လူဇင်ဘတ်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီးNo edit summary
စာကြောင်း ၇၅ -
 
 
လပ်ဇမ်ဘာ့ဂ် (တရားဝင် အမည် = လပ်ဇမ်ဘာ့ဂ် မဟာစော်ဘွား နိုင်ငံ (Grand Duchy of Luxembourg) ) သည် ဥရောပတိုက် အနောက်ပိုင်းရှိ ကုန်းတွင်းပိတ် နိုင်ငံငယ် တစ်ခု ဖြစ်သည်။ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဘယ်လ်ဂျီယံ၊ အရှေ့ဘက်တွင် ဂျာမနီ၊ တောင်ဘက်တွင် ပြင်သစ် နိုင်ငံ တို့နှင့် ထိစပ်လျက် ရှိသည်။ ၎င်းမြို့တော် လပ်ဇမ်ဘာ့ဂ် မြို့သည် ဘရပ်ဆဲလ် မြို့နှင့် စထရပ်စ်ဘာ့ဂ် (Strasbourg) မြို့တို့နှင့် အပြိုင် ဥရောပ သမဂ္ဂ၏ မြို့တော် တစ်ခု ဖြစ်သည်။တစ်ခစ်သည်။ EU ၏ အမြင့်ဆုံး တရားစီရင်ပိုင်ခွင့် ရှိသော ဥရောပ တရားရေး ရုံး၏ ရုံးစိုက်ရာ မြို့လည်း ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံ၏ လူမျိုး၊ ယဉ်ကျေးမှု၊ ဘာသာ စကားတို့သည် အိမ်နီးချင်း ပြင်သစ်၊ ဂျာမန် ယဉ်ကျေးမှု များနှင့် ရောနှောလျက် ရှိပြီး၊ ၎င်းအချက်ကို နိုင်ငံတော် ရုံးသုံး ဘာသာစကား ၃ခု ပြဋ္ဌာန်း ထားခြင်းဖြင့် တွေ့မြင်နိုင်သည်။ ပြင်သစ်၊ ဂျာမန် နှင့် အမျိုးသား ဘာသာစကား အဖြစ် လပ်ဇမ်ဘာ့ဂစ်ရှ် (Luxembourgish) တို့ဖြစ်သည်။ လပ်ဇမ်ဘာ့ဂစ်ရှ် ကို တစ်ခါတစ်ရံ ဂျာမန် ဘာသာစကား၏ ဒေသိယ စကားတစ်ခု အနေဖြင့်လည်း သတ်မှတ်ကြသည်။ ဂျာမနီ၏ ထပ်ခါတလဲလဲ ကျုးကျော်ခံရခြင်း၊ အထူးသဖြင့် ဒုတိယ ကမ်ဘာစစ် အတွင်း အဖြစ်အပျက်များက လက်ဇမ်ဘာ့ဂ် နိုင်ငံသားများ အတွက် ပြင်သစ်နှင့် ဂျာမနီကြား မည်သည့် ဘက်မှ မပါလိုပဲ သီးခြား လွပ်လပ်သည့် နိုင်ငံ ထူထောင် လိုစိတ်ကို ပိုမို ကြီးထွားလာစေခဲ့သည်။ ထိုအချက်ကပင် ဥရောပ သမဂ္ဂ ထူထောင်ခြင်း၏ အချက်တစ်ချက် ဖြစ်လာခဲ့သည်။
 
