ဂျော့ဂျ်တောင်း တက္ကသိုလ်: တည်းဖြတ်မှု မူကွဲများ

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီရှိ ပုဂ္ဂလိက တက္ကသိုလ်
"ဂျော့ဂျ်တောင်း..." အစချီသော စာလုံးတို့နှင့် စာမျက်နှာကို ဖန်တီးလိုက်သည်
(ကွဲပြားမှု မရှိ)

၁၁:၄၈၊ ၁၂ စက်တင်ဘာ ၂၀၁၈ ရက်နေ့က မူ

ဂျော့ဂျ်တောင်း တက္ကသိုလ် (Georgetwon University) ဟာ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန် ဒီစီမှာ တည်ရှိတဲ့ ရှေးကာလကတည်းက အဆင့်မြင့်ပညာရေးအဖွဲ့အစည်း တစ်ခုအဖြစ် ရပ်တည်နေတဲ့ ဂျော့ဂျ်တောင်း တက္ကသိုလ်ဟာ အမေရိကန်မှာ ရှေးအကျဆုံး ကက်သလစ်နဲ့ ဂျီးဆု Jesuit အဆင့်မြင့် ပညာရေးအဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

တက္ကသိုလ် သမိုင်းကြောင်း

ဂျော့ဂျ်တောင်း တက္ကသိုလ်ကို စတင်တည်ထောင်ခဲ့တာ ကတော့ ၁၇၈၉ခုနှစ်ပါ။ ပုပ်ရဟန်းမင်းကြီး ဆဋ္ဌမမြောက် ပိုင်းရပ်စ် ဟာ ဂျွန် ကာရိုး (John Caroll) ကို အမေရိကန် ရိုမန် ကက်သလစ် ကျောင်းတော်ရဲ့ အကြီးအကဲ အဖြစ်ခန့်အပ်လိုက်ပါတယ်။ ၁၇၈၉ ခုနှစ် ဇန်နဝါရီ ၂၃ မှာ ကာရိုးဟာ ဂျော့ဂျ်တောင်းဒေသမှာ မြေဝယ်ယူပြီး ကျောင်းဆောက်ခဲ့ခြင်းက ဒီတက္ကသိုလ် ဖြစ်လာစေဖို့ မူလအစလို့ ဆိုနိုင်ပါတယ်။ နောင်မှာ လွှတ်တော် အမတ် ဖြစ်လာမယ့် ဝီလျံဂတ်စတန် (William Gaston) က ၁၇၉၁ ခုနှစ် မှာ ပထမဆုံးကျောင်းသားအဖြစ် ကျောင်းအပ်ပါတယ်။

အစောပိုင်း ကာလတွေမှာတော့ ဂျော့ဂျ်တောင်း တက္ကသိုလ်ဟာ ဘဏ္ဍာရေး အခက်အခဲများစွာ ကြုံတွေ့ ခဲ့ရပါတယ်။ တက္ကသိုလ်ကို ပြင်ပအလှူရှင်တွေရဲ့ အကူအညီနဲ့ အဓိက ရပ်တည်ရတာ ကြောင့်ပါ။

အမေရိကန် ပြည်တွင်းစစ်ဟာ ဂျော့ဂျ်တောင်းတက္ကသိုလ် ကိုလည်း ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ ကျောင်းသားနဲ့ ကျောင်းဆင်း ၁ ထောင့် ၁ ရာကျော်ဟာ ပြည်ထောင်စုတပ်ထဲကို ဝင်ခဲ့ကြပါတယ်။ ကျောင်းထဲက အဆောက်အအုံတွေ မှာလည်း စစ်တပ်စွဲထားကြပါတယ်။ ၁၈၆၁ ခုနှစ်မှာတော့ အမေရိကန် သမ္မတ အေဘရာဟမ် လင်ကွန်းဟာ တပ်သား ၁၄၀ဝ ကျော် တပ်စွဲထားတဲ့ ဂျော့ဂျ်တောင်း တက္ကသိုလ်ကို လာရောက်ခဲ့ဖူးပါတယ်။ စစ်အတွင်း အကျအဆုံးတွေကြောင့် ကျောင်းပြန်ဖွင့်ချိန် ကျောင်းပြန်တက်တဲ့ ဦးရေနည်းပါးသွားပါတယ်။ နှစ်စဉ် ဘွဲ့ရသူပုံမှန် ၃၀ဝ ရှိရာမှ ၁၈၆၉ မှာဆိုရင် ပညာရေး ပြီးဆုံးလို့ ဘွဲ့ရတဲ့ ကျောင်းသားဟာ ၇ ဦးပဲရှိပါတော့တယ်။

