လူဇင်ဘတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီးNo edit summary
စာကြောင်း ၈၁ -
ထရိုင်ယာ (Trier) မှ သူတော်ဇင် မတ်ဇီမင် ဧကရာဇ် ကျောင်းတိုက် (Imperial Abbey of St. Maximin) ဆီကနေ လူစီလင်ဘာဟပ် (Lucilinburhuc) (ရဲတိုက်ငယ်) လို့ ခေါ်တဲ့ ဒေသတစ်ဝိုက်ကို နယ်စား ပထမမြောက် စစ်ဖရိဒ် (Count Siegfried I) အပိုင်စား ရခဲ့သည့် ၉၆၃ ခုနှစ် ကနေပြီးတော့ လပ်ဇမ်ဘာ့ဂ် သမိုင်း စတင်ခဲ့သည်။ နောက်မျိုးဆက်များသည် လက်ထပ်ခြင်း၊ စစ်ပွဲ ဆင်နွှဲခြင်၊ သိမ်းပိုက်ခြင်း တို့ဖြင့် နယ်ပယ် ချဲ့ထွင်ခဲ့သည်။ ၁၃ ရာစု အဆုံးမှာတော့ လပ်ဇမ်ဘာ့ဂ် နယ်စားများသည် နယ်ပယ် အတော်များများကို အုပ်စိုးနေခဲ့ပြီ။ ၁၃၀၈ ခုနှစ်တွင် လက်ဇမ်ဘာ့ဂ် နယ်စား သတ္တမမြောက် ဟန္နရီ (Henri VII, Count of Luxembourg) သည် ဂျာမန်တို့၏ ဘုရင် ဖြစ်လာခဲ့ပြီး၊ ရောမ သာသနာ နိုင်ငံတော်၏ ဧကရာဇ် (Holy Roman Emperor) တစ်ပါး အဖြစ် ရွေးကောက် တင်မြှောက်ခြင်း ခံခဲ့ရသည်။ လပ်ဇမ်ဘာ့ဂ် အိမ်တော်မှ အလယ်ခေတ်တွင် ရောမ သာသနာ နိုင်ငံတော် အတွက် ဧကရာဇ် လေးပါး ထွက်ပေါ်ခဲ့သည်။ ၁၃၅၄ တွင် စတုတၳ မြောက် ချားလ်စ် (Charles IV) ဧကရာဇ်သည် လပ်ဇမ်ဘာ့ဂ်ကို ခရိုင် (count) အဖြစ်မှ စော်ဘွားနယ်မြေ (duke) အဖြစ် အဆင့် တိုးမြှင့်ပေးခဲ့သည်။ စစ်ဂျစ်မွန် (Sigismund) တွင် သားယောက်ျားလေး ဆက်ခံသူ မရှိသောကြောင့် လပ်ဇမ်ဘာ့ဂ် နယ် သည် ဘာဂန်ဒီယန် စက်ဝန်း (Burgundian Circles) ၏ အစိတ်အပိုင်း ဖြစ်လာခဲ့ပြီး၊ ထို့နောက်တွင်တော့ ဟတ်ဘ်စ်ဘာ့ဂ် နယ်သာလန် (Habsburg Netherlands) ၏ ပြည်နယ် ၁၇ခု အနက် တစ်ခု ဖြစ်လာခဲ့သည်။ နှစ်ကြာလာတာနဲ့ အမျှ၊ ပြင်သစ် ဘုရင့် နိုင်ငံတော်နဲ့ ဟတ်ဘ်စ်ဘာ့ဂ် နယ်မြေတွေကြားထဲမှာ မဟာဗျူဟာမြောက် တည်ရှိတဲ့ လက်ဇမ်ဘာ့ဂ် မြို့နဲ့ ခံတပ်ဟာ ဥရောပတိုက်ရဲ့ ဂုဏ်သတင်း ကျော်စော်သည့် ခံတပ် အဆောက်အအုံများ အနက် တစ်ခု ဖြစ်လာခဲ့သည်။ ပြင်သစ်ရဲ့ ဆယ့်လေးဆက်မြောက် လူးဝစ် ဘုရင် (Louis XIV of France) လက်အောက်ရော၊ သြစတြီးယားရဲ့ မာရီယာ သယ်ရရှာ (Maria Theresia of Austria) လက်အောက်မှာပါ ကျရောက်ခဲ့ရသည့် လပ်ဇမ်ဘာ့ဂ်ဟာ တစ်ဖန် ပထမ ပြင်သစ် သမ္မတ နိုင်ငံတော် (First French Republic) လက်အောက်နဲ့ နပိုလီယံ လက်ထက်မှာ ပြင်သစ် ဧကရာဇ် နိုင်ငံတော် လက်အောက်လည်း ကျရောက်ခဲ့ရသည်။
 
