တမာပင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သဏ္ဍာန် +သဏ္ဌာန်)
No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
စာကြောင်း ၁၆ -
ရုက္ခဗေဒအလိုအားဖြင့် တမာပင်သည် 'မီလီယေစီအီး'မျိုးရင်းတွင် ပါဝင်၍၊ ယင်းကို'အဇက် ဒီရက်ခတာ အင်ဒီကာ'ဟုခေါ်သည်။ မြန်မာများက ယင်းကို သင်္ဘောတမာခါးဟုလည်း ခေါ်ကြသေးသည်။ တမာပင်သည် အမြဲစိမ်းအပင်မျိုးဖြစ်၏။ အမြင့်မှာ ပေ ၅ဝ ရှိ၍၊ အရွက်များနှင့် အုပ်ဆိုင်းဆိုင်းရှိသော အပင်ကြီး တစ်မျိုးဖြစ်သည်။ ရွက်တံတစ်ခုတွင် အစိမ်းရင့်ရောင်ရှိသော အရွက်ကလေးများ ၁ဝ တွဲခန့်ပါရှိသည်။ ယင်းတို့သည် ရွက်လွှဲများ ဖြစ်ကြသည်။ ငှက်မွှေးပုံသဏ္ဌာန်ရှိ၍၊ ခွေးသွားစိတ် ကဲ့သို့ အနားများရှိသည်။ ထိပ်ဖျားချွန်သည်။ တမာပွင့်သည် အဖြူရောင် ဖြစ်သည်။ တမာပွင့်သည် ငယ်၍ ချိုမွှေးသောအနံ့ရှိသည်။ တမာသီးသည် ဆီးသီးကဲ့သို့ အခွံအတွင်း၌ အစေ့တစေ့တည်းရှိသော အသီးမျိုး ဖြစ်သည်။ အရွယ်မှာ ပဲလုံးအကြီးစားခန့်ဖြစ်သည်။ တမာခေါက်သည် မွဲပြာတွင် အဖြူညှင်းပြောက်ထနေသော မွဲပြာတွင် အဖြူညှင်းပြောက်ထနေသော အရောင်အသွေးရှိသည်။ ဒေါင်လိုက်ရွှေ၍ ကျနေသော အစင်းများလည်း ရှိသည်။
တမာပင်သည် သဘာဝအလျောက် ပေါက်ရောက်သည်။ အတော်အသင့်လျင်မြန်စွာ ကြီးပြင်းလာနိုင်သော အပင်မျိုးဖြစ်သည်။ တမာပင်သည် နုံးမြေကို ပိုမိုနှစ်သက်သော်လည်း၊ မည်သည့်မြေမျိုးတွင်မဆို ဖြစ်ထွန်းနိုင်သည်။ ရေငွေ့ကိုလည်း များများမလိုချေ။ ထိုကြောင့်မိုးခေါင်ရေရှားရပ်ဝန်း၌ လမ်းဘေးတွင် စိုက်ပျိုးရန် အသင့်တော်ဆုံးဖြစ်သည်။ တမာပင်ကို စိုက်ပျိုးရန်အကောင်းဆုံးနည်းမှာ ပျိုးခင်းတွင် မျိုးစေ့များကို ပျိုးပြီးလျှင်၊ ပေါက်လာသော အပင်ပေါက်ကလေးများကို အလိုရှိသောနေရာသို့ ရွေ့ပြောင်းစိုက်ပျိုးခြင်းဖြစ်သည်။ မိုးတွင်း၌ မှည့်လာသော မျိုးစေ့များ မြေပေါ်သို့ မကြွေကျမီ စိုက်ပျိုးသင့်သည်။ အဘယ်ကြောင့်ဆိုသော် မျိုးစေ့များသည် လျင်မြန်စွာ ပျက်စီးသွားတတ်ခြင်းကြောင့် ဖြစ်သည်။ မျိုးစေ့များကို ပျိုးသည့်အချိန်သည် မိုးရွာနိုင်သောအချိန်ဖြစ်
လျှင်၊ ရေလောင်းပေးရန်မလိုချေ။ တမာပင်ကို လမ်းဘေးတွင် စိုက်ပျိုးလျှင် တပင်နှင့်တပင်ကိုတစ်ပင်နှင့်တစ်ပင်ကို ပေ ၃ဝ စီ ခြားထားသင့်သည်။
 
တမာပင်ကို မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတွင် အနှံ့အပြားစိုက်ပျိုးကြသည်။ မုံရွာမြို့၊ မန္တလေးမြို့ စသည့်မြန်မာပြည်အညာ​ဒေသတွင် အ​လေ့ကျ​ပေါက်သည်။ မိုးရာသီတွင် တမာပင်​အောက် စိုစွတ်​သော​နေရာများတွင် တမာပင်​ပေါက်ငယ်​လေးများကို ​တွေ့နိုင်သည်။ တမာသားသည် အရောင်တင်ဆေး စွဲလွယ်သဖြင့် အိန္ဒိယနိုင်ငံတွင် ယင်းကို အိမ်ထောင်ပရိဘောဂ ပြုလုပ်ရာ၌ အသုံးပြုကြသည်။ အိန္ဒိယနိုင်ငံတွင် တမာခေါက်ကို စင်ကိုးနားအစား အဖျားပြတ်ဆေး အဖြစ် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် အဖျားပြတ်ဆေးအဖြစ် အသုံးပြုသည်။ မြန်မာနိုင်ငံတွင် တမာပင်ကို ဆေးဖက်ဝင်သဖြင့် စိုက်ပျိုးကြသည်။ တမာခေါက်