ကျောင်းတိုးချဲ့ခြင်း

အာဖရိကန်-အိုင်းရစ် ကပြားတစ်ဦးဖြစ်တဲ့ ပက်ထရစ် ဖရန်စစ် ဟေလီ (Patrick Francis Healy) ဟာ တက္ကသိုလ်ရဲ့ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တဲ့ ၁၈၇၃-၁၈၈၁ အတွင်းမှာ တက္ကသိုလ်ကို အပြောင်းအလဲတွေ များစွာလုပ်ခဲ့ပါတယ်။ ဘွဲ့ကြိုတန်းရဲ့ ပြဌာန်းစာ တွေကို ပြင်ဆင်ခဲ့ပါတယ်။ ဆေးပညာနဲ့ ဥပဒေဘွဲ့တွေကို လည်းတိုးချဲ့ သင်ကြားခဲ့ပါတယ်။ ဂျော့ဂျ်တောင်းတက္ကသိုလ် ကျောင်းသားဟောင်းများ အသင်းကိုလည်း ထူထောင်ပါတယ်။ အဆောက်အအုံအသစ်ကြီးတစ်ခုကိုလည်း တည်ဆောက်ခဲ့ကာ နောင်မှာဟေလီခန်းမလို့ အမည်တွင်ပါတယ်။ ဟေလီကို ဂျော့ဂျ်တောင်းတက္ကသိုလ်ရဲ့ ဒုတိယတည်ထောင်သူလို့ တင်စား သတ်မှတ်ခြင်းပါ။

၁၈၇၀ မှာဥပဒေဌာန၊ ၁၉၀၁ မှာဆေးပညာနဲ့ သွားဘက်ဆိုင်ရာကျောင်း၊ ၁၉၀၃ မှာသူနာပြုကျောင်း တွေကိုတိုးချဲ့ ဖွင့်လှစ်ပါတယ်။ ဝိဇ္ဇာနှင့် သိပ္ပံကောလိပ်မှာ ၁၉၆၉ခုနှစ် ကစလို့ အမျိုးသမီးကျောင်းသူများကို စတင် လက်ခံပါတယ်။

၂၀၁၄ ခုနှစ် စာရင်းဇယားအရဘွဲ့ကြိုကျောင်းသား ၇၆၃၆ ဦး၊ ဘွဲ့လွန် ကျောင်းသား ၁၀၂၁၃ ဦး အထိ ရှိပါတယ်။ ဘွဲ့ကြိုတန်းတွေကိုသူနာပြုနှင့် ကျန်းမာရေးလေ့လာရေးကျောင်း၊ ရောဘတ် အမ်းမက် မက်ခ်ဒိုနက် စီးပွားရေးကျောင်း၊ စဉ်ဆက်မပြတ် လေ့လာရေးကျောင်း၊ အဒ်ဒမန့် အေဝေါ့လ်ရှ် နိုင်ငံခြားရေးဝန်ထမ်းကျောင်း တို့မှာသင်ယူနိုင်ပါတယ်။ ဘွဲ့ကြို ဘာသာရပ်ပေါင်း ၄၈ ခုအထိ သင်ယူနိုင်ပါတယ်။

