ဂွေးချောင်းခံတပ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
ဖြည့်စွက်ရေးသားခဲ့ပါသည်
စာကြောင်း ၁ -
'''ဂွေးချောင်းခံတပ်'''သည် [[မင်းလှခံတပ်]]နှင့်အတူ တပြိုင်တည်း၊ တစ်ချိန်တည်း တည်ဆောက်ခဲ့သော မြန်မာတို့၏ ခံတပ်တစ်ခုဖြစ်သည်။ မင်းလှခံတပ်နှင့် [[ဧရာဝတီမြစ်]]ခြားလျက်ကွေ့ချောင်းခံတပ် (သို့) ဂွေးချောင်းခံတပ်သည် မကွေးမြို့မှ ၁၂ မိုင်ခန့်အကွာ ဧရာဝတီမြစ်၏ အရှေ့ဘက်ကမ်းတွင် တည်ရှိသည်။ ဧရာဝတီမြစ်၏ အနောက်ဘက်ကမ်းရှိ မင်းလှ ခံတပ်၏အရှေ့တောင်ဘက် ဓါးလွယ်ခုတ် အနေအထားတွင်တည်ရှိပါသည်။
 
ဂွေးချောင်းခံတပ်ကို မင်းတုန်းမင်း၏ညီတော်ကနောင်မင်းသား၏ ကြီးကြပ်စီစဉ်မှုဖြင့် ပြင်သစ်နှင့် အီတာလျံ လူမျိုးများဖြစ်ကြသည့် ကိုမိုဟိုပယ်ရီ နှင့် မိုရီနာရီတို့နှင့်အတူ မြန်မာအင်ဂျင်နီယာများပူးပေါင်း၍ ခရစ်နှစ် ( ၁၈၆၀ ) ခုနှစ်တွင်တည်ဆောက်ခဲ့ရာ ခရစ်နှစ် ( ၁၈၆၃ ) ခုနှစ်တွင်ပြီးစီးပါသည်။
[[မကွေးမြို့နယ်]]၊ မြင်ကွန်းတိုက်နယ်အတွင်း [[ဧရာဝတီမြစ်]]၏ အရှေ့ဘက်ကမ်း၌ တည်ရှိပြီး၊ [[မင်းလှခံတပ်]]နှင့် ဓားလွယ်ခုတ် ဖြစ်သည်။ "အချောင်ကြံစည်၊ ခံမြို့တည်" လင်္ကာအရ သက္ကရာဇ် ၁၂၂၃ (၁၈၆၁ ခုနှစ်)တွင် တည်သည်။ ရေပြင်အထက် ပေ ၄၅၀ မြင့် တောင်ကုန်းထက်၌ ရှိကာ၊ အလျား ၁၁၄ ပေ ၉ လက်မ၊ အနံ ၁၆ ပေ ၆ လက်မ၊ အမြင့် ၁၁ ပေ ၆ လက်မနှင့် နံရံအထူ ၄ ပေ ဖြစ်သည်။ အီတာလျံ အင်ဂျင်နီယာ မိုလီနာလီနှင့် မြန်မာ အင်ဂျင်နီယာများက တည်ဆောက်ခဲ့ပြီး၊ အင်္ဂလိပ်-မြန်မာ တတိယစစ်ပွဲအတွင်း ''ကွေ့ချောင်း''ခံတပ်တွင် တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားသည်။<ref>{{cite book|author=တင်နိုင်တိုး|title=မြန်မာပြည်တစ်ခွင် လမ်းညွှန်|publisher=မဇ္ဈိမစာပေ|page=၁၁၃|date=ဒီဇင်ဘာလ၊ ၂၀၁၃}}</ref>
 