ယနေ့ခေတ် လပ်ဇမ်ဘာ့ဂ် နိုင်ငံသည် ၁၈၁၅ ခုနှစ် ဗီယင်နာ ညီလာခံ (Congress, of Vienna) မှ အစပြု ပေါ်ထွန်းလာခဲ့သည်။ မဟာစော်ဘွား နယ်မြေ (Grand Duchy) ကို နယ်သာလန် ၏ ပထမမြောက် ဝီလီယံ (Willaim I of the Netherlands) ဘုရင် ပိုင်ဆိုင်သော နိုင်ငံ တစ်ခု အဖြစ် အသိအမှတ်ပြုကြပြီး၊ ၎င်း နယ်မြေတွင် ပြင်သစ်တို့၏ နောက်ထပ် ကျူးကျော်ခြင်း မခံရအောင် ပရပ်ရှား (Prussia) နိုင်ငံ၏ စစ်စခန်း တစ်ခုကို အခြေစိုက် ထားရှိခဲ့ကြသည်။ ၁၈၃၉ ဘယ်လ်ဂျီယံ တော်လှန်ရေး တွင်တော့ လပ်ဇမ်ဘာ့ဂ် နိုင်ငံ၏ Oïl စကားပြော ဒေသများသည် ဘယ်လ်ဂျီယံ နိုင်ငံထဲသို့ ဖဲ့ပါသွားပြီး၊ (အာရ်လွန် (Arlon) မြို့ ပတ်ချာလည် ဒေသများ အာရ်လာလန်းဒ် (Arelerland) ဧရိယာ မှ လွဲ၍) ကျန် လပ်ဇမ်ဘာ့ဂစ်ရှ် စကားပြော ဒေသများသည် ယနေ့ခေတ် လပ်ဇမ်ဘာ့ဂ် နိုင်ငံ ဖြစ်လာခဲ့သည်။
 
၂၀ ရာစု အစတွင် သံရိုင်းများ ပေါကြွယ်ဝသည့် မြေနီ (Red Land) ဒေသမှ သံမဏိ လုပ်ငန်းများသည် နိုင်ငံ၏ စက်မှုတော်လှန်ရေးကို တွန်းအား ဖြစ်စေခဲ့သည်။ လပ်ဇမ်ဘာ့ဂ် မြို့တော်တွင် အခြေစိုက်သော ကမ်ဘာ့ အကြီးဆုံး သံမဏိ ထုတ်လုပ်သူ အာ့စလာ မစ်တယ် (ArcelorMittal) သည် ထိုခေတ် အခြေအနေများ၏ ပြယုဂ်အဖြစ် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ၁၉၇၀ နောက်ပိုင်း သံမဏိ လုပ်ငန်းများ ဆုတ်ယုတ်ပြီးနောက်တွင် ကမ်ဘာ့ ဘဏ္႑ာရေး ဗဟိုအဖြစ် အာရုံစိုက် ထူထောင်ခဲ့ပြီး၊ ဘဏ်လုပ်ငန်း တို့၏ ဆုံချက်အဖြစ် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ၂၁ ရာစု အစမှ စပြီး၊ လပ်ဇမ်ဘာ့ဂ် တက္ကသိုလ် ကို ထူထောင်ခြင်း နှင့် အာကာသ အစီအစဉ် တစ်ခုကို စတင်ခြင်းတို့ ဖြင့် ဗဟုသုတ စီးပွားရေး (Knowledge Economy) ကို အာရုံစိုက်ပြီး တိုးတက်အောင် လုပ်ခဲ့သည်။ အာကာသ အစီအစဉ်သည် ၂၀၂၀ တွငိ လကမ်ဘာ ပေါ်သို့ လေ့လာရေး စက်ရုပ် လွှတ်တင်နိုင်ရန် မျှော်မှန်းထားသည်။