အမရပူရမြို့: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် iOS app edit
စာကြောင်း ၆၄ -
အမရပူရမြို့၏ အဓိကလုပ်ငန်းမှာ ပိုးထည်ရက်လုပ်ခြင်းလုပ်ငန်းဖြစ်၍ မြန်မာပြည်တွင် ရက်ကန်းမြို့အဖြစ် တင်စားလောက်သော မြို့ဖြစ်ပေသည်။ တစ်မြို့လုံးနီးပါး ရက်ကန်းအတတ်ကို တတ်ကြသည်။ ယင်းပိုးထည်လုပ်ငန်းကြီးကို အကြောင်းပြု၍ ခရစ် ၁၉၁၂ ခုနှစ်လောက် ကတည်းက [[ဆောင်းဒါး ရက်ကန်းကျောင်း]]ကို မန္တလေး စစ်ကိုင်းလမ်းပေါ်တွင် ဖွင့်လှစ်ထားသည်။ ပိုးထည်လုပ်ငန်း၊ ချည်ထည်လုပ်ငန်းများ အဓိက စီးပွားရေး အဖြစ်လုပ်ကိုင်ကြသည်။ တောင်သမန်အင်း၊ တက်သေးအင်းများ တည်ရှိ၍ အင်းလုပ်ငန်းများဖြင့်လည်း စီးပွားရှာကြလေသည်။ ဆေးရွက်ကြီး ဆေးပေါင်းရုံများလည်း ရှိ၍ ဆေးပေါင်းသော လုပ်ငန်းလည်းရှိသည်။
==အထင်ကရနေရာများ==
မြို့၏ အနီးတွင် [[တောင်သမန်အင်း]] ရှိသည်။ ပုဂံမင်း လက်ထက်က မြို့စာရေး မောင်ပိန်သည် ထိုအင်းကိုဖြတ်၍ သစ်သားတံတားကြီးတစ်ခု ဆောက်လုပ်လှူဒါန်းခဲ့ရာ ယခုတိုင် ရှိသေးသည်။ ထိုတံတားကို ဦးပိန်တံတား ဟုခေါ်တွင်သည်။ တောင်သမန်အင်းပတ်လည်တွင် အမရပူရမြို့၏ တနခိုးကြီးဘုရားများဖြစ်သော '''ကြီးလေးကြီး ဘုရား'''ဟု ညွှန်းဆိုထားသည့် -
# ပုထိုးတော်ကြီး ( မဟာဝိဇယရံသီ)
# ရွှေဂူကြီး
# တောင်မင်းကြီးဘုရား
# ကျောက်တော်ကြီးဘုရားတို့ကို ဖူးမျှော်နိုင်သည်။

အမရပူရမြို့ အနောက်တောင်ထောင့်တွင် စစ်ကိုင်းမင်း အမည်ခံ မှန်နန်းရှင် ဘကြီးတော် မင်းတည်ထား ကိုးကွယ်ခဲ့သော စည်းခုံတော်ပုထိုးတော်ကြီး စေတီရှိရာ ဘွဲ့တော်မှာ''မဟာဝိဇယရံသီ'' ဖြစ်၍ အလွန် ထင်ရှားသည်။ တောင်သမန်အင်း တစ်ဘက်တွင် [[ပုဂံမင်း]] တည်ထားခဲ့သော ကျောက်တော်ကြီးဘုရား ရှိသည်။
 
[[File:U Bain Bridge1.JPG|thumb|[[ဦးပိန်တံတား]] မြင်ကွင်း]]