အင်းဝမြို့: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး robot Adding: ko:아바 (미얀마) |
အရေးမကြီး robot Modifying: ru:Ава (город, Бирма); cosmetic changes |
||
စာကြောင်း ၁ -
[[မန္တလေးတိုင်း]] အတွင်းရှိ အင်းဝမြို့သည် မြန်မာ့သမိုင်းတွင် အလွန်ကျော်စော်သောမြို့ဖြစ်သည်။ မြို့သက်မှာ ၁၉၁နှစ်တိုင်ကြာမြင့်သည်။
# [[အင်းဝမင်းဆက်]](၁၃၆၄-၁၅၂၇/၁၅၅၅)
# [[ညောင်ရမ်းမင်းဆက်]] (၁၆၀၀-၁၇၅၂) နှင့်
# [[ကုန်းဘောင်မင်းဆက်]] (နှစ်ကြိမ်)
တို့ဖြစ်ကြသည်။
[[
== တည်နေရာ နှင့် အမည်ရင်းမြစ် ==
အင်းဝမြို့သည် ဧရာ၀တီမြစ်နှင့် မြစ်ငယ်မြစ်(ဒုဌဝတီမြစ်)တို့ ဆုံရာအရပ်တွင် တည်ရှိသည်။ ရှေးအခါ အင်းဝမြို့တည်ရှိသော နေရာသည် မိုးကာလရေတက်ချိန်တွင် ရေများဖုံးလွှမ်းတတ်လေ့ရှိကာ ရေပြန်ကျချိန်တွင် မညီညာသည့် မြေမျက်နှာသွင်ပြင်ကြောင့် မြစ်ကျိုးအင်းများဖြစ်ကျန်နေတတ်သည် ဟုဆိုသည်။ မူအစက အင်းဝနေရာတွင် မြို့တည်ရန် ကြိုးပမ်းသူမှာ ပင်းယ တစ်စီးရှင်သီဟသူဖြစ်သည်။ သုံးကြိမ်တိုင်တိုင်တည်သော်လည်း မြစ်ရေတက်ချိန်တွင် ရေပတ်လည်ဝိုင်းကာ မြို့ကိုရေတိုက်စားသဖြင့် မြို့ပျက်လေသည်။ ထို့ကြောင့် ပင်းယသို့ ပြောင်းရွှေ့နန်းတည်ခြင်းဖြစ်သည်။ထို့ကြောင့် [[သတိုးမင်းဖျား]](၁၃၆၄-၁၃၆၇)
== အမည်ကွဲများ ==
:အင်းဝမြို့၏၅မျိုးမှာ
# အင်းဝ
# အင်းနဝ
# ရွှေဝ
# အဝ နှင့်
# ရတနာပူရ
:တို့ဖြစ်ကြသည်။
== အင်းဝမြို့ သမိုင်း ==
အင်းဝမြို့ကို စတင်တည်ထောင်သူမှာ [[အင်းဝမင်းဆက်]]ကို စတင်တည်ထောင်သူ [[သတိုးမင်းဖျား]] ဖြစ်သည်။ ၁၃၆၅မှ အစပြုသည့် အင်းဝမင်းဆက် တစ်လျောက်လုံးတွင် အင်းဝမှာ မြန်မာ မင်းနေပြည်တော်အဖြစ် အောက်ပြည်အရပ် ရာမညမှ [[မဂဒူး မင်းဆက်]]နှင့် စစ်ပြိုင်ပြုခဲ့ကြသည်။ အင်းဝမင်းဆက်မှ ဒုတိယမင်းဆက်ဖြစ်သူ [[မင်းကြီးစွာစော်ကဲ]]မှသည် စတုတ္ထမြောက် မင်းဆက်ဖြစ်သူ ဘုရင်[[ပထမမင်းခေါင်|မင်းခေါင်]] လက်ထက်များအထိ [[ဟံသာဝတီ]] မွန်ဘုရင် [[ရာဇာဓိရာဇ်]] နှင့် [[အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်]] ကို တိုက်ခိုက်ခဲ့ကြသည်။ နောက်ဆုံးမင်းဖြစ်သည့် [[ရွှေနန်းကျော့ရှင်နရပတိ]] လက်ထက် အင်းဝ၏ အင်အားသြဇာ ယုတ်လျော့ ကျဆင်းချိန်တွင် အင်အား ကြီးမားလာသည့် [[မိုးညှင်းစလုံ]] နှင့် ၄င်း၏သား [[သိုဟန်ဘွား]]တို့က အင်းဝကို သိမ်းပိုက်လိုက်ပြီး ရွှေနန်းကျော့ရှင်လည်း ကျဆုံးလေသည်။ ထိုနောက် သိုဟန်ဘွားမင်းပြုရာ ရက်စက်လွန်းလှသဖြင့် မြန်မာအမတ် မင်းကြီးရန်နောင်က ဦးဆောင်လုပ်ကြံလိုက်သည်။ မင်းကြီး ရန်နောင်အား မှုးမတ်တို့က နန်းအပ်သော်လည်း အခြား ရှမ်းစော်ဘွား တစ်ဦးဖြစ်သည့် အုန်းဘောင်ခုံမှိုင်းအား နန်းအပ်ရန် မှာကြားခဲ့ပြီး ရဟန်းပြုကာ တောထွက်သွားခဲ့သည်။ [[ဘုရင့်နောင်]] ဟံသာဝတီတွင် နန်းတက်ပြီးနောက်တွင် အင်းဝကို သိမ်းပိုက်ကာ ညီတော် မင်းရဲကျော်ထင်အား သတိုးမင်းစောဘွဲ့ဖြင့် အင်းဝဘုရင်ခံအဖြစ် နန်းအပ်ကာ အုပ်ချုပ်စေသည်။ ဘုရင့်နောင်နောက် [[နန္ဒဘုရင်]] လက်ထက်တွင် ဖြစ်ပေါ်လာသည့် နိုင်ငံတော်ပြိုကွဲမှု၏ အစမှာလည်း အင်းဝမှပင် ဖြစ်ရသည်။ နန္ဒဘုရင် နှင့် သတိုးမင်းစောတို့ ဆွေမျိုးများ အချင်းချင်း မသင့်မြတ်ရာမှ ဟံသာဝတီနှင့် အင်းဝတို့ စစ်ပြုရာ အင်း၀ဘုရင် သတိုးမင်းစော ကျဆုံးပြီးနောက် နန္ဒဘုရင်က မင်းလက်ယာ၊ ၄င်းလွန်လျှင် သားတော် မင်းရဲကျော်စွာ တို့ကို နန်းအပ်သည်။ နောက်ပိုင်းတွင် ပြည်တွင်းရေး မငြိမ်သက်မှုများကြောင့် အင်းဝမှ မင်းရဲကျော်စွာလည်း ဟံသာဝတီသို့ ပြန်လည်ခေါ်ဆောင်ခံရကာ အင်းဝမှာ မင်းလစ်လပ်နေခဲ့ပြီး မြို့ပျက်ကြီးသဖွယ် နှစ်အတန်ကြာနေခဲ့ရသည်။
[[
ထိုနောက် [[ညောင်ရမ်းမင်းဆက်]]ကို တည်ထောင်သူ [[ညောင်ရမ်းမင်းတရားကြီး]]ကလည်း ၁၆၀၀တွင် အင်းဝကို သိမ်းပိုက်မင်းပြုရာမှ
[[
ညောင်ရမ်းမင်းဆက်ကျဆုံးပြီးနောက် [[အလောင်းဘုရား]]က မွန်တို့ကို တွန်းလှန်ကာ မြန်မာတို့ကိုသာမက အယုဒ္ဓယထိပါ တိုက်ခိုက်ခဲ့သည်။ ထိုအချိန်များအတွင် အင်းဝမှာ နန်းမြို့အဖြစ်မှ လျှောကျနေခဲ့ရသည်။[[ဆင်ဖြူရှင်]]လက်ထက်အရောက်တွင် အင်းဝကို နန်းမြို့အဖြစ် ပြန်လည်အသုံးပြုသည်။
[[
[[Category:မြန်မာ့ သမိုင်း]] [[Category:မြို့
[[Category:ရှေးဟောင်းမြို့]]
[[Category:ဒေသ]]
Line ၄၁ ⟶ ၄၃:
[[nl:Ava (stad)]]
[[pt:Ava (Birmânia)]]
[[ru:Ава (город, Бирма)]]
[[sv:Ava]]
[[vi:Innwa]]
|