ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၀၉ -
ခရစ်ယာန်များက ၎င်းတို့၏ အပြစ်များအတွက် ယေရှု(ယေဇူး)သည် သူ၏ သေခြင်းဖြင့် လူတို့အတွက် ကယ်တင်ခြင်းနှင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ပေးရန် လာသော "ထာဝရဘုရားသခင်၏ သားတော်" (ယေဘုယျအားဖြင့် ယေရှု(ယေဇူး)သည် ဘုရားသခင်၏သားတော်၊ သုံးပါးတစ်ဆူတွင် ဒုတိယအပါး ဟုဆိုလိုသည်။) ဖြစ်သည်ဟု အဓိကထား ယုံကြည်ကြသည်။:568-603 ခရစ်ယာန် များသည် ယေရှု(ယေဇူး)ကို အပျိုစင် မယ်တော်မှ မွေးဖွားသည်၊:529-532 အံ့ဩဘွယ်သော အမှုတို့ကို ပြုတော်မူသည်၊,[30]:358-359 အသင်းတော်ကိုတည်ထောင်သည်၊ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့ကာ:616-620 တဖန်ပြန်လည်ကြွ လာဦးမည်ဟု အစဉ်တစိုက် ယုံကြည်ကြသည်။:1091-1109 သုံးပါးတစ်ဆူအယူအဆကို ခရစ်ယာန် အများစုက လက်ခံထားစဉ်တွင် အချို့အုပ်စုအနည်းငယ်တို့က ကျမ်းစာလာခြင်းမဟုတ်ဟုဆိုကာ လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သုံးပါးတစ်ဆူအယူအဆကို ငြင်းပယ်ကြသည်။ ခရစ်ယာန်ပညာရှင်အများစုသည် ယေရှုကို စောင့်စားနေသော မေရှိယ(မက်ဆိယား)အဖြစ်နှင့် ဘုရားသခင်အဖြစ် ဖော်ပြသည်။
အစ္စလမ်ဘာသာတွင် ယေရှု(ယေဇူး)(အာရေဗျ - عيسى ၊ အများအားဖြင့် အီဆာဟု အက္ခရာပြန်ရေးသားသည်)ကို ဘုရားသခင်၏ အရေးပါသော ပရောဖက်များထဲမှ တစ်ဦး၊ကျမ်းစာကို သယ်ဆောင်လာသူနှင့် ထူးဆန်းသောတန်ခိုးကို ပြသူဟူ၍ ယူဆသည်။ ယေရှုကို "မေရှိ"ဟူ၍လည်း ခေါ်သည်။ သို့သော် သူသည် ဘုရားသခင်ဖြစ်သည်ဟု အစ္စလမ်ဘာသာက မသွန်သင်ပါ။ ရှေးရိုးခရစ်ယာန်တို့ ယုံကြည်မှုဖြစ်သော ယေရှု(ယေဇူး)သည် သေလွန်ပြီးမှ ရှင်ပြန်ထမြောက်သည်ဟု ဆိုခြင်းထက်၊ ယေရှု(ယေဇူး)ကို လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း မတွေ့ကြုံရပဲ ကောင်းကင်သို့ ကိုယ်ခန္ဓာနှင့်တကွ တက်ကြွသွားခဲ့သည်ဟု အစ္စလမ်ဘာသာအရ သွန်သင်သည်။
 
{ကွင်းစကွင်းပိတ်ထဲရှိ နာမည်များမှာ မြန်မာပြည်ကက်သလစ် အသင်းတော်၏ အခေါ်အဝေါ်များဖြစ်ပါသည်။ အချို့သောနာမည်များကို ကွင်းထဲတွင် နှစ်မျိုးဖော်ပြထားပြီး အရှေ့စာလုံးမှာ မြန်မာပြည်နှစ်ခြင်းအသင်းတော် အခေါ်အဝေါ်ပြဖြစ်ပြီး ပုဒ်ဖြတ်(၊)၏ အနောကစာလုံ်းမှာ ကက်သလစ်အခေါ်အဝေါ်ဖြစ်သည်။}
 
== ယေရှု(ယေဇူး)၏မော်ကွန်း ==