အေမီး ဇိုလာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၁ -
[[File:Emile Zola 1902.jpg|thumb|အေမီး ဇိုလာ]]
== ဇိုလာအေမီး (ခရစ် ၁၈၄ဝ-၁၉ဝ၂) ==
ပြင်သစ်စာရေးဆရာကြီး အေမီးဇိုလာ၏ဖခင်မှာ အီတာလျံ လူမျိုး အင်ဂျင်နီယာ ဖရန်ဆွာဖိုလာဖြစ်၍၊ မိခင်မှာ ပြင်သစ်လူမျိုးဖြစ်သည်။ ပါရစ်မြို့၌မွေးဖွား၍၊ မာဆေးမြို့နှင့် ပါရစ်မြို့၌ ပညာသင်ခဲ့၏။ ငယ်ရွယ်စဉ်က အလုပ်အကိုင်အခြေမကျသဖြင့် ဆင်းရဲသည်။ အလုပ်ရှာဖွေနေစဉ်ပင် ဝတ္ထုများကို ရေးခဲ့သည်။ ၁၈၆၄ ခုနှစ်တွင် ပထမဦးဆုံး သူရေးသားသော စာအုပ်ကို ထုတ်ဝေရာ၊ ကောင်းစွာမအောင်မြင်ချေ။ နှစ်နှစ်မျှ စာရေးအလုပ်ဖြင့် အသက်ဝမ်းကျောင်းပြီးလျှင် ထိုအလုပ်ကို စွန့်လွှတ်လိုက်ပြီးသော်၊ စာရေးဆရာလုပ်ရန် ဆုံးဖြတ်လိုက်၏။ နောက်တစ်နှစ်တွင် ဒေါသ၏အကြောင်းကို သရုပ်ဖေါ်၍ ဝတ္ထုတစ်ပုဒ် ရေးသားရာ၊ ထိုဝတ္ထုတအုပ်နှင့်ပင် နာမည်ထင်ရှားလာခဲ့လေသည်။