ကျမ်းမြတ်ကုရ်အာန်: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
124.123.51.47 (ဆွေးနွေး) ၏ တည်းဖြတ်မူ 425478 ကို ပြန်လည်ပယ်ဖျက်လိုက်သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
စာကြောင်း ၂ -
[[File:Opened Qur'an.jpg|thumb|2228~ ကုရ်အာန်ကျမ်း7725~ sh....စာအုပ်]]
 
'''ကိုရမ်ကျမ်း'''သည်4446~သည် အလ္လာအရှင်မြတ်က တမန်တော် [[မိုဟာမက်]] ကို ပို့ချသော ကျမ်းစာအုပ်ဖြစ်၍ ကမ္ဘာပေါ်ရှိ (၂၂၅) သန်းမျှ အရေအတွက် ရှိသော မွတ်စလင်တို့ အတွက် တစ်ခုတည်းသော၊အထွတ်အမြတ်ထားရာ ကျမ်း ဖြစ်သည်။ ကိုရမ်ကျမ်းမှာ အာရဗီ ဘာသာဖြင့် ရေးသားထား၍ ခရစ်ယာန် ဓမ္မသစ်ကျမ်းခန့် ရှည်လျားသည်။ အခန်းပေါင်း (၁၁၄) ခန်း ရှိပြီးလျင် နိုင်ငံသမိုင်း ၊ အနာဂတ်ဟောပြောချက် ၊ ကိုယ်ကျင့်တရားနှင့် ဥပဒေများ ပါဝင်သည်။ ပါဝင်သည့် သမိုင်း အတ္ထုပတ္တိ တို့သည်ကား ဓမ္မဟောင်းကျမ်းမှ အတ္ထုပတ္တိများပင် ဖြစ်၍ သဘောတရားနှင့် ဥပဒေများသည်လည်း ခရစ်ယာန် အယူဝါဒ ၊ ရဟူဒီ အယူဝါဒတို့နှင့် ဆင်တူသည်။ ထိုကျမ်း၌ မိုးဇက် ၊ ယေရှုနှင့် မိုဟာမက်တို့အပြင် အလ္လာရှင်မြတ်၏ အခြား တမန်တော် ကြီးများကိုလည်း ကြည်ညိုလေးစားရမည်ဟု ဖော်ပြထားသည်။
 
ကိုရမ်ကျမ်း၌ ထာဝရဘုရား တစ်ဦးတည်းသာ ရှိကြောင်း ၊ အလ္လာရှင်မြတ်မှတစ်ပါး အခြား ထာဝရ ဘုရား မရှိဟူသော တရားတော်ကို အဓိက ဖော်ပြထားသည်။ ထို့ပြင် အလ္လာရှင်မြတ် နောက်ဆုံး တရားစီရင်ချိန်တွင် မည်သူမဆို မိမိပြုခဲ့သော ကောင်းမှု မကောင်းမှုတို့အလျောက် အကျိုး အပြစ် ခံစားရလိမ့်မည် ဟူ၍ လေးနက်စွာ ဖော်ပြထားသည်။
 
မူစလင်တို့၏ ရာဇသတ် ၊ ဓမ္မသတ် ကျမ်းတို့မှာ ကိုရမ်ကျမ်းကို အမှီပြုလျက် ပြဌာန်းထားခြင်း ဖြစ်သည်။ မွတ်စလင် ကျောင်းများ၌လည်း ကိုရမ်ကျမ်းမှာ အဓိက ကျောင်းသုံးစာအုပ် ဖြစ်သည်။ မွတ်စလင်များ ဘုရား ရှိခိုးရာတွင်လည်း ကိုရမ်ကျမ်းကိုပင် အမှီသဟဲ ပြုကြသည်။ ကိုရမ်ကျမ်းအရ မူစလင်များသည် တစ်နေ့လျှင် (၅) ကြိမ်ကျ မက္ကာမြို့ရှိ ကာဗား ကျောင်းတော်ရှိရာ ဘက်သို့ မျက်နှာမူ၍ ဘုရားအာရုံပြုရခြင်း ၊ အလှူဝတ်ကို ပြုရခြင်း ၊ ပစ္စည်း ဥစ္စာ တတ်နိုင်ပါက မိမိ၏ တစ်သက်တွင် အနည်းဆုံး တစ်ခေါက်မျှ မက္ကာမြို့သို့ ဘုရားဖူး သွားရခြင်း ၊ ရမ္မဇာန် လအတွင်း၌ ဥပုသ်စောင့်ခြင်း တို့ကို ပြုလုပ်ကြရလေသည်။
 
== ကိုရမ်ကျမ်း၏ အစ ==