ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၂၃ -
ယေရှုခရစ်တော် သို့မဟုတ် ယေရှု (မြန်မာပြည်ကက်သလစ် အသင်းတော်၌ ယေဇူးခရစ်တော် ၊ယေဇူးဟုခေါ်တွင်သည်) ဟုလည်း လူသိများသူသည် [[ခရစ်ယာန်သာသနာ]]၏ ပင်မအသွင်သဏ္ဌာန် ဖြစ်ပြီး [[ဓမ္မဟောင်းကျမ်း]]တွင် ဟောပြောထားသော မေရှိယ(မက်ဆီးယား)ဟု ရှုမြင်ကြသည်။ ခရစ်ယာန်ဘာသာရေး ဂိုဏ်းဂဏ အများစုက သူ့ကို ထာဝရဘုရားသခင်၏သားတော် နှင့် သေခြင်းမှ ထမြောက်သော ဘုရားသခင် ဝင်စားသူဟု ယုံကြည်ကြသည်။ အခြားသော ဘာသာအယူဝါဒများက သူ့ကို တနည်းမဟုတ်တနည်းဖြင့် ကြည်ညို လေးစားကြသည်။ သူသည် လူ့သမိုင်းတွင် ဩဇာအကြီးမားဆုံးသော သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သည်။
ယေရှု(ယေဇူး)၏ ဘဝ၊ဒေသနာ နှင့်ပတ်သက်၍ အခြေခံ အချက်အလက်များမှာ [[ခရစ်ယာန်]] အသင်းတော်များ စည်းမျဉ်းဆိုင်ရာ သွန်သင်ချက်များဖြစ်သော ခရစ်ဝင်ကျမ်း လေးကျမ်း ဖြစ်သည်။ အချို့ပညာရှင်များက (သောမကျမ်း ၊ သောမတ်ကျမ်း) နှင့် ဟေဗြဲကျမ်း(ဟေဗြေဦးကျမ်း သို့ ဟီဘရူးကျမ်း) တို့လည်း စပ်ဆိုင်သည်ဟု ကျိုးကြောင်းပြဆိုသော်လည်းအထူးသဖြင့် ရာဇဝင်အကျဉ်းချုပ်ကျမ်းများ တွင် ပါရှိသည်။
သမ္မာကျမ်းစာ ဝေဖန်ရေးပညာရှင် အများစုက ယေရှု(ယေဇူး)သည် ဂျူးဖြစ်ပြီး ဓမ္မဒေသနာဆရာနှင့် အနာရောဂါတို့ကို ကင်းငြိမ်းစေသူ၊ ဗတ္တိဇံဆရာယောဟန်(ယောဟန်ဗတ္တိဇံ)အားဖြင့် ခံယူခဲ့သူဖြစ်ကြောင်းနှင့်၊ ဓမ္မသစ်ကျမ်းစာ၏ အချို့အပိုင်းများသည် ယေရှု(ယေဇူး)၏ဘဝကို ပြန်လည် ဆက်စပ်ဖော်ထုတ်ရန် အသုံးဝင်သည်ဟု ယုံကြည်ကြရာတွင် ရောမအင်ပါယာကို ပုန်ကန်သည်ဟု စွဲဆိုချက်ကြောင့် ယုဒပြည်၊ ရောမဘုရင်ခံ ပုန္တိပိလတ်(ပိလတ်တူးမင်းပုံစီဦးပိလတ်တူးမင်း)၏ အမိန့်ဖြင့် [[ဂျေရုဆလင်မြို့]]၌ လက်ဝါးကပ်တိုင်တွင် တင်၍အသတ်ခံခဲ့ရသည်ကို လက်ခံကြသည်။
ဤကောက်ချက်အချို့မှအပ၊ ယေရှု(ယေဇူး)၏ ဟောပြောချက်၊ သူ၏ လူနေမှု အဆင့်အတန်း၊ ယဉ်ကျေးမှုပတ်ဝန်းကျင်နှင့် ဘာသာရေးဆိုင်ရာ မိတ်ဆက်ခြင်း တို့နှင့်ပတ်သက်၍ ပညာရပ်ဆိုင်ရာ အချေအတင် ဆွေးနွေးခြင်းသည် ဆက်လက် ဖြစ်ပေါ်လျက်ရှိသည်။ [[သမ္မာကျမ်းစာ]] ဝေဖန်ရေးပညာရှင်များက ယေရှု(ယေဇူး)ကို မိမိကိုယ်မိမိ မေရှိဟု ဖော်ပြပြောဆိုသူ၊ ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်ခြင်းနှင့်ဆိုင်သော လှုပ်ရှားမှု၏ ခေါင်းဆောင်၊ လှည့်လည်သွားလာနေသော ပညာရှိ၊ တန်ခိုးထက်သော အနာရောဂါငြိမ်းစေသူနှင့် လွတ်လပ်သော ဘာသာရေး လှုပ်ရှားမှုကို တည်ထောင်သူအဖြစ် ဖော်ပြကြသည်။