မဟာဘွဲ့နဲ့ ပါရဂူဘွဲ့တွေကိုတော့ ဝိဇ္ဇာနှင့် သိပ္ပံဘွဲ့လွန်ကျောင်းအောက်က ဥပဒေဌာန၊ ဆေးကျောင်း၊ မက်ခ်ကော့ ပြည်သူ့မူဝါဒကျောင်း တို့မှာသင်ယူနိုင်ပါတယ်။ အဒ်ဒမန့် အေဝေါ့လ်ရှ် နိုင်ငံခြားရေး ဝန်ထမ်းကျောင်းဟာ နိုင်ငံတရာရေးရာမှာ ကျော်ကြားပြီး နိုင်ငံခြားရေးမူဝါဒနဲ့ ပတ်သက်လို့ အဆင့် ၁ အဖြစ် သတ်မှတ်ခံရပါတယ်။

ဆရာများ၊ ဝန်ထမ်းများ

၂၀၁၂ မှာဂျော့ဂျ်တောင်းတက္ကသိုလ်မှာ အချိန်ပြည့် ဝန်ထမ်း ၁၃၅၄ ဦး၊ အချိန်ပိုင်းဝန်ထမ်း ၈၈၀ ဦး အထိ ရှိပါတယ်။ သင်ကြားပို့ချပေးသူတွေဟာ ပညာရပ်ဆိုင်ရာမှာ ထင်ရှားသူများ၊ နိုင်ငံရေးအရ ထင်ရှားသူများ၊ စီးပွားရေးခေါင်းဆောင်များ ပါဝင်ပါတယ်။

လက်ရှိ ဂျော့ဂျ်တောင်း တက္ကသိုလ်က သင်ကြားပို့ချပေးနေသော ပညာရှင်တွေထဲမှာ အမေရိကန် ဘာသာစကား အသင်းဥက္ကဋ္ဌဟောင်း ဂျိမ်းစ် အိုဒွန်နယ်လ်၊ ဘာသာရေးပညာရှင် ဂျွန် ဟတ်၊ လူမှု လှုပ်ရှားသူ အမ် မာရူလို နဲ့ ချိုင် ဖက်ဒ်ဘလမ်၊ နိုဗဲလ် ဆုရှင် ဂျော့ဂျ် အာကာလော့ဖ်၊ ဟစ်ဟော့ပ် ပညာရှင် မိုက်ကယ် အဲရစ် ဒိုင်ဆန်တို့ ပါဝင်ပါတယ်။

နာမည်ကျော် နိုင်ငံရေးသမား အများအပြားလည်း ဂျော့ဂျ်တောင်း တက္ကသိုလ်မှာ သင်ကြားပို့ချဖူးပါတယ်။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဟောင်း မယ်ဒလင်းအောလ်ဘရိုက်၊ ကုလသမဂ္ဂဆိုင်ရာအမေရိကန် သံအမတ် ဂျိန်းခရစ်ပက်ထရစ်၊ အမျိုးသားလုံခြုံရေးအကြံပေး အန်ထိုနီလိတ်ခ်၊ CIA ညွှန်ကြားရေးမှူးဂျော့ဂျ် တင်းနက် တို့ လည်း လာရောက်ပို့ချခဲ့ကြပါတယ်။

နိုင်ငံတကာကဆိုရင် စပိန်ဝန်ကြီးချုပ် ဂျို့စ် မာရီယာအက်ဇနာ၊ ဆော်ဒီသံအမတ် တာကီဘင် ဖိုင်ဆယ် အယ်လ် ဆော့၊ ကိုလံဘီယာသမ္မတ အယ်လ်ဗာရိုအူရီဘီ တို့လည်း ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ စာပေပို့ချဖူး ကြပါတယ်။

သုတေသနနဲ့ စာကြည့်တိုက်

ဂျော့ဂျ်တောင်းတက္ကသိုလ်က ‘ကျောင်းသားဗဟိုပြု သုတေသနတက္ကသိုလ်’ ဖြစ်တယ်လို့ ကြွေးကြော် ထားပါတယ်။ ကာနေဂျီအဆင့်မြင့် ပညာရေးအမျိုးအစားခွဲခြားမှု အင်စတီကျုးရှင်းကတော့ ဂျော့ဂျ်တောင်း တက္ကသိုလ်ကို ‘အလွန် အဆင်မြင့် သုတေသနလှုပ်ရှားမှုများ ဆောင်ရွက်တယ်’ လို့ သတ်မှတ်ပါတယ်။

