ခရုစုတ်ငှက်: တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ်
စာကြောင်း ၁ -
သာမန်အရပ်သားတို့က ခရုကို စုတ်၍ စားတတ်သော ငှက်မျိုးအားလုံးကို သိမ်းကျုံး၍ ခရုစုတ်ငှက်ဟု ခေါ်သည်။ သို့သော် ထိုငှက်မျိုးကို ပါဏဗေဒ အလိုအားဖြင့် ခွဲခြားလိုက်လျှင် -
# ခါရာဒြီဖောင်း မျိုးစဉ် စကိုလိုပါစိဒေ မျိုးရင်း၌ အပါအဝင်ဖြစ်သည့် နျူမင်နိယပ် အာကွာတာခေါ် ခရုစုတ်ငှက်(Asian Openbill)နှင့်
# စိကိုနီဖောင်းမျိုးစဉ် သရက်စကီအောနိသိဒေ နှင့် စီကွန်နီဒေမျိုးရင်း၌ အပါအဝင်ဖြစ်သည့် ခရုစုတ်ငှက် (Curlew)မျိုးဟူ၍ နှစ်မျိုးနှစ်စား ရှိလေသည်။ ခါရာဒြီဖောင်း မျိုးစဉ်ဟု သတ်မှတ်သည်မှာ ကြာဖက်နင်းငှက်တို့ကဲ့သို့ ရေတွင် ပေါလော ပေါ်လျက်ရှိသော သစ်ရွက်သစ်ပင်တို့ကို နင်း၍ သွားနိုင်အောင် ခြေသည်းရှည်သောကြောင့် ဖြစ်သည်။ စီကိုနီဖောင်း မျိုးစဉ်၌ ပါဝင်သော ငှက်တို့၏ နှုတ်သီးသည် ရှည်လျားကောက်ကွေ့၍သော် လည်းကောင်း၊ ပြား၍သော်လည်းကောင်း ရှိတတ်သည်။
 
== ခရုစုတ်ငှက်များအား ခွဲခြားခြင်း ==
ရှေးမြန်မာတို့က မိန်းမလက်သည်းဟု ခေါ်သော ခရုစုတ်ငှက်မှာ ပထမ မျိုးစဉ်တွင် ပါဝင်သော နျူမင်နိယပ် အာကွာတာငှက်ဖြစ်သည်။ အင်္ဂလိပ်အခေါ်အားဖြင့် ကာလျူးဟု ခေါ်သည်။ ရခိုင်တိုင်းတွင်း ဤငှက်ကလေးမျိုးကို ပါဏဗေဒပညာရှင်တို့က စနိုက်ငှက်နှင့် မျိုးတူဟု ပြဆိုကြသည်။ ထိုငှက်မျိုးတွင် နှုတ်သီးသည် ရှည်၍ အောက်ဖက်သို့ စိုက်ကာ ကွေးနေတတ်သည်။ အချို့သော ခရုစုတ်ငှက်တို့၏ နှုတ်သီးမှာ ၈ လက်မအထိ ရှည်သည်။ ခြေတံလည်း ရှည်သည်။