ဘန်ကောက်မြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာတွဲ: ၂၀၁၇ ရင်းမြစ်တည်းဖြတ်
စာကြောင်း ၁၂၅ -
ယာဉ်ကျောကျပ်တည်းမှုကြောင့် ဘန်ကောက်မြို့၏ လေထုညစ်ညမ်းမှု မြင့်တက်ခဲ့သည်။ ၁၉၉၀ပြည့်နှစ်များတွင် စိုးရိမ်ရသောအခြေအနေထိ ရောက်ခဲ့သည်။ သို့သော် လောင်စာဆီအရည်အသွေး မြှင့်တင်ခြင်း၊ ကားမီးခိုးထုတ်လွှင့်မှု ထိန်းချုပ်ခြင်းတို့ ပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၀၀ခုနှစ်များတွင် လေထုညစ်ညမ်းမှုပြဿနာ အတော်အတန် ပြေလည်ခဲ့ရသည်။
 
==== ဘတ်စ်ကားများနှင့် အငှားကားများ====
အောင်နိုင်မှုအထိမ်းအမှတ်ကျောက်တိုင် (Victory Monument)သည် ဘန်ကောက်မြို့၏ အဓိက သယ်ယူပို့ဆောင်ရေး အခြေစိုက်ရာဖြစ်သည်။ အဆိုပါနေရာတွင် ဘတ်စ်ကားများ၊ အငှားကားများ အများအပြားကိုတွေ့မြင်နိုင်သည်။
 
ဘန်ကောက်မြို့တွင် တစ်မြို့လုံးကိုလွှမ်းခြုံနိုင်သော ဘတ်စ်ကား ကွန်ယက်ရှိသည်။ ဘန်ကောက်အများပြည်သူသယ်ယူပို့ဆောင်ရေးအာဏာပိုင် (BMTA) သည် ဘတ်စ်ကားဝန်ဆောင်မှုကို တစ်ဦးတည်းလုပ်ကိုင်သည်။ ဘတ်စ်ကားလမ်းကြောင်းပေါင်း ၄၇၀ ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဘန်ကောက်မြို့ပြစီမံခန့်ခွဲရေးအဖွဲ့ (BMA) သည် သီးသန့် ဘတ်စ်ကားလိုင်းကို စတင်ခဲ့သည်။ အဆိုပါလိုင်းသည် စီးပွားရေးအချက်အချာကျရာ စတွန် မှ မြို့အနောက်ဘက် ရာချာဖရက် အထိ ပြေးဆွဲသည်။
 
အငှားယာဉ်များကို ဘန်ကောက်မြို့၏ နေရာတိုင်းတွင် တွေ့ရသည်။ ၂၀၁၂ခုနှစ် သြဂုတ်လထိ အငှားကား ၁သိန်းကျော်၊ အငှားမော်တော်ဆိုင်ကယ် ၆သောင်းနီးပါးနှင့် တုတ်-တုတ် (ခေါ်) သုံးဘီးဆိုင်ကယ် ၉ ထောင်နီးပါး ရှိသည်။ အငှားကားများကို မီတာဖြင့်လည်းကောင်း ညှိနှိုင်းစျေးဖြင့်လည်းကောင်း ငှားရမ်းနိုင်သည်။ သို့သော် လမ်းကြောင်းမသင့်လျှင် ကားဆရာမှ ငှားရန်ငြင်းဆန်မှုကြောင့် ရှိနိုင်သည်။ အငှားမော်တော်ဆိုင်ကယ်များကို ခရီးအကွာအ‌ဝေးအလိုက် ဆိုင်ကယ်သမားနှင့် ညှိနှိုင်းစျေးဖြင့် ငှားနိုင်သည်။ သို့သော် အုပ်စုဖွဲ့ရမ်းကားမှုများကြောင့် အငှားမော်တော်ဆိုင်ကယ်များကို ဖျက်သိမ်းခဲ့သည်။ ၂၀၀၃ ခုနှစ်တွင်မှ အငှားမော်တော်ဆိုင်ကယ်များကို မှတ်ပုံတင်ခြင်းဖြင့် ပြန်လည်ခွင့်ပြုခဲ့သည်။
 
===မီးရထားလမ်း===