ဇာဂနာ(ရုပ်ရှင်နှင့် သဘင်ပညာရှင်): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ံု +ုံ)
အရေးမကြီးNo edit summary
စာကြောင်း ၂၇ -
ဇာဂနာ ကို ၂၀၀၆ ခုနှစ်မှစ၍ လူများအကြား သရုပ်ဆောင်မှုများ၊ ပြဇာတ်များ ပြုလုပ်ခွင့်ကို စစ်အစိုးရမှ ပိတ်ပင်ထားသည်။ ဇာဂနာသည် The Lillian Hellman and Dashiel Hammett Award ဆိုသည့် ဆုကို Free Expression (လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်) ဆိုသည့် အဖွဲ့အစည်းမှ ချီးမြှင့်ခဲ့သည်။ ထိုအဖွဲ့အစည်းသည် အမေရိကန် နိုင်ငံ New York မြို့ အခြေစိုက်သည့် လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့မှ ဖွဲ့စည်းထားခြင်းဖြစ်သည်။
 
ဇာဂနာသည် ၂၀၀၈ ခုနှစ် ဇွန်လ ၄ရက်နေ့မှ စ၍ နာဂစ်ဆိုင်ကလုန်းမုန်တိုင်းအတွင်း သေကြေပျက်စီးမှုများ၊အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကိုသေကြေပျက်စီးမှုများ၊ အိုးမဲ့အိမ်မဲ့ဖြစ်ပွားခဲ့မှုများကို ပြင်ပသတင်းဌာနများနှင့် ပြောဆိုသည်ဆိုကာ ဖမ်းဆီးခံခဲ့ရပြန်သည်။ စစ်တပ်အစိုးရသည် သူ့အား နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာသာသနာကို စော်ကားမှု ပုဒ်မ ၂၉၅(က)၊ မတရားအသင်း ဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအဝင် စုစုပေါင်း(၇) မှုဖြင့် စွဲချက်တင်ထားခဲ့ပြီး၊ ထိုစွဲချက်များသည် သူ့အား ထောင်ဒဏ် ၂ နှစ်ကျစေနိုင်သည်။ <ref>[http://www.rfa.org/burmese/news/zaganar_in_special_court-09202008152632.html ဇာဂနာကို အင်းစိန်ထောင် သီးသန်ႛရုံးမြာ စစ်ဆေး<!-- Bot generated title -->]</ref>
 
== ဘဝအစ ==
ဇာဂနာ ဆိုသည့်အမည်ကို အဖ ဦးနန်းညွန့်ဆွေ နှင့် မိခင် ဒေါ်ကြည်ဦးတို့မှ မွေးဖွားခဲ့သည့် သားသုံးယောက်ထဲမှ အငယ်ဆုံးဖြစ်သည့် မောင်သူရ မှ အမည်တွင်ခဲ့ခြင်းဖြစ်သည်။ မောင်သူရသည် နိုင်ငံရေးဆိုင်ရာ နှင့် ပညာရေးအသိပညာ ကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသူ ဖြစ်သည်။ ငယ်ရွယ်စဉ်ကတည်းက သူသည် မိဘများ မိန့်ခွန်းပြောရာ ဒေသများသို့ လိုက်ကာ လှုံ့ဆော်ပြောဆိုမှုများ ပြုလုပ်ခြင်း၊ မိဘများ၏ ခြေရာကိုတူအောင် လိုက်နိုင်ခဲ့သူဖြစ်ပြီး၊ ထို့ကြောင့် လူအများက သူ့ကို “အသံတုဝိဇ္ဇာ”ဟူ၍လည်း အမည်ပေးခဲ့ကြသည်။
 