၂၀၁၄ မှာအဆောက်အဦး ၇ ခုရှိ စာကြည့်တိုက်များအတွင်းပုံနှိပ်စာအုပ်စာတမ်း ၃.၅ သိန်း၊ အီးဘုတ် ၁.၂၅ သန်းရှိပါတယ်။ လူအင်ဂျာစာကြည့်တိုက်မှာအများစုရှိပါတယ်။ ဥပဒေကျောင်းမှာရှိတဲ့ ဥပဒေစာကြည့်တိုက်ဟာ အမေရိကန်မှာပဉ္စမမြောက် အကြီးဆုံးစာကြည့်တိုက် ဖြစ်ပါတယ်။

ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ သုတေသနပေါင်းရာချီ ပြုလုပ်ပါတယ်။ အထူးဦးစားပေးကတော့ ဘာသာရေး၊ ကျင့်ဝတ်ဗေဒ၊ သိပ္ပံ၊ ပြည်သူလူထုမူဝါဒ၊ ကင်ဆာဆေးပညာတို့ ဖြစ်ပါတယ်။ ကိုလံဘီယာတက္ကသိုလ်၊ ဗာဂျီးနီးယားတက်ခ်တို့နဲ့ ပူးတွဲပြုလုပ်တဲ့ သုတေသနတွေလည်းရှိပါတယ်။

တက္ကသိုလ် ဝင်ခွင့်

ဂျော့ဂျ်တောင်းတက္ကသိုလ်ရဲ့ ဝင်ခွင့်ကတော့ ကျောင်းသားတွေအတွက် ခက်ခဲတယ်လို့ ဆိုနိုင်ပါတယ်။ ၂၀၁၄-၂၀၁၅ မှာ ကျောင်းလျှောက်လွှာ ၂ သောင်းအနက် ၁၆.၄ ရာခိုင်နှုန်းပဲ ဝင်ခွင့်ရပါတယ်။ ဖိက်စ် ကောလိပ်များ လမ်းညွှန် (Fiske Guide to Colleges) ရဲ့ အဆိုအရ ဂျော့ဂျ်တောင်း တက္ကသိုလ်ဝင်ခွင့်ဟာ စတန်းဖို့ဒ် အပါအဝင် အဆင့်မြင့်ကျောင်းတွေရဲ့ ဝင်ခွင့်ထက်တောင် ပိုမိုခက်ခဲတယ်လို့ ဆိုပါတယ်။

၂၀၁၁ မှာ ဂျော့ဂျ်တောင်း ဆေးပညာကျောင်း ဝင်ခွင့်ဟာ ၃.၆ ရာခိုင်နှုန်း၊ ဥပဒေဌာနမှာ ၁၉ ရာခိုင်နှုန်း၊ MBA မှာ ၃၄.၉ ရာခိုင်နှုန်းပဲအသီးသီးရှိပါတယ်။

တက္ကသိုလ် ပရဝုဏ်

ဂျော့ဂျ်တောင်းတက္ကသိုလ်ဟာဝါရှင်တန် ဒီစီမှာ ကျောင်းပရိဝုဏ် ၄ ခုရှိပါတယ်။ ဘွဲ့ကြို ပရိဝုဏ်၊ ဆေးပညာဌာန၊ စဉ်ဆက်မပြတ် လေ့လာရေးကျောင်းနဲ့ ဥပဒေဌာနတို့ ဖြစ်ပါတယ်။ တခြားပရိဝုဏ်တွေကတော့ ဗာဂျီးနီးယား၊ အာလင်တန်ရှိက လာရင်ဒန်မှာ တည်ရှိတဲ့ စဉ်ဆက်မပြတ် လေ့လာရေးနှင့် အဆင့်မြင့် ပညာရေးဌာနတို့ ဖြစ်ပါတယ်။ ကာတာနိုင်ငံဒိုဟာမြို့မှာပရိဝုဏ်တခု၊ တူရကီနိုင်ငံ၊ အာလန်ညာ မြို့မှာ ပရိဝုဏ်တခု၊ အီတလီနိုင်ငံ၊ ဖီဆိုလီမြို့မှာ ပရိဝုဏ် တခုရှိပါတယ်။