စတုရန်း ကီလိုမီတာ ၂,၅၈၆ (စတုရန်း မိုင် ၉၉၈) သာ ရှိပြီး၊ ဥရောပတိုက်၏ အသေးဆုံး အချုပ်အခြာ အာဏာပိုင် နိုင်ငံ တစ်ခု ဖြစ်သည်။ ၂၀၁၆ တွင် လူဦးရေ ၅၇၆,၂၄၉ ယောက် ရှိပြီး၊ ဥရောပတိုက်၏ လူဦးရေ အနည်းဆုံး နိုင်ငံ ဖြစ်သည်။ သို့သော်လည်း လူဦးရေ တိုးပွားနှုန်းမှာမူ မြင့်မားသည့် အနေအထား တွင် ရှိသည်။ နိုင်ငံခြားသား အရေအတွက်သည် နိုင်ငံ လူဦးရေ၏ တစ်ဝက်နီးပါး အထိ ရှိသည်။ စည်းမျဉ်းခံ ဘုရင်စနစ် နှင့် ကိုယ်စားပြု ဒီမိုကရေစီ နိုင်ငံ တစ်ခု ဖြစ်သည်နှင့် အညီ နိုင်ငံကို မဟာစော်ဘွား ဟန္နရီ (Grand Duke Henri) က အုပ်ချုပ်ပြီး၊ ကမ်ဘာပေါ်ရှိ တစ်ခုတည်းသော မဟာစော်ဘွား နိုင်ငံ (Grand Duchy) ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံသည် ဖွံ့ဖြိုးပြီး နိုင်ငံ တစ်ခု ဖြစ်ပြီး၊ တိုးတက်သော စီးပွားရေးနှင့် ကမ်ဘာပေါ်ရှိ တစ်ဦးချင်း GDP အမြင့်မားဆုံး နိုင်ငံ တစ်ခု လည်း ဖြစ်သည်။ ရပ်ကွက် ဟောင်းများနှင့် ခံတပ် ဟောင်းများ ပါဝင်သော လပ်ဇမ်ဘာ့ဂ် မြို့တော်ကို ၁၉၉၄ တွင် ယူနက်စကို ကမ်ဘာ့ အမွေအနှစ် တည်နေရာ အဖြစ် ကြေငြာခဲ့သည်။
စာကြောင်း ၈၅ -
၂၀ ရာစု အစတွင် သံရိုင်းများ ပေါကြွယ်ဝသည့် မြေနီ (Red Land) ဒေသမှ သံမဏိ လုပ်ငန်းများသည် နိုင်ငံ၏ စက်မှုတော်လှန်ရေးကို တွန်းအား ဖြစ်စေခဲ့သည်။ လပ်ဇမ်ဘာ့ဂ် မြို့တော်တွင် အခြေစိုက်သော ကမ်ဘာ့ အကြီးဆုံး သံမဏိ ထုတ်လုပ်သူ အာ့စလာ မစ်တယ် (ArcelorMittal) သည် ထိုခေတ် အခြေအနေများ၏ ပြယုဂ်အဖြစ် ယနေ့တိုင် တွေ့မြင်နိုင်သေးသည်။ ၁၉၇၀ နောက်ပိုင်း သံမဏိ လုပ်ငန်းများ ဆုတ်ယုတ်ပြီးနောက်တွင် ကမ်ဘာ့ ဘဏ္႑ာရေး ဗဟိုအဖြစ် အာရုံစိုက် ထူထောင်ခဲ့ပြီး၊ ဘဏ်လုပ်ငန်း တို့၏ ဆုံချက်အဖြစ် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ၂၁ ရာစု အစမှ စပြီး၊ လပ်ဇမ်ဘာ့ဂ် တက္ကသိုလ် ကို ထူထောင်ခြင်း နှင့် အာကာသ အစီအစဉ် တစ်ခုကို စတင်ခြင်းတို့ ဖြင့် ဗဟုသုတ စီးပွားရေး (Knowledge Economy) ကို အာရုံစိုက်ပြီး တိုးတက်အောင် လုပ်ခဲ့သည်။ အာကာသ အစီအစဉ်သည် ၂၀၂၀ တွငိ လကမ်ဘာ ပေါ်သို့ လေ့လာရေး စက်ရုပ် လွှတ်တင်နိုင်ရန် မျှော်မှန်းထားသည်။
 
လပ်ဇမ်ဘာ့ဂ် သည် ဥရောပ သမဂ္ဂ၊ OECD၊ ကုလ သမဂ္ဂ၊ NATO နှင့် ဘယ်နယ်လပ်စ် (Benelux) အဖွဲ့များ၏ ထူထောင်သူ နိုင်ငံများ အနက် တစ်ခု ဖြစ်သည်။ နိုင်ငံ၏ မြို့တော်နှင့် အကြီးဆုံး မြို့ဖြစ်သော လပ်ဇမ်ဘာ့ဂ် မြို့သည် ဥရောပ သမဂ္ဂ၏ လက်အောက်ခံ အဖွဲ့အစည်းများ နှင့် ကိုယ်စားလှယ် အဖွဲ့များ၏ ရုံးစိုက်ရာ ဖြစ်သည်။ လပ်ဇမ်ဘာ့ဂ် နိုင်ငံ့ သမိုင်းတွင် ပထမဆုံး အဖြစ် ၂၀၁၃ နှင့် ၂၀၁၄ တွင် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ၌ တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ တွင် လပ်ဇမ်ဘာ့ဂ် နိုင်ငံသားများသည် နိုင်ငံ ၁၇၂ နိုင်ငံနှင့် ဗီဇာ ကင်းလွတ်ခွင့် သို့မဟုတ် ဆိုက်ရောက် ဗီဇာ ထုတ်ယူပိုင်ခွင့် များ ရရှိထားသည်။ ထို အခြေအနေကြောင့် လပ်ဇမ်ဘာ့ဂ် နိုင်ငံကူး လက်မှတ် (ပတ်စပို့) သည် ကနေဒါ နှင့် ဆွစ်ဇာလန် နိုင်ငံများ နှင့် အတူ ကမ်ဘာ့ အဆင့် ၁၅ ၌ ရပ်တည်နေသည်။
 
== ကိုးကား ==