဇာတ်လမ်းအကျဉ်း: အချက် ပေါင်းထည့်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
Naung Yoe Linn (ဆွေးနွေး) ၏ တည်းဖြတ်မူ 422495 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၅၀ -
 
==ဇာတ်လမ်းအကျဉ်း==
နယူးယောက်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲဲ(avenger 1) အပြီးတွင်တိုက်ပွဲအပြီးတွင် Adrian Toomes နှင့် သူ၏ ကယ်ဆယ်ရေးကုမ္ပဏီမှ မြို့တော်ရှင်းလင်းရေးအတွက် စာချုပ်ချုပ်ထားသော်လဲ တိုနီ၏ အမေရိကန် အပျက်အစီး ထိန်းချုပ်ရေးအဖွဲ့ (U.S. Department of Damage Control D.O.D.C) မှ လက်လွှဲရယူခဲ့သည်။ Toomes သည် သူ၏စီးပွားရေးလုပ်ငန်း ပျက်ခဲ့သော်လည်း သူ၏ဝန်ထမ်းအချို့ကို စည်းရုံးပြီး Chitauri နည်းပညာကို ထိန်းသိမ်းပြီး အဆင့်မြင့်လက်နက်ဆန်းများကို ထုတ်လုပ်ရောင်းချခြင်းများ လုပ်ကိုင်ခဲ့သည်။ ရှစ်နှစ်ခန့်ကြာပြီးနောက် ပီတာပါကာ မှာ Avengers အဖွဲ့ထဲသို့ တိုနီ၏ အကူအညီဖြင့် ပါဝင်ခွင့်ရခဲ့သော်လည်း တိုနီမှ သူ့အား တကယ့်Avenger အစစ်တစ်ယောက်ကဲ့သို့ မဖြစ်နိုင်သေးကြောင်းပြောသဖြင့် သိပ္ပံနှင့် နည်းပညာ အထက်တန်းကျောင်းတွင် ဆက်လက်ကျောင်းတတ်နေရသေးသည်။
 
ပါကာသည် ကျောင်း၏ Decathlon အဖွဲ့မှ နုတ်ထွက်ပြီး ရာဇဝတ်မှုတိုက်ခိုက်ရေးတွေမှာ အာရုံစိုက်ပြီး အချိန်ပိုပေးခဲ့သည်။ တစ်ညတွင် ပါကာသည် Toomes အဖွဲ့၏ လက်နက်ဆန်းများနှင့် ATM စက်ကို ဓားပြတိုက်ခြင်းမှ ကာကွယ်ခဲ့ပြီး သူ့အိမ်ခန်းထဲသို့ပြန်လာစဉ်တွင် သူ၏ အချစ်ဆုံးသူငယ်ချင်းဖြစ်သော နက်မှ ပါကာမှာ ပင့်ကူလူသားဖြစ်ကြောင်းသိရှိသွားခဲ့သည်။ နောက်တစ်ညမှာလဲ Toomes၏ လက်ထောက်များဖြစ်သော Jackson Brice နှင့် Herman Schultz တို့ ဒေသခံ ရာဇဝတ်သား Aaron Davis နှင့် လက်နက်အရောင်းအဝယ်လုပ်နေတာကို နှောက်ယှက်ခဲ့သည်။ သို့သော် ပါကာမှာ တန်ပြန်တိုက်ခိုက်ခံရပြီး ရေနစ်သေမလိုဖြစ်ရာမှ Stark ပေးထားသော ဝတ်စုံ(ပင်ကူလူသား ဝတ်စုံကို စောင့်ကြည့်နေသော)မှ ကယ်ဆယ်ပေးခဲ့ပြီး တိုနီသည် အန္တရာယ်ရှိသော ရာဇဝတ်မှုများတွင် မပါဝင်ရန် သတိပေးခဲ့သည်။ Toomes မှ Brice ကို မတော်တဆ သတ်မိခဲ့ပြီး Schultz မှာ Toomes ရဲ့ လူယုံလူဆိုးဖြစ်လာခဲ့သည်။