ကျောင်းသား သတင်းစာ

ဂျော့ဂျ်တောင်းတက္ကသိုလ်မှာ ကျောင်းသားတွေ ထုတ်ဝေတဲ့ သတင်းစာတွေ ရှိပါတယ်။ သည် ဟိုရာ (The Hoya) ကတော့ သက်တမ်းအရင့်ဆုံး ဖြစ်ပြီး ၁၉၂၀ ကတည်းက ထုတ်ဝေခဲ့တာပါ။ ၁၉၈၇ က စပြီးတပတ် ၂ ကြိမ် ထုတ်ဝေပါတယ်။ ဂျော့ဂျ်တောင်းဗွိုက်စ်၊ ဂျော့ဂျ်တောင်းဥပဒေဂေဇက်၊ နိုင်ငံတကာရေးရာ ဂျော့ဂျ်တောင်း ဂျာနယ်၊ ဟာသစာစောင်ဖြစ်တဲ့ ဂျော့ဂျ်တောင်းဟက်ကလာနဲ့ ဂွန်ဇို စတာတွေ ထုတ်ဝေကြပါတယ်။

ထူးခြားထင်ရှားသူများ

အစိုးရဌာနမှာရော ပြင်ပမှာပါ ကျော်ကြားထင်ရှားအောင်မြင်တဲ့ ဂျော့ဂျ်တောင်းတက္ကသိုလ်ထွက်တွေ အများအပြားရှိပါတယ်။ ဂျော့ဂျ်တောင်းတက္ကသိုလ်က ဘွဲ့ရရင် ၆၁ ရာခိုင်နှုန်းလောက်ဟာ ချက်ချင်းအလုပ်ရကြပါတယ်။ တချို့က ဘွဲ့လွန် ဆက်တက်ပါတယ်။

ထင်ရှားတဲ့ ကျောင်းဟားဟောင်းများကို ဖော်ပြရရင် အမေရိကန် သမ္မတဘီလ် ကလင်တန်၊ ကိုစတာရီကာ ခေါင်းဆောင် လော်ရာချင်ချီလာ၊ ဖိလစ်ပိုင် သမ္မတဂလိုရီယာမာကာပါဂယ် အာရိုယို၊ လက်ဘနွန် ခေါင်းဆောင် ဆာအဒ် ဟာရီရီ၊ အယ်လ် ဆာဗာဒိုခေါင်းဆောင် အဲလ်ဖရက်ဒိုခရစ်စတီယာနီတို့ ဖြစ်ပါတယ်။

စပိန်ဘုရင် ဖီလစ်ပီ၊ ဂျော်ဒန် ဘုရင် ဒုတိယမြောက် အဗဒူလာ၊ လူဇင်ဘတ် မင်းသားဂီလော်မီ၊ ဆော်ဒီမင်းသား တာကီဘင် ဖိုင်ဆယ် အယ် ဆော့၊ ဂရိနဲ့ ဒိန်းမတ်ကမင်းသားများ ဂျော့ဂျ်တောင်းတက္ကသိုလ်ကို တက်ရောက်ခဲ့ဖူးကြပါတယ်။

ကျောင်းဆင်းတွေအနက် အမေရိကန် ဆီးနိတ်မှာ ၆ ဦး၊ လွှတ်တော်မှာ ၁၃ ဦးရှိပါတယ်။ ဂျော့ဂျ်တောင်း တက္ကသိုလ်မှာ မန်မာ့အရေး ကျွမ်းကျင်သူ ဒေးဗစ် အိုင် စတိန်းဘာ့ဂ် (David I Steinberg) လည်း ရှိပါတယ်။