မာရီ ကျူးရီး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ကျူးရီး၊ အမ် စာမျက်နှာကို မာရီ ကျူးရီး သို့ Ninjastrikersက ရွှေ့ခဲ့သည်: WP:NCP
၁၀၉၆ ကို ၁၉၀၆ ဟုပြင်ဆင်ပါသည်။
စာကြောင်း ၂ -
'''မာရီ ကျူးရီး'''(ခရစ် ၁၈၆၇-၁၉၃၄)ကို ၁၈၆၇ ခု နိုဝင်ဘာလ ရ ရက်နေ့တွင် [[ပိုလန်နိုင်ငံ]] ဝါဆောမြို့၌ ဖွားမြင်သည်။ ပိုလန်လူမျိုးမိဖများမှ မွေးဖွားခဲ့သူဖြစ်၍၊ သူ၏ဖခင်မှာ ဝါဆောမြို့ကောလိပ်ကျောင်းမှ ရူပဗေဒပါမောက္ခ လာဒစ္စလော့စကလိုဒေါ့စကား ဆိုသူ ဖြစ်ပေသည်။ အသက်အရွယ်ငယ်စဉ်ကပင် မာရီသည် ဖခင်၏ လက်တွေ့စမ်းသပ်ခန်းထဲတွင်သာ အချိန်ဖြုန်းလေ့ ရှိသည်။ ဤသို့ဖြင့် ကြီးပြင်းလာသည့်အခါ ဖခင်၏အလုပ်တွင် စိတ်ဝင်စားလာပြီးလျှင် ဖခင်ထံတွင် အခြေခံ သိပ္ပံပညာရပ် များကို သင်ကြားခဲ့၏။ ဉာဏ်ပညာထက်မြက်သည့်အလျောက် ဆရာကြီး၏ တပည့်များက မာရီအား ပါမောက္ခကလေးဟူ၍ အမည်ပေးခဲ့ကြသည်။ မာရီသည် အသက် ၁၆ နှစ်အရွယ်တွင် သင်္ချာနှင့် သိပ္ပံပညာရပ်များ၌ ထူးချွန်သဖြင့် ရွှေတံဆိပ်ဆု ရခဲ့ဘူး၏။
 
ရုရှားနိုင်ငံတွင် ကလေးထိန်းဆရာမအလုပ်ကို ခေတ္တလုပ်ကိုင်ခဲ့ပြီးနောက် မာရီကျူးရီးသည် တော်လှန်ရေးကျောင်းသားအဖွဲ့တွင် ပါဝင်ခဲ့သဖြင့် ဝါဆောမြို့မှ [[ပါရီမြို့]]သို့ တိတ်တဆိတ် ထွက်ပြေးခဲ့ရသည်။ ထိုနောက် မာရီသည် ပညာဆက်လက်သင်ကြားခွင့် ရရှိသဖြင့် ကြိုးကြိုးပမ်းပမ်း သင်ယူခဲ့သည်တွင် သိပ္ပံဘွဲ့ကို ရရှိခဲ့လေသည်။ ထို့နောက် ပါမောက္ခ ပီယဲကျူးရီနှင့် မာရီတို့သည် တစ်ဦးကိုတစ်ဦး မေတ္တာသက်ဝင် ချစ်ခင်ခဲ့ကြရာ ၁၈၉၅-ခုနှစ်တွင် ထိမ်းမြားလက်ထပ်လိုက်ကြသည်။ ပီယဲကျူးရီမှာ ထိုစဉ်က ပါရီမြို့ရှိ [[ရူပဗေဒ]]နှင့် [[ဓာတုဗေဒ]]ပညာရပ်များကို သင်ကြားပို့ချသော မျူနီစီပယ်ကျောင်း အထွေထွေ ရူပဗေဒ ပါမောက္ခဖြစ်သည်။ ဝါသနာတူညီလှသော ဇနီးမောင်နှံတို့သည် သိပ္ပံပညာပြဿနာများကို ဆွေးနွေးတိုင်ပင်လျက် သုသေတန လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ၁ဝ၉၆၁၉၀၆ ခုနှစ်တွင် အမ်ဗက္ကရယ်ဆိုသူသည် အလွန်အလေးချိန်စီးသော ယူရေနီယမ် သတ္တုတွင် ရေဒီယိုသတ္တု ရှိကြောင်း စုံစမ်းရှာဖွေ တွေ့ရှိခဲ့လေသည်။ မေရီနှင့် ပီယဲတို့သည် အမ်ဗက္ကရယ် ရှာဖွေတွေ့ရှိခဲ့သော ရေဒီယိုသတ္တုတွင် များစွာ စိတ်ဝင်စားလာကြ၍ အခြားဒြပ်စင် များတွင်လည်း ထိုရေဒီယိုသတ္တု ရှိမည်ဟု ယုံကြည်သဖြင့် စူးစမ်းရှာဖွေကြည့်ရာတွင် သိုရီယမ် သတ္တုတွင်လည်း ရေဒီယိုသတ္တုရှိကြောင်း တွေ့ရှိခဲ့သည်။ ၁၈၉၈ ခု ဇွန်လတွင် သူတို့သည် ပစ်ချဗလင်း ကတ္တရာမှ ရေဒီယိုသတ္တုရှိသော ဒြပ်စင်တစ်ခု တွေ့ရှိခဲ့လေသည်။ ယင်းကို မာရီသည် သူ၏ဇာတိချက်ကြွေ ပိုလန်ပြည်ကို ဂုဏ်ပြုသောအနေဖြင့် ပိုလိုနီယမ်ဟု မှည့်ခေါ်ခဲ့၏။ ထိုနှစ်တွင်ပင် ဂျီးဗီးမွန် ဆိုသူနှင့်အတူ ရေဒီယမ်ကို တွေ့ရှိပြန်သည်။ သူတို့သည် ပိုလိုနီယမ်နှင့် ရေဒီယမ်တို့ကို ပစ်ချဗလင်းကတ္တရာမှ ပင်ပန်းကြီးစွာ ထုတ်ယူရရှိခဲ့ကြသည်။ ရေဒီယမ်မှာ ယခုအခါ ကင်ဆာနှင့် အခြားရောဂါများကို ကုသရာတွင် အသုံးပြု ရသော ထူးဆန်းသည့်ဒြပ်စင်တစ်ခု ဖြစ်ပေသည်။ ၁၉ဝ၃ ခုနှစ်တွင် အင်္ဂလန်ပြည်တော်ဝင် အသင်းက ကျူးရီဇနီးမောင်နှံတို့အား အကြီးဆုံးသိပ္ပံဂုဏ်ထူး ဖြစ်သော ဒေဗီတံဆိပ်ဖြင့် ချီးမြှင့်ခဲ့သည်။ ထိုနှစ်၌ပင် ရူပဗေဒ ပညာရပ်အတွက် အမ်ဗက္ကရယ်နှင့် တွဲဖက်၍၊ [[နိုဘဲလ်ဆု]]ကို ရရှိခဲ့၏။
 
၁၉ဝ၄ ခုနှစ်တွင် ပီယဲကျူးရီသည် ဆော်ဗွန်းတက္ကသိုလ်၌ ရူပဗေဒပါမောက္ခရာထူးကို ရလေသည်။ သို့ရာတွင် ၁၉ဝ၆ ခု ဧပြီလ ၁၉ ရက်နေ့တွင် ပါမောက္ခပီယဲကျူးရီသည် ပါရီမြို့တော်၌ ကုန်တင်ရထား မတော်တဆ ကြိတ်မိသဖြင့် အနိစ္စ ရောက်သွားလေသည်။