ဂွေးချောင်းခံတပ်သည် အလျား ( ၂၇၅ ) ပေ အနံ ( ၁၅၅) ပေ ရှိ၍ အမြင့် ( ၁၂ ) ပေ ၊ ထု ( ၄ ) ပေရှိသော အုတ်တံတိုင်းဖြင့် ကာရံတည်ဆောက်ထားပါသည်။ တံတိုင်း၏ အရှေ့ဘက် အနောက်ဘက် မြောက်ဘက် တို့တွင်အတွင်းမှနေ၍ ရန်သူအား တိုက်ခိုက်နိုင်ရန်အတွက် သေနတ်ပစ်ပေါက်များစီမံထားရှိပြီး စုစုပေါင်း အပေါက်အရေအတွက် (၁၅၄) ခုရှိသည်။
== ကိုးကား ==
<references />
 
ခံတပ်၏အတွင်းသို့ဝင်ရောက်ရန် အနောက်ဘက်တွင် တံခါးတံတိုင်း၏အတွင်းပိုင်းတွင် စစ်သည်တော်များနေထိုင်ရန် အဆောင်တန်းလျား ၂ ခု နှင့် အရာရှိဆောင် ( ၁ ) ခုပြုလုပ်ထားပြီး အခန်း( ၁၃ ) ခန်းပါရှိပါသည်။ အဆောင်တန်းလျားများ၏ အရှေ့ဘက်တွင် အကျယ် ( ၁၄ ) ပေ အလျား (၁၆၉ )ပေရှိသော ဥမင်တစ်ခုပြုလုပ်ထားပြီးစစ်တိုက်ရာတွင်အသုံးပြုသော ဆင်များထားရှိသည့် အတွက် ဆင်ကျုးဟုခေါ်ကြသည်။ ဆင်ကျုံးအတွင်းနံရံ၏အနောက်ဘက်ခြမ်းတွင် လက်နက်များထားရှိရန် လက်နက်တိုက်တစ်ခုနှင့် အရာရှိဆောင်၏ နောက်ဘက်နံရံတွင် လက်နက်တိုက်တစ်ခုစီမံပြုလုပ်ထားပါသည်။
{{Stub}}
 
ခံတပ်၏တောင်ဘက်တွင် ဆင်ခြေလျောပြုလုပ်၍ အုတ်ရိုးတန်းများကာရံထားသော မြေကတုန် ၄ ဆင့်ပြုလုပ်ထားပါသည်။အပေါ်ဆုံးထပ် အရှေ့ဘက်နေရာတွင် မျှော်စင်တစ်ခုပြုလုပ်ထားပါသည်။လက်ရှိအခြေအနေတွင်အုတ်ရိုးတန်းများသာကျန်ရှိသည်။
 
ခံတပ်တည်ဆောက်ထားပုံမှာ အဆင့် ၃ ဆင့်ရှိ ၍ ပထမအဆင့်သာလျင် မြေပေါ်တွင်ပေါ်လွင်တည်ရှိပြီး ကျန် ၂ဆင့်မှာ မြေကြီးအောက်တွင်ဖြစ်ပါသည်။ မြေအောက်ခံတပ်၏ အလယ်တွင်ရေသိုလှောင်ထားရှိရန် အလျား( ၇၂) ပေ အနံ(၁၇)ပေ အနက်(၈၅)ပေရှိသည့် မြေအောက်ရေကန်တစ်ခုကိုလည်း စနစ်ကျစွာတည်ဆောက်ထားသည်။
 
ဂွေးချောင်းခံတပ်ကို ဇယားဝင်အဆောက်အအုံအဖြစ်သတ်မှတ်၍ (၁၉၅၇) ခုနှစ်မှ ယနေ့အချိန်ထိ ရှေးဟောင်းသုသေသန အမျိုးသားစာကြည့်တိုက်နှင့် စာကြည့်တိုက်ဦးစီးဌာနက ပြုပြင်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါသည်။
 
== ကိုးကား ==
ဂွေးချောင်းခံတပ် ( သို့ ) ကွေ့ချောင်းခံတပ် - M.H.A (တောင်တွင်းကြီး){{Stub}}
 
[[Category:မြန်မာ့ သမိုင်း]]