ဥက္ကာကိုကို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၉ -
(၁၀) တန်းကို သံတွဲရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အောင်မြင်သူ ဘော်ဒါဆောင်မှ တက်သည်။ ၂၀၀၄ ခုနှစ်တွင် ဆယ်တန်းအောင်သွားသည်။ စစ်တွေအဝေးသင်တက္ကသိုလ်၌ ဒဿနိကဘာသာဖြင့် ဆက်လက်သင်ကြားသည်။<ref name="voice"/> ဒုတိယနှစ်တွင် စာမေးပွဲကျကာ ကျောင်းဆက်မတက်တော့ပေ။
 
၂၀၀၇ နှစ်စတွင် မိသားစု ကျပ်တည်းလာ၍ ငပလီကမ်းခြေတစ်ဖက်စွန်းရှိ ဂျိတ္တောရွာလမ်းဆုံ ဘီယာဆိုင်၌ နှစ်လခန့် စားပွဲထိုးလုပ်သည်။ ဇွန်လတွင် မိသားစုက ရန်ကုန်သို့ ပြောင်းသွားသည်။ ယူနီဆက် နှင့် ကြက်ခြေနီ တို့ ပေါင်းလုပ်သည့် ကလေးသူငယ်ကာကွယ်ရေးစီမံချက် (Children Protection Project) တွင် စေတနာ့ဝန်ထမ်းလုပ်နေ၍ ဇူလိုင်လမှသာ ရန်ကုန်တက်လာသည်။ အင်းစိန်ရွာမ၊ အလယ်ရပ်ကွက်၊ သံမဏိလမ်းတွင် နေထိုင်ကြသည်။ <ref>{{cite web|author=မင်းထက်စံ | title=ဥက္ကာကိုကို ဘဝဇာတ်ကြောင်း |date=၂၀ စက်တင်ဘာ ၂၀၁၈ | url=https://web.facebook.com/photo.php?fbid=1847029432012597&set=a.461125463936341&type=3 |accessdate=၂၁ စက်တင်ဘာ ၂၀၁၈ }}</ref>
 
၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ၌ သံချောင်းပါတီ အမည်ဖြင့် အရက်သမားများကို ကိုယ်စားပြုသည့် ပါတီပြောင်ဖွဲ့စည်းရာ လူသိများသည်။