သူရသည် ၁၉၇၇ ခုနှစ်တွင် ရန်ကုန်မြို့ရှိ ပညာရေးအရှိန်အဝါ မြင့်မားသော ဒဂုန် () အထက်တန်းကျောင်း မှ အောင်မြင်ခဲ့ပြီး၊ ၁၉၈၅ ခုနှစ်တွင် သွားဘက်ဆိုင်ရာ ရန်ကုန်သက္ကသိုလ်မှရန်ကုန်တက္ကသိုလ်မှ သွားဘက်ဆိုင်ရာဆရာဝန်အဖြစ် ဒီဂရီ ရခဲ့သည်။ သွားဘက်ဆိုင်ရာ ကျောင်းတွင် တက်ရောက်နေစဉ်၊ ချင်းပြည်နယ်တွင် လုပ်အားပေး ပညာသင်ကြားရေးအတွက် ဆရာ တစ်ယောက်အနေဖြင့်ဆရာတစ်ယောက်အနေဖြင့် ပါဝင်ခဲ့ပြီး၊ ထိုအတွေ့အကြုံများကို နိုင်ငံတော် စာပေဗိမ္မာန်နိုင်ငံတော်စာပေဗိမ္မာန် စာပေတိုက် မှ စာအုပ် ထုတ်ဝေခဲ့သည်။
== အနုပညာ လောကသို့ ==
သူရ၏ ပထမဦးဆုံး အောင်မြင်ချိန်သည် ကောလိပ်တွင် ကျောင်းတက်နေသော အချိန်ဖြစ်သည်။ ထိုစဉ်က သူရသည် ဇာဂနာ အမည်ဖြင့် ရန်ကုန်သက္ကသိုလ် အငြိမ့်သဘင်ပွဲတစ်ခု၌ ဖျော်ဖြေခဲ့သည်။ သူသည် တက္ကသိုလ်ကျောင်း ဌာန အသီးသီးမှ ကျောင်းသားများ ပေါင်းစပ်ကာ မြကျွန်းသာ အမည်ရှိသည့် အငြိမ့်အက အဖွဲ့တစ်ခု တည်ထောင်ခဲ့သည်။ ထို့နောက် မိုးနတ်သူဇာ အမည်ဖြင့် ပြဇာတ်အဖွဲ့ တစ်ခုစုစည်းခဲ့ပြီး၊ ကျောင်းသားများ နှစ်ပတ်လည်တွေ့ဆုံပွဲများတွင် ကပြဖျော်ဖြေခဲ့သည်။ မြန်မာ့ရုပ်မြင်သံကြားတွင် သူ၏ အဖွဲ့သားများ အငြိမ့်ကပြမှုအား ထုတ်လွှင့်ခဲ့ပြီးနောက်၊ ပို၍နာမည်ကြီးလာခဲ့သည်။
 
သွားဘက်ဆိုင်ရာ ပညာရပ်များ လေ့လာပြီးနောက်၊ သူသည် အနုပညာ အငြိမ့်လောကသို့ ခုန်ဝင်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် မြပုန္ဒမာမြပုဏ္ဏမာ အငြိမ့်အဖွဲ့ အမည်ဖြင့် မြန်မာ့ရုပ်မြင်သံကြားတွင် မကြာခဏ ထုတ်လွှင့်ခဲ့သည်။ ဇာဂနာ၏ တွေးတောကြံဆ နိုင်မှုများ နှင့် စစ်အစိုးရ၏ မအောင်မြင်သော လုပ်ရပ်များကို ပြက်လုံးများဖြင့် သန်းနှင့်ချီသော ပြည်သူများရှေ့တွင် တင်ဆက်ပြသ နိုင်ခဲ့သဖြင့် လူအများမှ အံ့ဩခဲ့ကြသည်။ သူ၏ နာမည်အကြီးဆုံးဖြစ်သည့် “သူတောင်းစား ညီလာခံ”“သူတောင်းစားညီလာခံ” ပြဇာတ်၏ ပြက်လုံးများသည် စစ်အာဏာရှင် နေဝင်းစစ်အာဏာရှင်နေဝင်း နှင့် သူ့၏ လက်ပါးစေများကို အရွဲ့တိုက်ထားခြင်းကြောင့် ပြည်သူ့အကြိုက်ဖြစ်ခဲ့သည်။ သူငယ်ချင်းများအနေနှင့် သူ၏ စစ်အာဏာရှင် ဆန့်ကျင်ရေးပြက်လုံးများ လွှင့်ထုတ်နေသော်လည်း စစ်အစိုးရမှ ဒုက္ခပေးခြင်း၊ ထောင်ကျခြင်းများ မရှိခဲ့သဖြင့် အံ့ဩခဲ့ကြသည်။
== အငြိမ့်သဘင် နှင့် ဇာဂနာ ==
မြန်မာပြည်တွင် အငြိမ့်သဘင်လောကကို ပြန်လည်ခေတ်စားလာအောင် လုပ်ပေးနိုင်ကြသူများတွင် ဇာဂနာသည့် အဓိက ပါဝင်သော အနုပညာသမားတစ်ယောက်ဖြစ်သည်။ [[အငြိမ့်]]ဆိုသည်မှာ မင်းသမီး တစ်ယောက် (သို့) နှစ်ယောက်တို့ နှင့် လူရွှင်တော် လေးယောက် (သို့) ငါးယောက်တို့ဖြင့် ကပြဖျော်ဖြေသော အနုပညာလုပ်ငန်းဖြစ်သည်။ လူရွှင်တော်သည် ပုံမှန်အားဖြင့် မင်းသမီး ကဖို့ရန်ပြင်ဆင်နေသောအချိန်တွင် ပြက်လုံးထုတ်ကာ လူအများရယ်အောင် ပြုလုပ်ကြသူများဖြစ်သည်။ ထိုအချိန်က အငြိမ့်သည် မြို့ကြီးပြကြီးများတွင် ပျောက်ကွယ်လု နည်းပါးဖြစ်နေသော အနုပညာရပ်တစ်ခုဖြစ်၍ ဇာဂနာပါဝင်လာပြီးနောက်ပိုင်း ပြန်လည် သစ်ဆန်းလာခဲ့သည်။